ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 07, 2026
(၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်)
ချစ်ခင်လေးစားအပ်ပါသော ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါ။
ယနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ နေ့ထူးနေ့မြတ်အခါသမယ၌ ရှမ်းပြည်နယ်နှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်းနှင့် အေးချမ်းသာယာကြပါစေကြောင်း ဆုမွန်ကောင်းတောင်း လျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
ရှမ်းပြည်နယ်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးအနက် ဧရိယာအကျယ်ပြန့်ဆုံးဖြစ်ပြီး တိုင်းရင်းသားမျိုးနွယ်စုအများဆုံး မှီတင်းနေထိုင်လျက်ရှိသည့် ပြည်နယ်ကြီးလည်းဖြစ်ပါသည်။ ရှမ်းပြည်နယ်သည် မိမိတို့နိုင်ငံ၏ အရှေ့ဘက်တောင်တန်းဒေသများဖြစ်ပြီး ဧရိယာစတုရန်းမိုင်ပေါင်း ခြောက်သောင်းကျော် ကျယ်ဝန်းကာ တစ်ဖက်နိုင်ငံများနှင့်လည်း ဆက်စပ်နေသဖြင့် နိုင်ငံအတွက် အရေးပါသည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။
ရှမ်းပြည်နယ်အတွင်း ရှမ်း၊ ပအိုဝ်း၊ ပလောင်၊ ဓနု၊ အင်းသား၊ တောင်ရိုး၊ “ဝ”၊ ဓနော့၊ ကိုးကန့်၊ လားဟူ၊ ယင်းနက်၊ ယင်းကြား၊ မြောင်ဇီး၊ အာခါစသည့် ရှမ်းမျိုးနွယ် စုများနှင့်အတူ ကချင်၊ ကယား၊ လီဆူးစသည့် တိုင်းရင်းသားများသည်လည်း ကာလကြာရှည်စွာ အတူယှဉ်တွဲစုပေါင်းနေထိုင်လာခဲ့ကြသည်မှာ သမိုင်းအထောက်အထားများက သက်သေခံလျက်ရှိပေသည်။
ရှမ်းပြည်နယ်သည် သဘာဝရာသီဥတု သင့်တင့်ကောင်းမွန်ပြီး ခရီးသွားတောင်ပေါ်အပန်းဖြေမြို့များ တည်ရှိလျက်ရှိသော သာယာလှပသည့် ပြည်နယ်ကြီးတစ်ခုဖြစ်ပါသည်။ ထို့ပြင် ကျောက်ခေတ် ယဉ်ကျေးမှုများဖြစ်သည့် ပြဒါးလင်းဂူ၊ လွယ်ဝန်းဂူနှင့် ထုံးကျောက်ဂူများ အများအပြားနှင့် သဘာဝအင်းအိုင်များ၊ သမိုင်းရှည်ကြာသော မြို့ပြယဉ်ကျေးမှုထွန်းကားခဲ့သည့် အမွေအနှစ်များနှင့်အတူ တိုင်းရင်းသားမျိုးနွယ်စုများ၏ ယဉ်ကျေးမှုဓလေ့စရိုက်များစုံလင်စွာနှင့် သဘာဝသယံဇာတများ ပေါကြွယ်ဝလျက် အဘက်ဘက်မှ သာယာပြည့်စုံသည့် ပြည်နယ်တစ်ခုလည်း ဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ရှေးနှစ်ပေါင်းများစွာကပင် ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် တိုင်းရင်းသားများ အတူတကွလက်တွဲနေထိုင်ခဲ့ကြပြီး ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေများ ထွန်းကားခဲ့ကာ ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာဖြင့် ရပ်တည်လာခဲ့သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်ပါသည်။ သို့ရာတွင် နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို ကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲ၍ မတရားတိုက်ခိုက်သိမ်းယူခဲ့ခြင်းကြောင့် ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝ ကျရောက်ခဲ့ရပါသည်။
နယ်ချဲ့ဗြိတိသျှတို့၏ မတရားကျူးကျော်တိုက်ခိုက်မှုနှင့် လွတ်လပ်ရေးပြန်လည်ရရှိရန် ကြိုးပမ်းခဲ့ကြရာတွင် ရှမ်းစော်ဘွားများနှင့် ရှမ်းတိုင်းရင်းသားတို့သည် ပြည်ထောင်စုဖွား တိုင်းရင်းသားများနှင့်အတူ ရွပ်ရွပ်ချွံချွံပူးပေါင်းတွန်းလှန်ခဲ့ကြပါသည်။ နိုင်ငံ၏အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ဥမကွဲသိုက်မပျက်၊ တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် လက်တွဲခဲ့ကြသည့် အစဉ်အလာသည် ရှမ်းပြည်နယ်နှင့် ရှမ်းတိုင်းရင်းသားတို့အတွက် လေးစားဂုဏ်ယူ ဖွယ်ရာဖြစ်ပါသည်။
