ပြည်နယ်အတွင်းမှာ မူလလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေသာမက ပြည်နယ်ပြင်ပက အခြားသော လုပ်ငန်းဆောင်ရွက်လိုတဲ့ လုပ်ငန်းရှင်တွေကိုလည်း ဖိတ်ခေါ်ပါတယ်
ပြည်နယ်အတွင်းမှာ မူလလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေသာမက ပြည်နယ်ပြင်ပက အခြားသော လုပ်ငန်းဆောင်ရွက်လိုတဲ့ လုပ်ငန်းရှင်တွေကိုလည်း ဖိတ်ခေါ်ပါတယ်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 17, 2025
ဦးစိန်ဦး (စီးပွားရေးရာဝန်ကြီး)
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီက ကြီးမှူးကျင်းပသည့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအခွင့်အလမ်းများဆွေးနွေးပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ နိုဝင်ဘာ ၁၂ ရက်က ကျင်းပခဲ့ရာ ဆွေးနွေးပွဲတက်ရောက်လာသူများ၏ ရင်ဖွင့်စကားသံများကို ဖော်ပြလိုက်ပါသည်-
ဦးစိန်ဦး (စီးပွားရေးရာဝန်ကြီး)
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးအခွင့်အလမ်းများ ဆွေးနွေးပွဲအခမ်းအနား ကျင်းပနိုင်ခဲ့တဲ့အတွက် ကယားပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နိုင်ဖို့နဲ့ ဒီလိုရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်တဲ့အတွက် ရရှိလာနိုင်တဲ့ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေကို ဒီဆွေးနွေးပွဲကနေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ ကယားပြည်နယ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့အတွက် စိတ်အားထက်သန်စွာနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ကယားပြည်နယ်မှာ မူလဆောင်ရွက်ခဲ့တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှုလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်သလိုလုပ်ငန်းအသစ်တွေမှာ ရင်းနှီးမြှုပ်နှံနိုင်ဖို့အတွက်လည်း ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါတယ်။ ကယားပြည်နယ်မှာ ၂၄ နာရီ လျှပ်စစ်မီးရရှိတဲ့ ပြည်နယ်ဖြစ်တဲ့အတွက် စက်မှုလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံဆောင်ရွက်မယ်ဆိုရင် အင်မတန်အဆင်ပြေပါတယ်။ ကယားပြည်နယ်ရဲ့ ရာသီဥတုဟာမျှတတဲ့ ရာသီဥတုဖြစ်တဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းတွေလုပ်ရင် ဖြစ်ထွန်းအောင်မြင်သလို မွေးမြူရေးလုပ်ငန်းများအတွက်လည်း အဆင်ပြေပါတယ်။ သာယာလှပတဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ စက်မှုဇုန်မှာလည်း လုပ်ငန်းတွေ ပြန်လည်ဆောင်ရွက်နေပါပြီ။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်ပြီး စက်မှုဇုန်လမ်းများ ကောင်းမွန်ရေး၊ လျှပ်စစ်မီးရရှိရေးများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါကြောင့် စက်မှုဇုန်မှာ လာရောက်ရင်းနှီးမြှုပ်နှံလိုတဲ့ လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်လိုပါတယ်။ အဓိကအချက်ကတော့ ဒီနေ့ဆွေးနွေးပွဲပြီးမြောက်တဲ့အခါ ပြည်နယ်အတွင်းမှာ မူလလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေသာမက ပြည်နယ်ပြင်ပက အခြားသောလုပ်ငန်းဆောင်ရွက်လိုတဲ့ လုပ်ငန်းရှင်တွေကိုလည်း ကယားပြည်နယ်မှာ လာရောက်ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးအခွင့်အလမ်းများ တိုးတက်ဖို့နဲ့ ကယားပြည်နယ်တိုးတက်ဖို့ ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက်သွားကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။
