ပြည်သူ့ EV သုံးစွဲမှုမြင့်တက်လာမှုအတွက် သင်တန်းများ တိုးချဲ့ဖွင့်လှစ်ပြီး နည်းပညာရှင်များ မြှင့်တင်မွေးထုတ်
ပြည်သူ့ EV သုံးစွဲမှုမြင့်တက်လာမှုအတွက် သင်တန်းများ တိုးချဲ့ဖွင့်လှစ်ပြီး နည်းပညာရှင်များ မြှင့်တင်မွေးထုတ်
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / March 15, 2026
နေပြည်တော် မတ် ၁၄
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်များအတိုင်း လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီသည် လုပ်ငန်းတာဝန်များကို ကြိုးပမ်းထမ်းဆောင်လျက်ရှိရာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း)၌ ယနေ့ နေ့လယ်ပိုင်းတွင် Hybrid စနစ်ဖြင့် ကျင်းပသည့် EV Mechanics (၁/၂၀၂၆)သင်တန်းဆင်းပွဲအခမ်းအနားသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်မှ ဗွီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။
ဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူများ၏ လျှပ်စစ်ကား (EV) သုံးစွဲမှုများ သိသာစွာ တစ်ရှိန်ထိုး မြင့်တက်လာပါကြောင်း၊ သို့ဖြစ်ရာ သင်တန်းဆင်းများသည် လျှပ်စစ်ကားကို ဘေးအန္တရာယ် ကင်းရှင်းစွာ သက်တမ်းပြည့် သုံးစွဲနိုင်ကာ အကျိုးကျေးဇူးများကို ရရှိနိုင်စေရေးတို့အတွက် နည်းပညာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ ယင်းအပြင် ပြည်သူများနှင့် လုပ်ဖော်ကိုင်ဖက်များ၏ လက်ဝယ် အရောက် အသိပညာများကို ဖြန့်ဝေပေးသွားရန်၊ နိုင်ငံ့အကျိုးပြု EV နည်းပညာရှင်များ အမှန်တကယ် ဖြစ်စေရေး အတွက် သင်တန်းမှ ပို့ချသော နည်းပညာများကို အခြေခံပြီး စဉ်ဆက်မပြတ် လေ့လာသွားရန် လိုအပ်ကြောင်း၊
သင်တန်းတာဝန်ခံများသည် သင်တန်းများကို အရည်အသွေးစံနှုန်းများ ပြည့်မီအောင် စဥ်ဆက်မပြတ် ဖွင့်လှစ် နိုင်ရေး အလေးထားဆောင်ရွက်သွားရန်၊ သင်တန်းနည်းပြများသည် ဖွံ့ဖြိုးမှုနှုန်း မြန်ဆန်နေသော EV နည်းပညာ အရွေ့များနှင့်အတူ လိုက်ပါနိုင်ရေးအတွက် အစဥ်လေ့လာကြပြီး EV နည်းပညာစွမ်းရည်များနှင့် လေ့ကျင့်ပြသနိုင်မှု အရည်အသွေးများကို ပုံမှန်ဆန်းစစ်သုံးသပ်ကာ မွမ်းမံသွားကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း) ကျောင်းအုပ်ကြီးက သင်တန်းဆင်း လက်မှတ်များကို ပေးအပ်သည်။ ယင်းနောက် ကားဝပ်ရှော့မှ သင်တန်းဆင်း တစ်ဦးက သင်တန်းဆင်း ၂၃ ဦး၏ ကိုယ်စား သင်တန်းအတွေ့အကြုံများကို Power Point ဖြင့် တင်ပြပြီး ကျေးဇူးတင် စကားပြောကြားပါသည်။ ၂၀၂၂ ခုနှစ်မှ စ၍ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီသည်နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)နှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း)တို့တွင် လည်းကောင်း၊ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ မော်တော်ယာဥ်သုတေသနဌာန(ပြင်ဦးလွင်)တွင် လည်းကောင်း EV နည်းပညာသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်တွင် သင်တန်း တစ်မျိုးတည်းကို ဖွင့်လှစ်ကာ သင်တန်းဆင်း ၃၅ ဦးသာ မွေးထုတ်ပေးနိုင်ခဲ့ရာမှ ယမန်နှစ်မှစ၍ EV နည်းပညာသင်တန်း ၉မျိုးအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့အထိ သင်တန်းဆင်း ၉၀၀ ဦး မွေးထုတ်ပေးနိုင်ပြီဖြစ်ကာ နည်းပညာလိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်သူများနှင့် EV လုပ်ငန်းရှင် များ၏ တက်ရောက်နိုင်မှုနှင့် ဆန္ဒရှိသည့် နည်းပညာတို့အပေါ် မူတည်၍ စိတ်ကြိုက်သင်တန်းများကိုပါ စဥ်ဆက်မပြတ် တိုးချဲ့ဖွင့်လှစ်ပေးလျက် ရှိကြောင်း သိရသည်။
သတင်းစာများ - ၃၄၇၁ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