လွတ်လပ်ရေးကြိုးပမ်းမှုကာလတစ်လျှောက် စစ်မှန်သော လွတ်လပ်ရေး လုံးဝမရရှိမချင်း တိုက်ပွဲပေါင်းစုံဆင်နွှဲနေကြမည်ဟူသော တိုင်းရင်းသားအားလုံး၏ ရင်တွင်းတွင် ကိန်းအောင်းနေသည့် အပြင်းထန်ဆုံးနှင့် အခိုင်မာဆုံးသော သန္နိဋ္ဌာန်ကြီးအတွက် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်ကြိုးပမ်းကြရာတွင် ရှမ်းပြည်နယ်မှ တိုင်းရင်းသားခေါင်းဆောင်များသည် တညီတညွတ်တည်း စည်းလုံးညီညွတ်စွာ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။
မြန်မာပြည်မ၌ “ဖဆပလ” အဖွဲ့ချုပ်ကြီးဦးဆောင်၍ လွတ်လပ်ရေးအတွက် အပြင်းအထန်ကြိုးပမ်းတိုက်ပွဲဝင်ချိန်တွင် ရှမ်းပြည်နယ်၌ ရှမ်းတိုင်းရင်းသား မျိုးချစ်လူကြီးလူငယ်များကလည်း မျိုးချစ်စိတ်ဓာတ်အပြည့်အဝဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲများတွင် ပါဝင်လှုပ်ရှားခဲ့ကြပါသည်။
၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားသည့်အချိန်ကာလတွင် ဖက်ဆစ်ဂျပန်တို့က ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးကို သိမ်းပိုက်အုပ်ချုပ်ခဲ့ကြပြန်ပါသည်။ နယ်ချဲ့ဗြိတိသျှကို မောင်းထုတ်နိုင်ခဲ့သော်လည်း နောက်ရောက်လာသည့် ဖက်ဆစ်ဂျပန်တို့သည် တိုင်းပြည်နှင့် လူမျိုးအပေါ် ရက်စက်စွာနှိပ်စက်ခဲ့ကြပါသည်။ ထို့ကြောင့် အမျိုးသားခေါင်းဆောင်ကြီးများနှင့် တိုင်းရင်းသားအားလုံးသည် ဖက်ဆစ်ဂျပန်တို့ကို တညီတညွတ်တည်း ပါဝင်လှုပ်ရှားတိုက်ပွဲဝင်ခဲ့ကြရာ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်ဂျပန်တို့အား မြန်မာ့မြေပေါ်မှ အပြီးတိုင်မောင်းထုတ်နိုင်ခဲ့ကြပါသည်။
သို့ရာတွင် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီးနောက် အင်္ဂလိပ်နယ်ချဲ့တို့ တစ်ကျော့ပြန် ဝင်ရောက်လာခဲ့ပြီး တောင်တန်းနှင့် ပြည်မ ကိုခွဲခြားကာ ရှမ်းပြည်နယ်တစ်ဝန်းလုံးကို ယခင်ရှိခဲ့သော ပဒေသရာဇ်စနစ်ဟောင်းအတိုင်း စော်ဘွား၊ မြို့စား၊ ငွေခွန်မှူးစသည့် အကြီးအကဲများအား ဆက်လက်ထားရှိပြီး သွေးခွဲအုပ်ချုပ်ခဲ့ပါသည်။ ထို့အပြင် ဗြိတိသျှတို့သည် စစ်အတွင်းကရေးဆွဲခဲ့သော စက္ကူဖြူစာတမ်းအတိုင်း မြန်မာပြည်အား မဖြစ်မနေလွတ်လပ်ရေးပေးရလျှင်သော်မှ တောင်တန်းဒေသများကို ချန်လှပ်ပြီး ဆက်လက်သွေးခွဲအုပ်ချုပ်ရန် ကြိုးစားခဲ့ကြပြန်ပါသည်။
ဤသို့ဖြင့် ဗြိတိသျှတို့၏ ဖိနှိပ်ချုပ်ချယ်သွေးစုပ်မှုများနှင့် တောင်တန်း ပြည်မခွဲခြားမှုများကို တိုင်းရင်းသားအားလုံး၏ ညီညွတ်မှုအင်အားဖြင့် တောင်းဆိုတိုက်ပွဲဝင်မှုကြောင့် ဗြိတိသျှတို့သည် ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား လန်ဒန်သို့ဖိတ်ခေါ်၍ မြန်မာနိုင်ငံ၏ အနာဂတ်အရေးကို ဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးသည့်အခါ ရှမ်းပြည်နယ်အပါအဝင် တောင်တန်းဒေသအားလုံးကိုပါ တစ်ပြိုင် တည်းလွတ်လပ်ရေးပေးရန် ဗိုလ်ချုပ်အောင်ဆန်းက တောင်းဆိုခဲ့ပါသည်။ ရှမ်းပဒေသရာဇ်ကောင်စီ၏ အမှုဆောင်ကောင်စီက ဗိုလ်ချုပ်အောင်ဆန်းသည် စော်ဘွားများ၏ ကိုယ်စားလှယ်မဟုတ် ကြောင်း