ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် စိုးလှိုင် ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၁၂၅) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် စိုးလှိုင် ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၁၂၅) သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 23, 2026
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၁၂၅) ရဲသီဟတပ်ခွဲ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မေ ၂၂ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် စိုးလှိုင် တက်ရောက်၍ သင်တန်းဆင်းဂုဏ်ပြုအမှာစကား ပြောကြားသည်။
ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် စိုးလှိုင်သည် ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူကာ သင်တန်းဆင်းတပ်ခွဲများအား စစ်ဆေးခဲ့ပြီး ဒုတိယရဲအုပ်လောင်းများ၏ အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုခြင်းကို ခံယူသည်။
ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် စိုးလှိုင်သည် အကောင်းဆုံးကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း အိအိဖြူ၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း မင်းခန့်လွင်၊ ဥပဒေဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း အိအိဖြူ၊ ကွန်ပျူတာဘာသာရပ် ထူးချွန်ဆုရ ဒုတိယ ရဲအုပ်လောင်း အိန္ဒြေသူ၊ အင်္ဂလိပ်စာဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ထက်ထက်မျိုးအောင် တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် စိုးလှိုင်က သင်တန်းဆင်းဂုဏ်ပြုအမှာ စကားပြောကြားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ယူကြရတော့မည့်သူများအနေဖြင့် နိုင်ငံတော်ကယုံကြည်အားကိုးရသည့် အရာရှိကောင်းများဖြစ်စေရန် ခေါင်းဆောင်မှု အရည်အသွေးများကို ကိုယ်တိုင်လေ့လာ၊ ကျင့်ကြံ၊ ကြိုးစားအားထုတ်ပြီး ပေးအပ်လာသည့် တာဝန်တွေကို အောင်မြင်အောင်ထမ်းဆောင်ကြရမှာဖြစ်သလို မိမိခေါင်းဆောင်ရသည့် အဖွဲ့အစည်းကို အမြဲစည်းလုံးညီညွတ်မှုရှိနေအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် “နိုင်ငံတော်တွင် အရေးကြုံတိုင်း နောင်တော်တပ်မတော်နှင့် တစ်စိတ်တစ်ဝမ်းတည်းလက်တွဲ၍ ကာကွယ်စောင့်ရှောက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်” ဟူသည့် အစဉ်အလာကောင်းနှင့်အညီ တပ်မတော်နှင့်အတူလက်တွဲ၍ နယ်မြေခံပြည်သူ့စစ်အဖွဲ့၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့၊ ဒေသခံပြည်သူလူထုများနှင့်အတူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားနေသည့် နေရာဒေသများတွင် တည်ငြိမ်အေးချမ်းမှုပြန်လည်ရရှိအောင် ဆောင်ရွက်လျက်ရှိပြီး တပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေကို ကာကွယ်စောင့်ရှောက်ခြင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေခြင်းပင်ဖြစ်သည်ကို ကောင်းစွာသိရှိနားလည်ကြရမှာဖြစ်ကြောင်း။
နိုင်ငံတော်မှလည်း ရဲတပ်ဖွဲ့ဝင်များ၏ စွန့်လွှတ်စွန့်စားမှုနှင့် တာဝန်ထမ်းဆောင်မှုများကို အမြဲအလေးထားအသိအမှတ်ပြုပြီး မြန်မာနိုင်ငံရဲတပ်ဖွဲဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှု ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးလျက်ရှိရာ ကျောင်းဆင်းကြမည့် ရဲအရာရှိများအနေဖြင့်လည်း “မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်သူတွေအတွက်ဖြစ်စေရမည်” ဟု လေးနက်စွာခံယူပြီး ပြည်သူကို အလုပ်အကျွေးပြုသည့်၊ နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အသက်ပေးကာကွယ်စောင့်ရှောက်တတ်သည့် တပ်ဖွဲ့ဝင်များဖြစ်အောင် ကျရာတာဝန်များကို ဦးလည်မသုန် ထမ်းရွက်သွားကြစေလိုကြောင်း။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ရည်မှန်းချက်တာဝန် ၄ ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုနှင့်အတူလက်တွဲပူးပေါင်း၍ အဂတိတရား ကင်းရှင်းစွာဖြင့် နိုင်ငံသားတစ်ဦးချင်း၏ တရားဥပဒေနှင့်ညီသည့်အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပြီး “မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အမြင့်ဆုံးဂုဏ်သိက္ခာသည် ပြည်သူလူထုက အားကိုးယုံကြည်မှုပင်ဖြစ်သည်” ဆိုသည့် ခံယူချက်နှင့်အညီ ပြည်သူကလေးစားပြီး အားကိုးယုံကြည်ရသည့် စွမ်းရည်ရှိသော ရဲတပ်ဖွဲ့ဖြစ်စေရေး ကြိုးပမ်းထမ်းဆောင်သွားကြစေလိုကြောင်း။
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ တိုးမြှင့်ဆောင်ရွက်ပြီး အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ တပ်မတော်၊ ပြည်သူတို့နှင့်အတူ ပူးပေါင်းလက်တွဲ၍ အရှိန်အဟုန်မြှင့် ပါဝင်တိုက်ဖျက်ကြရမှာဖြစ်ကြောင်း။
တပ်ဖွဲ့ဝင်အားလုံး လေ့ကျင့်သားပြည့်ဝနေစေရေးနှင့် စွမ်းရည်ပြည့်ဝထက်မြက်နေစေရေးအတွက် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် လေ့ကျင့်ရေးမူဝါဒနှင့်အညီ ပြောင်းလဲတိုးတက်လာသည့် ရဲလုပ်ငန်းစနစ်များ၊ စစ်နည်းဗျူဟာနှင့် မှုခင်းကျူးလွန်မှုပုံသဏ္ဍာန်များကို စဉ်ဆက်မပြတ် လေ့လာ၍ စွမ်းရည် ၄ ရပ်နှင့်ပြည့်စုံပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်သူအတွက်ဖြစ်စေရမည်ဟူသည့် ခံယူချက်ဖြင့် လေ့ကျင့်သားပြည့်ဝသော ရဲ၊ အဂတိကင်းရှင်းသော ရဲ၊ ပြည်သူချစ်သော ရဲအရာရှိကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း စသဖြင့် တိုက်တွန်းမှာကြားခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ် မျိုးမင်းထိုက်နှင့် ရဲအရာရှိကြီးများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၁၂၅) ရဲသီဟတပ်ခွဲတွင် တပ်ဖွဲ့တွင်းမှ ဘွဲ့ရအမျိုးသား ၂၄၉ ဦး၊ အမျိုးသမီး ၁၁၄ ဦး၊ စုစုပေါင်း ၃၆၃ ဦးတို့ကို သင်တန်းဆင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်းစာများ - ၃၅၃၄ ခု
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 15, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