ဦးစိုင်းတင်အောင်သိန်း (ညွှန်ကြားရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန)
ယနေ့ဆွေးနွေးပွဲကိုတော့ ရည်ရွယ်ချက်သုံးချက်နဲ့ ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။ ပထမအချက်ကတော့ လက်ရှိပြည်နယ်မှာ ဘယ်လုပ်ငန်းတွေ လိုအပ်နေတယ်။ ဘယ်လုပ်ငန်းတွေကိုတော့ ဆောင်ရွက်လို့ရနိုင်တယ်၊ ဘယ်လုပ်ငန်းတွေကတော့ ပြည်နယ်ရဲ့ ဦးစားပေးမြှင့်တင်မယ့်လုပ်ငန်းတွေ ဖြစ်တယ်ဆိုတာကို လုပ်ငန်းရှင်တွေ သိရှိနိုင်စေဖို့ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ဒီလုပ်ငန်းတွေကို လုပ်ကိုင်ကြတဲ့အခါ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရရရှိမယ့် အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်တွေအပါအဝင် အခြားသော အခွင့်အလမ်းတွေ၊ ဥပဒေဆိုင်ရာ အကာအကွယ်ပေးမှုတွေကိုလည်း သိရှိနိုင်စေဖို့ဖြစ်ပါတယ်။ နောက်ဆုံးအချက်ကတော့ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်မှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေကို ကူညီဆောင်ရွက်ပေးမယ့်အချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေဖို့ ဖြစ်ပါတယ်။
ပြည်နယ်က ဦးစားပေးဖိတ်ခေါ်နေတဲ့ လုပ်ငန်းကဏ္ဍလေးခုရှိပါတယ်။ လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စက်မှုထုတ်လုပ်မှုကဏ္ဍနှင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍတို့ ဖြစ်ပါတယ်။ ဒီကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မယ်ဆိုရင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရရှိမယ့် အခွန်အကောက်ကင်းလွတ်ခွင့်၊ သက်သာခွင့်များအပြင် လုပ်ငန်းစတင်နိုင်ဖို့ ပြည်နယ်အစိုးရအဖွဲ့ကနေပြီးတော့ မြေနေရာရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့စေရေးနှင့် သက်ဆိုင်ရာဌာနများရဲ့ ခွင့်ပြုချက်များ မြန်ဆန်စွာရရှိနိုင်အောင် ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိတာကြောင့် စိတ်ပါဝင်စားတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ အသေးစိတ်သိရှိလိုတာများရှိရင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းစကားပါးချင်ပါတယ်။
ဒေါ်မေကြည်ခိုင် (ပြည်နယ်ဦးစီးမှူး၊ စက်မှုကြီးကြပ်ရေးဦးစီးဌာန)
ကယားပြည်နယ်အတွင်းမှာ စီးပွားရေးလုပ်ကိုင်မယ့် ရင်းနှီးမြှုပ်နှံသူတွေကို အကြံပြုလိုတာက စိုက်ပျိုးရေးနဲ့ မွေးမြူရေး အခြေခံထုတ်ကုန်များ လုပ်ကိုင်သင့်ပါတယ်။ ဘယ်လိုလုပ်ငန်းတွေ လုပ်ကိုင်လို့ရမလဲဆိုရင် ဥပမာ- တိရစ္ဆာန်အစာစပ်စက်ရုံတွေ၊ သီးနှံအခြောက်ခံစက်ရုံ၊ ဖျော်ရည်စက်ရုံ ဒါမျိုးတွေ လုပ်ကိုင်သင့်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ မိမိလုပ်ငန်းအတွက် အသုံးပြုဖို့ လိုအပ်တဲ့ မြေ၊ ရေ၊ လျှပ်စစ်ဓာတ်အား၊ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးစတာတွေ၊ အခွန်ကင်းလွတ်ခွင့်နဲ့ သက်သာခွင့်တွေ၊ ပုံသေငွေရင်းနဲ့ လှည့်ပတ်ငွေရင်းအတွက် ချေးငွေတွေ၊ မိမိလုပ်ငန်းအတွက် လိုအပ်တဲ့ ပြည်တွင်းပြည်ပကုန်ကြမ်း၊ စက်နှင့် စက်အရန် ပစ္စည်းတွေ၊ ကုန်ပစ္စည်းပိုမိုထုတ်လုပ်ရေးနဲ့ ထုတ်ကုန်ပစ္စည်းများ အရည်အသွေးပိုမိုကောင်းမွန်ရေးအတွက် ပြည်တွင်းပြည်ပနည်းပညာများ ရရှိနိုင်ပါတယ်။