ကန့်ကွက်ခဲ့သဖြင့် ရှမ်းပြည် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်မှ ခေါင်းဆောင်များက တောင်ကြီးမြို့၌ လူထုအစည်းအဝေးကြီး ကျင်းပကာ ဆုံးဖြတ်ချက်များချမှတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းသည် တောင်တန်းသားများအတွက် ကိုယ်စားလှယ်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းကို အပြည့်အဝထောက်ခံကြောင်း ကြေးနန်းပေးပို့လိုက်မှသာလျှင် အောင်ဆန်း-အက်တလီစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့မှ (၆) ရက်နေ့အထိ ကောင်စီအမှုဆောင်အဖွဲ့ဝင်စော်ဘွားများနှင့် ရှမ်းပြည်လူထုကိုယ်စား လှယ်များပါဝင်သည့် ဆွေးနွေးပွဲကို စတင်ကျင်းပခဲ့ပြီး ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ်များက ဆပ်ကော်မတီဖွဲ့စည်းကာ ပြည်မနှင့်အတူ လွတ်လပ်ရေးရယူရန် ဆွေးနွေးဆုံးဖြတ်ချက်များကို သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ ထိုကဲ့သို့ ရှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ကချင်၊ ချင်းတိုင်းရင်းသားခေါင်းဆောင်များသည် ပြည်မနှင့်အတူ ပူးပေါင်း၍ လွတ်လပ်ရေးအရယူမည့် သဘောတူဆုံးဖြတ်ချက်များကို ဆုံးဖြတ်ချမှတ်နိုင်ခဲ့သည့် ဖေဖော်ဝါရီလ (၇) ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ကျင်းပပြုလုပ်လာခဲ့သည်မှာ (၇၉) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။
လေးစားချစ်ခင်ရပါသော တိုင်းရင်းသားပြည်သူများ ခင်ဗျား
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် တိုင်းရင်းသားများ၏ ညီညွတ်မှုစွမ်းအားကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ခံ့ညားထည်ဝါစွာ ပြန်လည်ရပ်တည်နိုင်ခဲ့ပါသည်။ သို့သော်လည်း နယ်ချဲ့ဗြိတိသျှတို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် ပေါ်ပေါက်ခဲ့ရသည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအမွေဆိုးများသည် ယနေ့တိုင် ချုပ်ငြိမ်းမှုမရှိဘဲ လူမျိုးစွဲ၊ ဝါဒစွဲများဖြင့် ကျဉ်းမြောင်းသည့် နိုင်ငံရေး အမြင်၊ လူမျိုးရေးအမြင်၊ ကိုယ်ကျိုးအတ္တလွန်ကဲမှုများနှင့်အတူ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် နိုင်ငံနှင့် ပြည်သူများ ဆင်းရဲဒုက္ခများ ကြုံတွေ့နေရဆဲဖြစ်ပါသည်။
သို့ဖြစ်ရာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အသက်တမျှအရေးကြီးသည့်အပြင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသောမောင်းနှင်အားတစ်ရပ်ဖြစ်သည့်အားလျော်စွာ တိုင်းရင်းသားညီအစ်ကိုများအကြား သံသယများဖယ်ရှားကာ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ယုံကြည်မှုတည်ဆောက်ပြီး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။
နိုင်ငံတော်အနေဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံး အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အချိန်တိုကာလအတွင်း အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ရသကဲ့သို့ ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများ၊ ဆူပူအကြမ်းဖက်မှုများနှင့် သဘာဝဘေးဖြစ်ပွားမှု တို့ကြောင့် ကြုံတွေ့လာရသည့် ထိခိုက်ပျက်စီးမှုများကိုလည်း ငွေကြေးဘီလီယံပေါင်းများစွာကျခံပြီး ပြန်လည်တည်ဆောက်ပေးလျက်ရှိပါသည်။ ဤကဲ့သို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အစိုးရရုံးဌာနအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများ၊ ဘာသာရေးအဆောက်အအုံများနှင့် စေတီပုထိုးများ၊ ဆေးရုံများ၊ ကျောင်းများနှင့် ဒေသခံပြည်သူများ၏ နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ငွေကျပ် ၁၄၇ ဘီလီယံကျော် ခွဲဝေချထားကာ သက်ဆိုင်ရာဌာနများမှ ကျွမ်းကျင်ပညာရှင်များ ဦးဆောင်စေလျက် ဆောင်ရွက်ပေးလျက်ရှိပါသည်။
