ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 08, 2025
နေပြည်တော် နိုဝင်ဘာ ၇
ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဒေါ်ချိုချိုကျော်ငြိမ်းက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၇ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ကျွန်မကတော့ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၏ဥက္ကဋ္ဌ ဒေါ်ချိုချိုကျော်ငြိမ်း ဖြစ်ပါတယ်။ ကျွန်မ၏မိဘများမှာ ဦးကျော်ငြိမ်း (နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်ဟောင်း) နှင့် ဒေါ်နွဲ့နွဲ့ရီ တို့ ဖြစ်ကြပါတယ်။ ကျွန်မ၏ဖခင် ဦးကျော်ငြိမ်းဟာ မြန်မာပြည်လွတ်လပ်ရေးရအောင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရှေ့တန်းမှ လက်တွဲပြီး ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ မြန်မာပြည် လွတ်လပ်ရေးရပြီး နိုင်ငံတော်ထူထောင်သည့်အခါမှာလည်း မြန်မာပြည်ဟာ အရှေ့တောင်အာရှနိုင်ငံများမှာ နိုင်ငံအများစုက အားကျခဲ့ရပါတယ်။
ကျွန်မ၏မိခင် ဒေါ်နွဲ့နွဲ့ရီဟာလည်း နေ့စဉ် သံဃာတော်အပါး (၁၀၀၀) အား ဆွမ်းကွမ်းဆက်ကပ်လှူဒါန်းခဲ့သော ဆွမ်းဒါယိကာမကြီး ဖြစ်ပါတယ်။ ဆဋ္ဌသင်္ဂါယနာတင်ပွဲ ပြုလုပ်သည့်အခါ ဆွမ်းကွမ်းဒကာမအဖြစ် ရန်ကုန်မြို့ရှိ ကမ္ဘာအေးလိုဏ်ဂူဘုရားမှာ သံဃာတော်များအား ဆွမ်းဒကာမအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်မ၏မိခင်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရရန် ဆောင်ရွက်ခဲ့စဉ် ဖခင်ကြီးနှင့်အတူ လက်တွဲ၍ တိုက်ပွဲဝင်ခဲ့သောသူ ဖြစ်ပါတယ်။
နိုင်ငံတော်ကို ဘယ်လိုပြန်တည်ဆောက်မလဲဆိုတာ မိမိ၏ဖခင်အမြဲပြောနေတဲ့ စကားဖြစ်ပါတယ်။ ကျွန်မတို့မြန်မာပြည်ဟာ လွတ်လပ်ရေးရကတည်းက ပြည်တွင်း မငြိမ်သက်မှုများသည် ယနေ့ထက်တိုင် ဖြစ်ပေါ်လျက်ရှိပါတယ်။ ပြည်တွင်းတိုင်းရင်းသားများကလည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုထူထောင်ရန် အမြဲတောင်းဆိုလျက် ရှိပါတယ်။
လေးစားအပ်ပါသောမိဘပြည်သူများရှင့်
ဖက်ဒရယ်ဆိုသည်မှာ ယေဘုယျအားဖြင့် ဗဟိုချုပ်ကိုင်မှုလျှော့ချရေးပင် ဖြစ်ပါတယ်။ မိမိအနေဖြင့် လေ့လာမှုတွေရှိခဲ့သည်မှာ ဖက်ဒရယ်ဟာ စနစ်အမျိုးမျိုးရှိပါတယ်။ ကျွန်မတို့တိုင်းပြည်နဲ့ လိုက်ဖက်သောစနစ်ဖြစ်ရမည်ဟု ယုံကြည်ပါတယ်။ ဖက်ဒရယ်မှာ လူမျိုးရေးကို အခြေခံသော ဖက်ဒရယ်နဲ့ တိုင်းဒေသကြီး/ ပြည်နယ်ကို အခြေခံသော ဖက်ဒရယ်စနစ်ကို အနီးစပ်ဆုံးတွေ့ရမှာပါ။ ကျွန်မအနေနဲ့ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုး (၁၃၅) မျိုးနှင့် ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တာကြောင့် လူမျိုးအခြေခံသည့် ဖက်ဒရယ်စနစ်တည်ဆောက်မည်ဆိုပါက အင်မတန်ရှုပ်ထွေးမှုများ ရှိလာနိုင်ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီး/ ပြည်နယ်ကို အခြေခံသော ဖက်ဒရယ်စနစ်ကိုသာ တည်ဆောက်ဖို့ ကျွန်မတို့ပါတီမှ သက်ဝင်ယုံကြည်တာကြောင့် ပဲခူးတိုင်းဒေသကြီးမှာ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီကို ထူထောင်ခဲ့ခြင်း ဖြစ်ပါတယ်။
