ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေး (၅/၂၀၂၅) ကျင်းပ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / December 17, 2025


     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေး (၅/၂၀၂၅) အား ကျင်းပပြုလုပ်ခဲ့ရာ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒုတိယဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ Video Conferencing ဖြင့် တက်ရောက် ခဲ့ကြပါသည်။

     ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီနှင့် ကော်မတီ အဆင့်ဆင့်အား ဖွဲ့စည်းခဲ့ပြီးနောက် လုံခြုံရေးဆိုင်ရာလုပ်ငန်းများအား အောင်မြင်စွာ ဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးများအား  စတုတ္ထအကြိမ်အထိ ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်တွင် ကျင်းပပြုလုပ်မှုမှာ ပဉ္စမအကြိမ်မြောက်ဖြစ်ကြောင်း။

   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အား မြို့နယ် ၁၀၂ မြို့နယ်ဖြင့် ဒီဇင်ဘာ ၂၈ ရက်တွင် လည်းကောင်း၊ အပိုင်း(၂)အား မြို့နယ်ပေါင်း ၁၀၀ ဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် လည်းကောင်း အပိုင်းလိုက် ကျင်းပ ပြုလုပ်ပေးမည်ဖြစ်ပြီး ရွေး ကောက်ပွဲအပိုင်း(၁)နှင့် အပိုင်း(၂)တို့တွင် ပါဝင်သောမြို့နယ်များမှ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသော ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများအား ထုတ်ပြန်ကြေညာပြီးဖြစ်ကြောင်း၊ အပိုင်း(၃)တွင် ကျင်းပမည့်မြို့နယ်များတွင်လည်း ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသော ရပ်ကွက်၊ ကျေးရွာများစာရင်းအား သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ နောက်ဆုံးအခြေအနေနှင့် ကိုက်ညီအောင် စာရင်းပြုစုထားရန် လိုအပ်ကြောင်း။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၏ လွှတ်တော်ကိုယ်စား လှယ်လောင်းများအတွက် မဲဆွယ် စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆၀ ကို ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေး ဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို ရွေးကောက်ပွဲအပိုင်း(၁)တွင် ပါဝင်သည့် မြို့နယ်များ အတွက် ဒီဇင်ဘာ ၂၆ ရက် ည ၁၂ နာရီအချိန်မှစ၍ လည်းကောင်း၊ ရွေးကောက်ပွဲအပိုင်း(၂)တွင် ပါဝင်သည့် မြို့နယ်များအတွက် ဒီဇင်ဘာ ၂၉ ရက်တွင် ပြန်လည်စတင်ဆောင်ရွက်၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက် ည ၁၂ နာရီအချိန်မှစ၍ လည်းကောင်း ရွေးကောက်ပွဲကျင်းပပြီးသည့်အချိန်ထိ ရပ်နားထားရမည်ဖြစ်ကြောင်း။

     အပိုင်း(၃)အတွက် ဆက်လက်ကြေညာမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများကို အပိုင်းလိုက် မဲဆွယ်စည်းရုံးခွင့်ပြုထားသည့် နောက်ဆုံးရက်များတွင် ဖြုတ်သိမ်းပေးရမည်ဖြစ်ကြောင်း၊ သတ်မှတ်အချိန်ထိ မဲဆွယ်စည်းရုံးသည့် ကြော်ငြာ၊ ပိုစတာများ ဖြုတ်သိမ်းခြင်းမရှိပါက မြို့နယ်ကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများနှင့်ညှိနှိုင်း၍ ကြော်ငြာ၊ ပိုစတာများအား ဖြုတ်သိမ်းသွားရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဝင်ရောက်မည့် ပါတီများနှင့် လွှတ်တော်ကိုယ်စား လှယ်လောင်းများက တိကျစွာ လိုက်နာဆောင်ရွက်စေရေး တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီအဆင့်ဆင့်မှ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်၍ ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း။  

     အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်တစ်ရပ်ဖြစ်သည့် “ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလား တောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” ဆိုသည်နှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရေး အတွက် နိုဝင်ဘာ ၂၆ ရက်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊  အကျဉ်းသူ ၇၂၄ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်မှုထင်ရှား စီရင်ခြင်းခံရပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၂,၃၆၁ ဦးအား ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍  ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ တရားစွဲဆိုခံထားရသူ ၅,၅၈၀ ဦးတို့အား ကြားနာစစ်ဆေးဆဲအမှုများကို ပိတ်သိမ်းပေးခဲ့ပြီးဖြစ်ကြောင်း။

     ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်းများအား သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီး၌ ဒုတိယအကြိမ် ကြေညာထားရှိပြီးဖြစ်သဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အများအပြား လာရောက်ကြည့်ရှု၍ မဲစာရင်းစစ်ဆေးခြင်း၊ ပြင်ဆင်ခြင်း၊ ပြန်လည်လျှောက်ထားခြင်းစသည့် မဲစာရင်းမှန်ကန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြ သကဲ့သို့ လက်ရှိကာလသည် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးခွင့်ကာလ ဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးသည့်ကာလအတွင်း လုံခြုံစွာလုပ်ကိုင် ဆောင်ရွက်နိုင်ရေး၊ ရွေးကောက်ပွဲသုံးပစ္စည်းများ ဖြန့်ဝေပေးပို့သယ်ဆောင်ခြင်း၊ မဲပေးစက်အသုံး ပြုခြင်းဆိုင်ရာ သရုပ်ပြဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများဖွင့်လှစ်ခြင်း၊ မဲစာရင်း ကျန်ရှိမှု မရှိစေရေး မြေပြင်ကွင်းဆင်း စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများတွင် လိုအပ်သည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို စဉ်ဆက်မပြတ် ဆက်လက်စီမံဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း။

     ဗဟိုကော်မတီအနေဖြင့် ရွေးကောက်ပွဲကျင်းပမည့် အပိုင်းလိုက် တစ်နိုင်ငံလုံး လွှမ်းခြုံသည့် လုံခြုံရေးစီမံချက်၊ ဆက်စပ်ဆောင်ရွက်ရမည့် အခြားလုံခြုံရေးစီမံချက် ၈ မျိုးနှင့် အခြား အခြေအနေများအတွက် ရေးဆွဲထားသည့် သီးခြားစီမံချက် ၁၁ မျိုးတို့ကို ရေးဆွဲထားပြီးဖြစ်၍ လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲ ကာလတွင် လာရောက်လေ့လာကြမည့်ပြည်တွင်းပြည်ပလေ့လာရေးအဖွဲ့များ၊ မီဒီယာများနှင့် ပတ်သက်၍လည်း လိုအပ်သည့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို သေချာစွာ စီမံဆောင်ရွက်ပေးကြ ရမည်ဖြစ်ကြောင်း။

   ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီ အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ကျူးလွန်သူ များအား ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၅ ရက်အထိ ပြည်ထောင်စု နယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၌ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” အရ အရေးယူဆောင်ရွက်မှု ၁၄၀ မှုတွင် တရားခံ အမျိုးသား ၂၀၁ ဦး၊ အမျိုးသမီး ၂၈ ဦး၊ စုစုပေါင်း ၂၂၉ ဦးရှိခဲ့ပြီး ဆက်လက်၍လည်း ရွေးကောက်ပွဲလုံခြုံရေးအား ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများ ကျူးလွန်နေသူများအား စုံစမ်းဖော်ထုတ်၍ ထိရောက်စွာ အရေးယူသွားရန် လိုအပ်ကြောင်း။

      ရွေးကောက်ပွဲဆိုင်ရာကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး၊ နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေး‌ လုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိတပ်ဖွဲ့၊ ဦးစီးဌာနများအနေဖြင့် တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ လက်ရှိရရှိထားသော တိုးတက်မှုများကို အခြေခံကာ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။

    ထို့နောက် တိုင်းဒေသကြီး၊ ပြည်နယ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် ရွေးကောက်ပွဲလုံခြုံရေးအတွက် မိမိနယ်မြေအခြေအနေနှင့် ကိုက်ညီသည့် လျာထား အစီအမံများ၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ တိုးတက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် ဒုတိယဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အသီးသီးဖြည့်စွက် အကြံပြုဆွေးနွေး တင်ပြကြပါသည်။

     ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်က ဆွေးနွေးတင်ပြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်းစာများ - ၃၃၈၃ ခု

၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download