မိမိတို့နိုင်ငံသည် ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ထားသည့် နိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အဓိကကျပါသည်။ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်စေရန်အတွက် အရေးကြီးဆုံးနှင့် အလိုအပ်ဆုံးမှာ ပြည်ထောင်စု၏ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ ပြည်ထောင်စုဖွားတိုင်းရင်းသားဖြစ်သည်ဟူသည့် ပြည်ထောင်စုစိတ်ဓာတ်မွေးမြူကြရေးပင် ဖြစ်ပါသည်။
တိုင်းပြည်တစ်ခုဖြစ်စေ၊ လူမျိုးတစ်မျိုးဖြစ်စေ ကောင်းစွာရှင်သန် ရပ်တည်နေနိုင်ရန်အတွက် မိမိကိုယ်ကို ခုခံကာကွယ်နိုင်စွမ်းနှင့် မိမိတို့၏ လုပ်ကိုင်ဆောင်ရွက်နိုင်မှုများကို မြှင့်တင်နေကြရမည်ဖြစ်ပါသည်။ နိုင်ငံနှင့် လူမျိုးတို့ ထာဝရတည်တံ့ခိုင်မြဲရေးကို ကိုယ်စွမ်း ကိုယ်စနှင့် စည်းလုံးညီညွတ်သော စွမ်းအားတို့ဖြင့် ထိန်းသိမ်းမှုမပြုနိုင်လျှင် နိုင်ငံ၏အချုပ်အခြာအာဏာအားနည်းပြီး သူတစ်ပါးလက်အောက်ခံဘဝသို့ ကျရောက်နိုင်သည်ကိုလည်း သတိပြုစေလိုပါသည်။ လွတ်လပ်သည့်နိုင်ငံအဖြစ် တည်တံ့ခိုင်မြဲနေစေရန်၊ သူတစ်ပါးလက်အောက်ခံမဖြစ်စေရန် မိမိတို့အားလုံး စည်းလုံးညီညွတ်ကြရမည်ဖြစ်ပါသည်။ နိုင်ငံတော်အပေါ် ဘေးအန္တရာယ်ကျရောက်လာလျှင်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသည့် တပ်မတော်နှင့်ပြည်သူတို့ ခိုင်မြဲစွာ လက်တွဲပြီး တိုင်းပြည်ချစ်စိတ်၊ ရဲစွမ်းသတ္တိနှင့် စုပေါင်းစွမ်းအားဖြင့် နိုင်ငံတော်အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် တွန်းလှန်ကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်ပါသည်။ တိုင်းရင်းသားညီအစ်ကိုများအကြား လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကဲ့သို့ စည်းလုံးညီညွတ်မှုမျိုး၊ နားလည်ယုံကြည်မှုပုံစံမျိုးတို့ကို ပြန်လည်ရရှိအောင် တည်ဆောက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အမြန်ဆုံးပြသနိုင်ရန် ဝိုင်းဝန်းကြိုးစားသွားကြရမည် ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အာဏာရပါတီ၏ မဲမသမာမှုများဖြင့် နိုင်ငံတော်အာဏာကို မတရားရယူခြင်းမှ ကာကွယ်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်အာဏာကို မလွှဲမရှောင်သာ ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ယခုအခါ ပြည်သူများလိုလားသည့် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်ရန်အတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ကိုလည်း ကျင်းပပေးခဲ့ပြီးဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ပေါက်လာသည့် အစိုးရထံသို့ နိုင်ငံတော်အာဏာကို စနစ်တကျလွှဲပြောင်းပေးအပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
