ပြည်သူအတွက် ရက်(၁၀၀)အတွင်း ကရင်ပြည်နယ်၌ ပျားမွေးမြူရေးပညာပေးသင်တန်း(၄)ကြိမ်ဖွင့်လှစ်မည်
ပြည်သူအတွက် ရက်(၁၀၀)အတွင်း ကရင်ပြည်နယ်၌ ပျားမွေးမြူရေးပညာပေးသင်တန်း(၄)ကြိမ်ဖွင့်လှစ်မည်
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / May 15, 2026
ဘားအံ - မေ (၁၅)
ကရင်ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ပြည်သူ့အတွက်ရက်(၁၀၀)စီမံချက်တွင် မိတ်အောင် ပျားဘုရင်မ(၁၀၀)ကောင်၊ ပျားရည်(၁၀၀၀)ပေါင်ကိုထုတ်လုပ်ပေးသွားမည်ဖြစ်ပြီး စိုက်ဧက(၂၆၄၀)ဧကကို ဝတ်မှုကူး ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကာ တောင်သူများပျားမွေးတတ်စေရန် ပျားမွေးမြူရေးပညာပေးသင်တန်း(၄)ကြိမ်ကို ဖွင့် လှစ်ပေးသွားမည်ဖြစ်ကြောင်း မေလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ နိုင်းကြာကျေးရွာ အခြေခံပညာမူလတန်း ကျောင်း၌ ဖွင့်လှစ်သည့် ပျားမွေးမြူရေးပညာပေးသင်တန်းမှ သိရသည်။
အဆိုပါပျားမွေးမြူရေးပညာပေးသင်တန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲက ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်သည် ရေမြေတောတောင်သဘာဝအခြေခံကောင်းများရှိပြီး ဒေသခံသစ်ခေါင်းပျားများလည်း ပေါများစွာမြင်တွေ့ရကာ ၎င်းတို့ကို သိပ္ပံနည်းကျမွေးမြူနိုင်ရန် သင်တန်းမှတစ်ဆင့်အသိပညာများရရှိပြီး ပျားမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်သွားကြစေလိုကြောင်း၊ ကရင်ပြည်နယ်တွင် ပျားမွေးမြူရေးဌာနပိုင်ပျားအုံ(၈၈၀)အုံနှင့်ပုဂ္ဂလိကပိုင်ပျားအုံ(၁၇၉၅)အုံ ကို စနစ်တကျရွှေ့ပြောင်းမွေးမြူလျက်ရှိပြီး တောင်သူများအနေဖြင့် ပျားကိုတစ်ပိုင်တစ်နိုင်မွေးမြူလာအောင် စီးပွားဖြစ် မွေးမြူလာအောင် စည်းရုံးဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဒေါက်တာတင်နွယ်ရီက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သင်တန်းနည်းပြ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှဦးစီးအရာရှိဦးစောကျော်ကျော်လင်းက ပျားမွေးမြူရေးပြည်သူပညာပေးသင်တန်းသင်ကြားရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အဆိုပါသင်တန်းတွင် ပျာအုံတစ်အုံ၏ဖွဲ့စည်းပုံ၊ ပျားအုံကိုင်တွယ်ထိန်းသိမ်းပုံ၊ ရရှိမည့်ပျားထွက်ပစ္စည်း၊ အသုံးဝင်ပုံ၊ အကျိုးအမြတ်၊ ပျားဖြင့်ဝတ်မှုံကူးပေးခြင်း၊ သီးနှံအထွက်တိုးပုံများကို စာတွေ့၊လက်တွေ့ သင်ကြားပေးသွား မည်ဖြစ်ပြီး နိုင်းကြာ၊ လှိုင်းပုံ၊ မင်္ဂလာရွာသစ်၊ တောင်နား၊ အုန်းတပင်၊ လှာကဒေါင် မွေးမြူရေးဇုန်နှင့် လှိုင်ဝါးကျေးရွာတို့မှ သင်တန်းသား၊သင်တန်းသူ ၅၀ ဦးတက်ရောက်လျက်ရှိကာ သင်တန်းကာလမှာ မေလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ ကြာမြင့်မည်ဖြစ်ကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပျားမွေးမြူရေးပညာပေးသင်တန်း သင်ထောက် ကူပစ္စည်းများနှင့် ပျားမွေးမြူရေးထုတ်ကုန်များကို ကြည့်ရှုအားပေးခဲ့ကြကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာ ကြားခဲ့ပါသည်။



သတင်းစာများ - ၃၅၂၆ ခု
၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 15, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