စက်မှုကြီးကြပ်ရေးဌာနအနေနဲ့ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ဖို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အဓိကကဏ္ဍသုံးခုဖြစ်တဲ့ နည်းပညာ၊ မတည်ရင်းနှီးငွေနဲ့ ဈေးကွက်တို့ကို ထောက်ပံ့ပေးလျက်ရှိပါတယ်။ လုပ်ငန်းများအတွက် လိုအပ်တဲ့ နည်းပညာများကို သက်ဆိုင်ရာဌာနများနဲ့ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဓိကအနေနဲ့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနဲ့ လုပ်ငန်းရှင်တို့ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။
မတည်ရင်းနှီးငွေအနေနဲ့ ချေးငွေအမျိုးအစားဖြစ်တဲ့ MSME ချေးငွေ၊ JICA Two Step Loan ၊ CGI ချေးငွေ၊ ဆီစက်ချေးငွေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေတွေရှိပြီး အဆင်ပြေတဲ့ချေးငွေကို လျှောက်ထားနိုင်ပါတယ်။ ဈေးကွက်အနေနဲ့ကတော့ စက်မှုဝန်ကြီးဌာနက ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ MSME Product Show မှာ ရောင်းချလို့ရပါကြောင်းနဲ့ www.emartmmp.gov.mm မှာလည်း ဝင်ရောက်ရောင်းချပြီး ဈေးကွက်ရရှိနိုင်ပါတယ်။
ဦးသန်းလှိုင် (ပြည်နယ်ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန)
စိုက်ပျိုးရေး ထွက်ကုန်များရဲ့ ဈေးကွက်ရရှိနိုင်မှု အခွင့်အလမ်းတွေအနေနဲ့ကတော့ ရွှေရင်အေး၊ ဆန်မွှေးစပါး အိမ်နီးချင်းနိုင်ငံများကို တင်ပို့နိုင်မယ်။ အစေ့ထုတ်ပြောင်းအရည်အသွေးကောင်းပြီး အိမ်နီးချင်းနိုင်ငံများကို တင်ပို့နိုင်မယ်။ နှမ်းနက်သီးနှံကို ဓာတုမြေဩဇာ၊ ဓာတုဆေးလုံးဝမသုံးဘဲ သဘာဝအတိုင်း စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ဂျပန်နိုင်ငံကို တင်ပို့နိုင်မှာပဲ ဖြစ်ပါတယ်။
နိုင်ငံတော်အနေနဲ့ Agro-based Industries ဖွံ့ဖြိုးတိုးတက်လာဖို့ ဘက်ပေါင်းစုံကနေ ပံ့ပိုးကူညီဆောင်ရွက်ပေးနေသလို ကယားပြည်နယ်မှာလည်း Agro-based Industries နဲ့ပတ်သက်ပြီး အစေ့ထုတ်ပြောင်းကုန်ကြမ်း အများအပြားထုတ်လုပ်နိုင်ခြင်း၊ တိရစ္ဆာန်အစာစပ်စက်ရုံများ ထူထောင်နိုင်ခြင်း၊ အစေ့ထုတ်ပြောင်းကုန်ချောအဆင့်သို့ အဆင့်မြှင့်တင်နိုင်ခြင်း၊ သီးနှံအရည်အသွေးနှင့် အထွက်နှုန်းကောင်းအောင် နည်းပညာပေးခြင်း၊ အရင်းအနှီးများ ရရှိလာအောင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများရရှိအောင် ကူညီဆောင်ရွက် ပေးခြင်းစတာတွေကို ဆောင်ရွက်ပေးနေပါတယ်။
စိုက်ပျိုးရေးကဏ္ဍမြှင့်တင်နိုင်ရေးနဲ့ ယခုထက်ဈေးကွက်ပိုမိုရရှိရေးအတွက် တောင်သူတွေ ဒါမှမဟုတ် လုပ်ငန်းရှင်တွေအနေနဲ့ ခေတ်နဲ့အညီ လိုက်ပါဆောင်ရွက်နိုင်ဖို့ လယ်ယာကဏ္ဍမှာ စက်စွမ်းအားနဲ့ အပြည့်အဝအသုံးချစေခြင်း၊ ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ အချိတ်အဆက်မိအောင်ဆောင်ရွက်ခြင်း၊ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ လိုက်နာကျင့်သုံးစေခြင်း၊ စိုက်ပျိုးထွက်ကုန် (Agro-based Industries) စက်မှုလက်မှုလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာစေခြင်း၊ အရင်းအနှီးများရရှိအောင် ဆက်ချိတ်ကူညီပေးခြင်းတို့ကို စိုက်ပျိုးရေးဌာနအနေနဲ့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ဦးတေဇာမင်း (ပြည်နယ်တာဝန်ခံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန)
