ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် ပညာရပ်ဆိုင်ရာ ရလဒ်ထွက်ပေါ်မည့် ရက် (၁၀၀) အစီအစဉ်အတွက် မှာကြား
ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် ပညာရပ်ဆိုင်ရာ ရလဒ်ထွက်ပေါ်မည့် ရက် (၁၀၀) အစီအစဉ်အတွက် မှာကြား
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 26, 2026
ရန်ကုန် ဧပြီ ၂၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ ပရိဝုဏ်လှပတင့်တယ်ရေး ဆောင်ရွက်နေမှုများကိုကြည့်ရှုသည်။
ထို့နောက် စိန်ရတုခန်းမအစည်းအဝေးခန်း၌ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အမှုဆောင်အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့တွင်ရှိသည့် တက္ကသိုလ်သုံးခုတွင် Centre for Research and Innovation (CRI)ကို စတင်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်တွင်ရှိပြီးဖြစ်သည့် Centre for Research and Innovation (CRI)တွင် သုတေသနများလုပ်ဆောင် နိုင်ရန်အတွက် လိုအပ်သောစက်ပစ္စည်းများကို ဖြည့်ဆည်းပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် သီးခြားစီဖြစ်နေသည့် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီ၊ မြန်မာစာအဖွဲ့တို့ကို ကွန်ရက်တစ်ခုတည်းအဖြစ် ချိတ်ဆက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့နှင့် အခြားသုတေသနဌာနအဖွဲ့အစည်းများအကြား ပိုမိုနီးကပ်စွာ ချိတ်ဆက်ဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အမှုဆောင်အဖွဲ့ဝင်များက မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး သုတေသနစာတမ်းများနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အမှုဆောင်အဖွဲ့ဝင်များ၏ အကြံပြုချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် စိန်ရတုခန်းမအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး)များနှင့်တွေ့ဆုံ၍ နိုင်ငံတော်အစိုးရသစ်နှင့်အတူ ရန်ကုန်တက္ကသိုလ်၏ ရက် (၁၀၀) အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းသည် သုတေသနလုပ်ငန်းဖြစ်ပါကြောင်း၊ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဘာသာရပ်တစ်ခုတည်းမဟုတ်ဘဲဌာနများအချင်းချင်း သုတေသနပညာရှင်များ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ သုတေသနစာတမ်းများရေးသားရာတွင် အရေအတွက်ထက်အရည် အသွေးရှိသော စာတမ်းများကို ပိုမိုအလေးထား ရေးသားကြစေလိုကြောင်း၊ ရန်ကုန်တက္ကသိုလ်ကို သုတေသနကဏ္ဍတွင် ဦးဆောင်နိုင်သည့် တက္ကသိုလ် တစ်ခုအဖြစ်မြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ရက် (၁၀၀) အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် CRI ထူထောင်ရေး၊ သုတေသနစာတမ်းများ အရည်အသွေးကောင်းမွန်ရေး၊ တက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းများအဆင့်မြှင့်တင်ရေးနှင့် သင်ယူမှုစီမံခန့်ခွဲရေးစနစ် အကောင်အထည်ဖော်ရေး ဆောင်ရွက်မည့်အစီအစဉ်များနှင့် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များက သုတေသနစာတမ်းများ ရေးသားဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးတင်ပြကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကမာရွတ်မြို့နယ်ရှိ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌ၊ ကော်မတီအဖွဲ့ဝင်များ၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ) ရှိ သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ သင်ရိုးညွှန်းတမ်းများတွင် ပြင်ဆင်သင့်သည့်အချက်များကို ပြင်ဆင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)ရှိ အမှတ်(၁) အခြေခံပညာအလယ်တန်း ကျောင်းသို့ရောက်ရှိရာ ရက်ပေါင်း (၁၀၀) အတွင်း Pilot Project အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည့် Football for School Programme နှင့် အခြေခံပညာကဏ္ဍတွင် ဗလငါးတန်နှင့်ပြည့်ဝသော ကျောင်းများ ဖြစ်စေရန်အတွက် Smart School အဖြစ်ဆောင်ရွက် နိုင်ရေး ကျောင်းဝင်းအတွင်းရှိ FIFA School Mini Football Field နှင့် စာသင်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) သို့ရောက်ရှိကာ အားကစားခန်းမအဆင့်မြှင့်တင်ခြင်း၊ အပန်းဖြေရိပ်သာ (Recreation Centre) တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကမာရွတ်မြို့နယ် သထုံလမ်းရှိ တက္ကသိုလ် အားကစားလေ့ကျင့်ရေးဘောလုံးကွင်းများ၊ တက္ကသိုလ်ရေကူးကန်နှင့် ရန်ကုန်တက္ကသိုလ်၊ တက္ကသိုလ်များ လှေလှော်အသင်းတို့ကို အဆင့်မြှင့်တင်နိုင်ရေး လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၅၀၇ ခု
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
