ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် မန္တလေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်များ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် မန္တလေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်များ ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 20, 2026
နေပြည်တော် ဖေဖော်ဝါရီ ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာပညာရေးဒီဂရီကောလိပ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ မိတ္ထီလာပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက ပညာရေးဒီဂရီကောလိပ်၏ သုံးထပ်ပင်မဆောင်အတွင်း သင်ကြားရေး၊ စီမံရေးဆိုင်ရာဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက် မည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သုံးထပ်ပင်မဆောင်ရှိ စာသင်ခန်းများ၊ ခန်းမ နှင့် Theater များကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ သင်ကြားရေး၊ စီမံရေးဆိုင်ရာလုပ်ငန်းအရည်အသွေး များတိုးတက်အောင် အလေးထားဆောင်ရွက်ရေး မှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးက မိတ္ထီလာပညာရေး ဒီဂရီကောလိပ်အတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူသည်။
ယင်းနောက် မိတ္ထီလာစီးပွားရေးတက္ကသိုလ်သို့သွားရောက်၍ မိတ္ထီလာစီးပွားရေးတက္ကသိုလ်ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၊ စာကြည့်တိုက်နှင့် ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးက မန္တလေးပညာရေးဒီဂရီကောလိပ်ကို တက္ကသိုလ် အဆင့်မြှင့်တင်နိုင်ရေးနှင့် ဖွင့်လှစ်နိုင်ရေးအတွက် ပြန်လည်ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေများ၊ ပြင်ဆင်ရမည့်စာသင်ဆောင်များ၊ တည်ဆောက် ဖြည့်ဆည်းရမည့်နေရာ၊ အဆောက်အအုံ Master Plan နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပြန်လည်ဆွေးနွေး ကာ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မှာကြားသည်။
ထို့နောက် မန္တလေးပညာရေးဒီဂရီကောလိပ်၏ စာသင်ဆောင်၊ ဝန်ထမ်းအိမ်ရာများ၊ ပင်မဆောင်၊ ဘောလုံးအားကစားကွင်း၊ အားကစားရုံ၊ အားကစားကွင်းနှင့် ကျောင်းသား ကျောင်းသူအိပ်ဆောင် တိုးချဲ့တည်ဆောက်မည့်မြေနေရာတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စားသောက်ဆောင်၌ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဆရာ ဆရာမဖြစ်လာမည့်သူများအနေဖြင့် မိမိတို့ ကိုယ်တိုင်သင်ကြားရမည့် ဘာသာရပ်ဆိုင်ရာများကို အမှန်တကယ်ကျွမ်းကျင်ပိုင်နိုင်အောင် ယခု ကတည်းက ကြိုးစားအားထုတ်ဆောင်ရွက်ကြစေ လိုပါကြောင်း၊ သို့မှသာ နိုင်ငံအတွက် အားထားရမည့် မျိုးဆက်သစ် ပညာတတ်လူတော်လူကောင်းများကို ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း မှာကြားကာ မန္တလေးပညာရေးဒီဂရီကောလိပ်အတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ဆက်လက်၍ မန္တလေးတက္ကသိုလ်သို့ သွားရောက်၍ ငလျင်ကြောင့် ပျက်စီးခဲ့သည်များကို ပြန်လည် ပြုပြင်ပြီးစီးခဲ့သည့် ငါးထပ်စာသင်ဆောင်ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် မန္တလေးတက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ အဆိုပါ တက္ကသိုလ်အတွင်း ဖွင့်လှစ်ထားရှိသည့် ဗန်းမော်တက္ကသိုလ် ယာယီရုံးခန်းသို့ သွားရောက်၍ ဆရာ ဆရာမများ၊ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယာယီကာလတွင် ကြုံတွေ့ရသည့် အခက်အခဲစိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ်ပြောင်းလဲကြစေလိုပါကြောင်း၊ လိုအပ်သည်များကို ပညာရေးဝန်ကြီးဌာနအနေဖြင့် ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့သည် သင်ကြားရေးပညာရှင်များဖြစ်၍ ရရှိသည့် အချိန်ကာလနှင့်လျော်ညီစွာ မိမိတို့ ဘာသာရပ်ဆိုင်ရာများ၊ သုတေသနလုပ်ငန်းဆိုင်ရာများကို အဆက်မပြတ် အမြဲလေ့လာအားထုတ်ကြ ရန်လိုပါကြောင်း၊ မည်သည့်အစိုးရလက်ထက်တွင်မဆို မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံတော်အပေါ် သစ္စာရှိစွာတာဝန်ထမ်းဆောင်ရန် လိုအပ်ပါကြောင်းပြောကြားကာ ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၄၇ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 16, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 15, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