မိမိတို့တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပြည်တွင်း ပြည်ပ ပယောဂများနှင့် သွေးထိုးမြှောက်ပင့်မှုများကြောင့် နိုင်ငံနှင့်တစ်ဝန်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ ၎င်းမတည်ငြိမ်မှုများကို အခွင့်ကောင်းယူ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ကလည်း အကြမ်းဖက်အဖွဲ့များအား စည်းရုံးသိမ်းသွင်း၍ နိုင်ငံတည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်လာခဲ့ကြပါသည်။ မိမိတို့ တပ်မတော်နှင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေးအတွက် အသက်သွေးချွေးမြောက်မြားစွာ ပေးဆပ်ရင်းနှီး၍ ကာကွယ်စောင့်ရှောက်ခဲ့ရပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများဖြင့် တည်ငြိမ်အေးချမ်းသည့် မူလအခြေအနေရောက်အောင် ပြန်လည်ကြိုးစားလျက်ရှိပါသည်။ သို့ဖြစ်ရာ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံ၏ ပကတိလိုအပ်ချက်ကို သိရှိနားလည်ပြီး လက်နက်ကိုင်လမ်းစဉ်နှင့် ဆူပူအကြမ်းဖက်မှုများ ကိုစွန့်လွှတ်ကာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲစကားဝိုင်းသို့ လာရောက်ကြရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်ပေးကြရန်ကိုလည်း ဖိတ်ခေါ်အပ်ပါသည်။ ထို့ပြင် ပြည်နယ်အတွင်း ဖြစ်ပွားနေသော မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးမှုများ၊ အွန်လိုင်း လောင်းကစားလိမ်လည်မှုများနှင့် တရားမဝင်ကုန်သွယ်မှု စသည့် နိုင်ငံနှင့် ပြည်သူ၏ ဂုဏ်သိက္ခာကို ကျဆင်းစေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ပျက်စီးစေသည့် လုပ်ဆောင်နေမှုများ ပပျောက်စေရေးကိုလည်း အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းအပ် ပါသည်။
သို့ဖြစ်၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှ အခွင့်အရေးရရှိခြင်းဟူသည့် အနှစ်သာရများဖြင့် ပြည့်ဝသောဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ကို အရင်းခံကာ နိုင်ငံနှင့် လူမျိုးကောင်းကျိုးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းလက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါသည်။
နိဂုံးချုပ်အနေဖြင့် အေးချမ်းသာယာသော ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ကို အုတ်မြစ်ချပေးနိုင်ခဲ့သည့် “ရှမ်းပြည်နယ်နေ့” အခါသမယတွင် ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားမိဘ ပြည်သူညီအစ်ကို မောင်နှမများအားလုံးအနေဖြင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကိုတည်ဆောက်ရာတွင် နိုင်ငံတော်၊ တပ်မတော်၊ တိုင်းရင်းသားပြည်သူအားလုံးတို့နှင့်အတူ လက်တွဲ ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းလျက် ဤသဝဏ်လွှာပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
ယာယီသမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်
သတင်းစာများ - ၃၄၃၄ ခု
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 03, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 01, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 30, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 29, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