ယနေ့အချိန်ဟာ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပရန် လအနည်းငယ်သာလိုပါတော့တယ်။ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရင် လွှတ်တော်တစ်ရပ် ပေါ်ပေါက်လာမည်ဖြစ်ပါတယ်။ လွှတ်တော်ပေါ်ပေါက်လာပါက ပြည်သူများ ရင်ဆိုင်နေရသော ပြဿနာများကို လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် လွှတ်တော်တွင် ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ လွှတ်တော်ဆိုတာဟာ တိုင်းပြည်၏ ဦးနှောက်ဟုပင် တင်စားခေါ်ရမှာဖြစ်ပါတယ်။ လွှတ်တော်ကသာ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသော အစိုးရကို ထိန်းကျောင်းရမည်ဖြစ်ပါတယ်။ အစိုးရကို ထိန်းကျောင်းဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်များကလည်း အရည်အချင်းရှိရမည့်အပြင် လွှတ်တော်ထဲမှာ ပြောတတ်၊ ဆိုတတ်၊ ပြောရဲဆိုရဲရှိသော လွှတ်တော်ကိုယ်စားလှယ်များ ပါရှိရမှာဖြစ်ပါတယ်။ ကျွန်မတို့ပါတီဟာ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ပညာတတ်များဖြင့် ရွေးချယ်ထားသည့်အပြင် တရားလွှတ်တော်ရှေ့နေအများစုကိုလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် စုစည်းထားပါတယ်။ ရွေးကောက်ပွဲအပြီးပေါ်လာမယ့်အစိုးရဟာ ပါတီစုံဒီမိုကရေစီစနစ်ကို အခြေခံတာကြောင့် ပါတီအများစုပါဝင်သော အစိုးရဖြစ်မည်ဟု ကျွန်မအနေဖြင့် ယုံကြည်ပါတယ်။ ပါတီအများစုပါဝင်သော အစိုးရဖြစ်တာကြောင့် တစ်ဦးနှင့် တစ်ဦး ထိန်းကျောင်းပြီး နိုင်ငံတော်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါတယ်။
လေးစားအပ်ပါသော မိဘပြည်သူများရှင့်
ပြည်ထောင်စု မြန်မာနိုင်ငံတော်သူ နိုင်ငံသားအားလုံးတို့ဟာ ဒီမိုကရေစီ ပြည်ထောင်စုကြီး၌ ပျော်ပျော်ရွှင်ရွှင်၊ ချစ်ချစ်ခင်ခင် ငြိမ်းချမ်းသာယာစွာ နေထိုင်နိုင်ကြရန် အလို့ငှာလည်းကောင်း၊ လူမျိုးမရွေး၊ ကျားမ မရွေး၊ ဘာသာမရွေး၊ အသက်ကြီးငယ်မရွေး၊ နေထိုင်ရာ ဒေသ၊ ငွေကြေး ဆင်းရဲချမ်းသာမရွေး ပြည်ထောင်စုသားတိုင်းဟာ -
နိုင်ငံရေးလွတ်လပ်ခွင့် အပြည့်အဝ ရရှိစေရန်
စီးပွားရေးလွတ်လပ်ခွင့်များ ရရှိစေရန်
လူမှုရေး လွတ်လပ်ခွင့်များ ရရှိစေရန်
ဤအခွင့်အရေးများကို အပြည့်အဝရရှိစေရန် “ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ” ကို ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ပါတယ်။ ပါတီအမည်မှာ “ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ” ဖြစ်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ မိမိတို့ပြည်ထောင်စုသားအားလုံး ပိုင်ဆိုင်ကြောင်း၊ ပြည်ထောင်စုဖွံ့ဖြိုးတိုးတက်ရေးဟာလည်း မိမိတို့တွင် တာဝန်ရှိကြောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။
ပါတီရဲ့အလံ - ရွှေဝါရောင်နောက်ခံ၏ အလယ်ဗဟို၌ အစိမ်းရောင်က ဒေါင်းထားရှိပါတယ်။ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ အလံ၏ အောက်ခံအဝါရောင်ဟာ နိုင်ငံတော်၏ မြေပေါ်မြေအောက် သယံဇာတနှင့်ပြည့်စုံ၍ ချမ်းသာကြွယ်ဝ ခြင်းကို ဖော်ညွှန်းပါတယ်။ အစိမ်းရောင်က ဒေါင်းကတော့ ပြည်ထောင်စုသားများ အားလုံး စိတ်ချမ်းမြေ့စွာနှင့် ပျော်ရွှင်ကြည်နူးမှုရရှိကြောင်းကို ဆိုလိုပါတယ်။
