ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် (၂၉) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 04, 2026
image_latest


နေပြည်တော် မေ ၃

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဥဇဘက်ကစ္စတန်နိုင်ငံ Samarkand မြို့တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့ Virtual စနစ်ဖြင့် တက်ရောက်သည်။

နံနက်ပိုင်းတွင် ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာအမြင်ချင်းဖလှယ်မှု (Fiscal Exchange) အစီအစဉ်၌ အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံး (ASEAN+3 Macroeconomic Research Office – AMRO) မှ ကိုယ်စားလှယ်က ရသုံးမှန်းခြေဆိုင်ရာစီမံခန့်ခွဲမှုနှင့် လူဦးရေပြောင်းလဲမှုများနှင့် စပ်လျဉ်း၍ အခွန်ရငွေစီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး အာဆီယံ+၃ နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများက အကြံပြုဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ရသုံးမှန်းခြေ ငွေစာရင်းရေးဆွဲခြင်းကို နှစ်လတ်ဘဏ္ဍာရေးမူဘောင် (Medium Term Fiscal Framework – MTFF) ကို အခြေခံ၍ ရေးဆွဲထားပြီး ပြည်သူ့ရေးရာမူဝါဒများနှင့် သင့်လျော်သောစီမံကိန်းများကို ညှိနှိုင်းရေးဆွဲထားခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများအကြားရှိ ဘဏ္ဍာရေးချိတ်ဆက်မှုနှင့် ဘတ်ဂျက်ခွဲဝေမှုများကိုလည်း MTFF မှတစ်ဆင့် မူဝါဒအခြေခံသည့် ဘတ်ဂျက်နှင့် စည်းမျဉ်းအပေါ် အခြေခံသည့်ဘတ်ဂျက်တို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဘဏ္ဍာရေးဆောင်ရွက်ချက်များကို ဆွေးနွေးပြောကြားသည်။ လူဦးရေပြောင်းလဲမှုများနှင့် အခွန်ရငွေစီမံခန့်ခွဲမှုတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၆၄ နှစ်အတွင်းရှိလူဦးရေမှာ ၆၆ ဒသမ ၉ ရာခိုင်နှုန်းရှိနေသည့်အတွက် အခွန်ရငွေတိုးတက်ရရှိရေးအခွင့်အလမ်းဖြစ်ပြီး ထိုအခွင့်အရေးကို အောင်မြင်စွာအသုံးချနိုင်ရန် နိုင်ငံတော်၏ အခွန်တိုးတက်ကောက်ခံရရှိရေးအတွက် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ လတ်တလောတွင် အခွန်နှုန်းထားများကို တိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်နိုင်ရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

မွန်းလွဲပိုင်းတွင် ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၌ စီးပွားရေးသုံးသပ်မှုနှင့် မူဝါဒဆိုင်ရာတို့နှင့် စပ်လျဉ်း၍ အာရှဖွံ့ဖြိုးရေးဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံးတို့မှ ကိုယ်စားလှယ်များက ကမ္ဘာနှင့်ဒေသဆိုင်ရာ စီးပွားရေးသုံးသပ်မှုများကို ရှင်းလင်းတင်ပြကြရာ အာဆီယံ+၃ နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက အကြံပြုဆွေးနွေးကြသည်။

ဆက်လက်၍ အာဆီယံ+၃ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရေးအစီအစဉ်ကို ကျင်းပရာ အာဆီယံ+၃ မဟာဗျူဟာလမ်းညွှန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များ၊ ချင်းမိုင်အစီအစဉ်တွင် နိုင်ငံစုံပါဝင်လာရေးအစီအစဉ်အပါအဝင် ဒေသတွင်း ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာလာစေရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံးမှ ဆောင်ရွက်နေမှုအခြေအနေများ၊ အာရှငွေချေးစာချုပ်ဈေးကွက်အစီအစဉ် အကောင်အထည်ဖော်မှုအခြေအနေများ၊ သဘာဝဘေးအန္တရာယ်များကြောင့် ဆုံးရှုံးနိုင်ခြေရှိမှုများနှင့်စပ်လျဉ်း၍ ဘဏ္ဍာငွေဖြည့်ဆည်း ပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ အရှေ့တောင်အာရှသဘာဝဘေးအန္တရာယ်ဆိုင်ရာ အာမခံပံ့ပိုးပေးမှုအစီအစဉ်များကို အာရှဖွံ့ဖြိုးရေးဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့နှင့် အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံးတို့မှ ကိုယ်စားလှယ်များက ရှင်းလင်းတင်ပြကြရာ အာဆီယံ+၃ နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက အကြံပြုဆွေးနွေးကြသည်။

ထို့နောက် (၂၉) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးပူးတွဲကြေညာချက်ကို အပြီးသတ်ဆွေးနွေးအတည်ပြုကြပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းသည်။

(၂၉) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို ဥဇဘက်ကစ္စတန်နိုင်ငံ Samarkand မြို့တွင် မေ ၃ ရက်မှ ၆ ရက်အထိကျင်းပလျက်ရှိသည့် (၅၉) ကြိမ်မြောက် အာရှဖွံ့ဖြိုးရေးဘဏ်နှစ်ပတ်လည်အစည်းအဝေးကာလအတွင်း ကျင်းပခြင်းဖြစ်ပြီး အစည်းအဝေးသို့ အပေါင်းသုံးနိုင်ငံများဖြစ်ကြသည့် ကိုရီးယားသမ္မတနိုင်ငံမှ ဒုတိယဝန်ကြီးချုပ် Mr. Yuncheol Koo ၊ ဂျပန်နိုင်ငံမှ ဘဏ္ဍာရေးဝန်ကြီး Ms. Satsuki Katayama နှင့် တရုတ်နိုင်ငံမှ လက်ထောက်ဘဏ္ဍာရေးဝန်ကြီး Ms. Junhong Chang ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ Mr. Masato Kanda ၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ Deputy Managing Director Mr. Kenji Okamura နှင့် အာဆီယံ+၃ မေခရိုစီးပွား ရေးသုတေသနရုံးမှ Director/ CEO Mr. Yasuto Watanabe တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၅၁၅ ခု

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download