ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ပဉ္စမနေ့တွင် ဒေသခံပြည်သူများ လာရောက်ကြည့်ရှုလေ့လာ
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ပဉ္စမနေ့တွင် ဒေသခံပြည်သူများ လာရောက်ကြည့်ရှုလေ့လာ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 13, 2026
နေပြည်တော် ဖေဖော်ဝါရီ ၁၂
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့်MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို နေပြည်တော်ရင်ပြင်၌ ကျင်းပလျက်ရှိပြီး ယနေ့ပြပွဲ ပဉ္စမနေ့တွင် ဒေသခံပြည်သူအများအပြား လာရောက်ကြည့်ရှုလေ့လာကြသည်။
MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်သို့ လာရောက်ကြည့်ရှုလေ့လာကြသည့် ပြည်သူများက MSME ထုတ်ကုန်များနှင့် တိုင်းရင်းသားရိုးရာအမှတ်တရပစ္စည်းများ၊ ရိုးရာဝတ်စုံများကို စိတ်ဝင်တစားကြည့်ရှုအားပေးဝယ်ယူကြသည့်အပြင် သန့်ရှင်းလတ်ဆတ်စွာ ရောင်းချပေးလျက်ရှိသည့် တိုင်းရင်းသားရိုးရာအစားအသောက်များကိုလည်း နှစ်ခြိုက်စွာ ဝယ်ယူစားသုံးကြကြောင်း သိရသည်။
ပြပွဲတွင် ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် MSME ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာရောင်းချသည့် ဆိုင်ခန်းများ၊ လုပ်ငန်း/ စီးပွားချိတ်ဆက်မှုများ (Business Matching)၊ နည်းပညာပြခန်းများ၊ လယ်ယာသုံးစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ၊ Solar Farm များ၊ SKD ဦးစားပေး EV ကား၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်ပြခန်းများ၊ CMP အထည်ချုပ်ပြခန်းများ ပါဝင်ပြသလျက်ရှိသည်။
ပြခန်းအလိုက် တာဝန်ရှိသူများက စိတ်ဝင်တစားလာရောက်လေ့လာကြည့်ရှုသူများအား ပြသထားသည့် ထုတ်ကုန်များနှင့် သက်ဆိုင်သော အချက်အလက်များ၊ ဒေသထွက်ကုန်ကြမ်းများကို အခြေခံထားအသုံးပြုမှုများ၊ ထုတ်လုပ်မှုဆိုင်ရာ နည်းပညာများကို ရှင်းလင်းဆွေးနွေးပေးလျက်ရှိသည့်အပြင် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ယခုအခါ ပြပွဲသို့ စိတ်ဝင်တစားလာရောက်ကြည့်ရှုသူများနှင့် ထုတ်ကုန်များ ဝယ်ယူမှုများပြားနေခြင်းတို့ကြောင့်လည်းကောင်း၊ ရုံးပိတ်ရက်များနှင့် တိုက်ဆိုင်လျက်ရှိသဖြင့် မိဘပြည်သူများ ဆက်လက်ကြည့်ရှုဝယ်ယူနိုင်ရေးအတွက်လည်းကောင်း ပြပွဲကို တစ်ရက်တိုး၍ ဖေဖော်ဝါရီ ၁၄ ရက်အထိ ကျင်းပသွားမည်ဟု ပြပွဲကျင်းပရေးကော်မတီထံမှ သိရသည်။
ယနေ့ပြပွဲ ပဉ္စမနေ့တွင် လာရောက်ကြည့်ရှု အားပေးကြသည့် ပြည်သူ ၆၉၀၀၀ ကျော်ရှိကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၅၅ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