လွိုင်ကော်မြို့အတွင်း လတ်တလော သွားရောက်လည်ပတ်နိုင်တဲ့ ခရီးစဉ်များကတော့ နောင်ယားကန်သာ၊ ထေးငှားလျားကန်သာ၊ မင်းကျောင်းကန်သာနဲ့ ရှုခင်းသာပန်းခြံတွေဖြစ်ပြီး ဘုရားစေတီပုထိုးတွေအနေနဲ့ မြို့နာမ်စေတီတော်၊ သီရိမင်္ဂလာတောင်ကွဲစေတီ၊ သစ်တစ်ပင်တောင်၊ ရွှေလက်ဝါးတောင်နဲ့ သီရိမင်္ဂလာပုံကျောင်း (ဟော်နန်း) စတာတွေပဲ ဖြစ်ပါတယ်။
ကယားပြည်နယ်မှာ သက်တမ်းကုန်ဆုံးတဲ့ လိုင်စင်များနဲ့ သက်တမ်းလွန်တဲ့ လိုင်စင်တွေကို သက်တမ်းတိုးဆောင်ရွက်ဖို့ အချက်အလက်တွေ ပြည့်စုံပါက ဌာနအနေနဲ့ လုပ်ငန်းရှင်များ အဆင်ပြေချောမွေ့စေရန် ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် အဆောက်အအုံပြင်ဆင်ခြင်းနဲ့ လုပ်ငန်းများ စတင်လုပ်ကိုင်ရာမှာ လိုအပ်တဲ့ ကိစ္စရပ်များ ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ပြည်နယ်အစိုးရက ပံ့ပိုးကူညီဆောင်ရွက်ပေးတဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေများရရှိရေးအတွက် လုပ်ငန်းရှင်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကယားပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းတွေနဲ့ ပတ်သက်လို့ကတော့ လွိုင်ကော်မြို့ရဲ့ အချက်အချာနေရာမှာ တည်ရှိတဲ့ နောင်ယားကန်မှာ ရေပန်းဥယျာဉ်၊ ကစားကွင်း၊ ကန်အတွင်း အပျော်စီးလှေနဲ့ ညစျေးတန်းများ ဖွင့်လှစ်ခြင်း၊ ဘီလူးချောင်းတစ်လျှောက်ဖောင်များ၊ စက်လှေများစီးခြင်း၊ စက်ဘီးစီးခြင်း၊ MSME လုပ်ငန်းများက ထုတ်လုပ်တဲ့ အမှတ်တရပစ္စည်းဆိုင်၊ ဒေသထွက်ကုန်ဆိုင်များ ခင်းကျင်းရောင်းချခြင်းစတဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံနိုင်ပါတယ်။
ခွန်တီးလှ (တောင်သူ၊ ပဒါးညေးကျေးရွာ)
ဒီဆွေးနွေးပွဲကနေ ကျွန်တော်တို့ တောင်သူတွေအတွက် စိုက်ပျိုးရေးနည်းလမ်းကောင်းများ သိရှိရပြီး အထွက်တိုးဖို့အတွက် ဘယ်လိုဆောင်ရွက်လို့ ရနိုင်မယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းအသစ်တွေ ရရှိပါတယ်။ တချို့အကြံပြုချက်တွေဟာ ကျွန်တော်တို့ မြေပြင်မှာ အသုံးဝင်တဲ့ အကြံပြုချက်တွေဖြစ်သလို အကျိုးရှိစေတဲ့ အကြောင်းအရာတွေကိုလည်း သိရှိခွင့်ရခဲ့ပါတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန် ကိစ္စတွေကို သိခွင့်ရလို့ လုပ်ငန်းခွင်အတွက် အကျိုးရှိပါတယ်။ ကျွန်တော်တို့ ရသင့်တဲ့ အခွင့်အရေးတွေ၊ ကျွန်တော်တို့ကို ကာကွယ်ပေးထားတဲ့ ဥပဒေအကြောင်းအရာတွေကို သိခွင့်ရလို့လည်း ကျေးဇူးတင်ရှိပါတယ်။ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ တိုက်ရိုက်ထိတွေ့ပြီး သိလိုတာတွေ မေးမြန်းခွင့်ရရှိဖို့က ဒီလိုပွဲတွေ ကျင်းပချိန်မှာသာ ရရှိတဲ့အခွင့်အရေးဖြစ်ပါတယ်။ နောက်လည်း ပြည်နယ်မှာ ဒီလိုဆွေးနွေးပွဲတွေ များများဆောင်ရွက်စေလိုပါတယ်။
တွေ့ဆုံမေးမြန်း - ရှင်းသန့်ချို
သတင်းစာများ - ၃၃၅၂ ခု
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 16, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 10, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
