ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၊ China Media Group (CMG) တို့ပူးပေါင်းစီစဉ်ကျင်းပသည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အောင်မြင်မှုများမျှဝေခြင်းနှင့် မှတ်တမ်းရုပ်ရှင်ပြသခြင်းအခမ်းအနားကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 15, 2026
image_latest


နေပြည်တော် မတ် ၁၄

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် China Media Group (CMG) တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် “လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အောင်မြင်မှုများမျှဝေခြင်းနှင့် မှတ်တမ်းရုပ်ရှင်ပြသခြင်း” အခမ်းအနားကို မတ် ၁၃ ရက် နံနက်ပိုင်းက မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (ရန်ကုန်) Studio A ၌ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Dr.Zheng Zhihong၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာလန်ချန်း -မဲခေါင် သီတင်းပတ် အင်တာဗျူးလှုပ်ရှားမှုများ မိတ်ဆက်ဗီဒီယိုကိုပြသသည်။

ယင်းနောက် “လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအနာဂတ်ကို အတူဆွေးနွေးခြင်း” အစီအစဉ်ကို စတင်ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၏ အမှာစကား Video Message ကို ပြသသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Dr.Zheng Zhihong က “လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အောင်မြင်မှုများမျှဝေခြင်းနှင့် မှတ်တမ်းရုပ်ရှင်ပြသခြင်း အခမ်းအနား” ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

ထို့နောက် အမျိုးသားပူးပေါင်း ဆောင်ရွက်မှုညှိနှိုင်းရေးအဖွဲ့ (မြန်မာ) မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက (Video Conferencing)ဖြင့် ဆက်လက် ဆွေးနွေးသည်။

ဆက်လက်၍ မီဒီယာများအနေဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍနှင့်ပတ်သက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဒေါ်လိန်းမောင်းပန်က ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ဆွေးနွေးပွဲ (ဒုတိယပိုင်း) ကို “လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး မှတ်တမ်းရုပ်ရှင်ပြသခြင်း”ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပရာ “တောင်ဘက်သို့စီးဆင်းနေ သောမြစ်” မှတ်တမ်းရုပ်ရှင်ကိုပြသပြီး မြန်မာနိုင်ငံ လန်ချန်း-မဲခေါင် စီမံကိန်းမှတ်တမ်းရုပ်ရှင်နှင့်စပ်လျဉ်း၍ သဘောထားအမြင်များကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လုပ်ရေးမှူးများဖြစ်ကြသည့် ဒေါ်မေလိခစိုး၊ ဦးဇေယျာကျော်ဝင်းနှင့် ဒေါ်ရွှေစင်ကျော်ရှိန်တို့က တစ်ဦးချင်း ဆွေးနွေးကြသည်။

ထို့နောက် အခမ်းအနားအစီအစဉ် (တတိယပိုင်း) ကို “မဲ‌ခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ဆက်လက်ကျင်းပရာ “လန်ချန်း-မဲခေါင် အမျိုးသားပူးပေါင်းဆောင်ရွက်မှု (၁၀)နှစ်ပြည့် အခမ်းအနား” ဗီဒီယို၊ “မြန်မာနိုင်ငံ သီးနှံအထွက်နှုန်း ဆန်းစစ်အကဲဖြတ်အချက်အလက်စင်တာ” နှင့် “ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း သုတေသနစင်တာ” တို့၏ အင်တာဗျူးဗီဒီယိုများကို ပြသသည်။

ဆက်လက်၍ မြန်မာနိုင်ငံ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ခြင်းတို့နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဒေါက်တာဇော်သန်း၊ ဒေါ်နှင်းအေးခိုင်နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဦးစီးအရာရှိ ဒေါ်ကြွယ်ကြွယ်ထိုက်တို့က သဘောထားအမြင်များကို ဆွေးနွေးပြောကြားကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၇၀ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download