မူဝါဒသဘောထား
ကျွန်မတို့ပါတီဟာ ပြည်ထောင်စုသူ၊ ပြည်ထောင်စုသားများအား ဒီမိုကရေစီအခွင့်အရေး အပြည့်အဝခံစားရရှိနိုင်ရန်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ပေးပါမယ်။
ကျွန်မတို့ပါတီက ယုံကြည်သော ဒီမိုကရေစီစနစ်တွင် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကား ကျင့်သုံးနိုင်ရေး၊ နိုင်ငံရေးလွတ်လပ်မှု၊ စီးပွားရေးလွတ်လပ်မှု၊ တရားစီရင်ရေးလွတ်လပ်မှု၊ လွတ်လပ်စွာ တွေးတောကြံဆနိုင်မှု၊ လွတ်လပ်စွာဟောပြောစည်းရုံးနိုင်မှုစသည့် လွတ်လပ်မှုအခြေခံ အခွင့်အရေးများကို ပြည်သူတို့ အပြည့်အဝ ခံစားနိုင်ကြရန် ဖြစ်ပါတယ်။
အမျိုးသားအချင်းချင်းပြန်လည်ရင်ကြားစေ့ရေး
အမျိုးသားအချင်းချင်း ပြန်လည်ရင်ကြားစေ့ရေးမူဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချက်အချာကျပါတယ်။ ထိုမူကို “ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ” က အလေးအနက်ထားပြီး အောင်မြင်စေရန် ကြိုးပမ်း ဆောင်ရွက်သွားပါမယ်။
တစ်မျိုးသားလုံး အေးအတူပူအမျှ အတူတကွ လက်တွဲဆောင်ရွက်နိုင်ကြရေးအတွက် မိမိတို့ဟာ တစ်နိုင်ငံတည်းသားများ ဖြစ်ကြသည်ဟူသော မိသားစုစိတ်ဓာတ်များ ထားရှိရန်လိုအပ်ပါတယ်။
တိုင်းရင်းသားလူနည်းစုများအရေး
ပင်လုံညီလာခံအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို တည်ဆောက်ခဲ့ပါတယ်။
(၁၉၄၇) ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လွှတ်တော်မှ ရေးဆွဲခဲ့ပါသည်။ ထိုစဉ်က နိုင်ငံခေါင်းဆောင်များ ရွေးချယ်ခဲ့လိုက်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ လူနည်းစုများလည်း ကျေနပ်စေ၊ ထိရောက်သော နိုင်ငံအုပ်ချုပ် ရေးလည်းဖြစ်စေသည့် အသွင်သဏ္ဌာန်အားဖြင့် ပြည်ထောင်စု၊ အနှစ်သာရ အားဖြင့် တစ်ပြည်ထောင်စနစ် ဖြစ်ပါတယ်။
သို့သော်လည်း လွတ်လပ်ရေးနှင့်အတူ ပါတီဂိုဏ်းဂဏဝါဒ၊ လူမျိုးရေး ဂိုဏ်းဂဏဝါဒအစွဲများကြောင့် အချင်းချင်းစိတ်ဝမ်းများ ကွဲခဲ့ကြရပါတယ်။ ပြည်ထောင်စုနိုင်ငံကြီးဟာလည်း ကမ္ဘာ့အဆင့်အတန်းမီ ဖြစ်မလာဘဲ .. ခေတ်နောက်ကျ ကျန်ရစ်ခဲ့ရပါတယ်။ ထိုအကျိုးဆက်များကြောင့် ပြည်ထောင်စု ကြီးကို ချစ်သည့်စိတ်၊ တိုင်းရင်းသားအချင်းချင်း ညီညွတ်သောစိတ်များ ပျက်ပြယ်ခဲ့ရပါတယ်။
စီးပွားရေးကဏ္ဍ
စီးပွားရေးကဏ္ဍတွင် လွတ်လပ်သော ဈေးကွက်စီးပွားရေး၊ ပုဂ္ဂလိကကုန်ပစ္စည်းထုတ်လုပ်ရေး၊ ပုဂ္ဂလိကနှင့် နိုင်ငံခြား ဖက်စပ်လုပ်ငန်းများ၊ ပုဂ္ဂလိက - အစိုးရ ဖက်စပ်လုပ်ငန်းများ၊ ပုဂ္ဂလိက - အစိုးရနှင့် နိုင်ငံခြား ဖက်စပ်လုပ်ငန်းများ၊ အစိုးရအချင်းချင်း ဖက်စပ်လုပ်ငန်း၊ သမဝါယမလုပ်ငန်း၊ အစိုးရမှ တာဝန်ယူရသော စီးပွားရေးကဏ္ဍဟူ၍ အသီးသီးရှိပါတယ်။
ပညာရေးမူဝါဒ
“ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ” ဟာ ရေရှည်တည်တံ့ခိုင်မြဲခြင်းရှိတဲ့ ပညာရေးစနစ်ကို ဦးတည်ပြီး စီမံကိန်းများ ချမှတ်ဆောင်ရွက်ပါမယ်။ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ခေတ်နှင့်အမီ ရင်ပေါင်တန်း ရပ်တည်နိုင်ရေးအတွက် နိုင်ငံခြားပညာသင်များ ပိုမိုစေလွှတ်ခြင်း၊ နိုင်ငံတကာမှ ကျွမ်းကျင်သည့် ပညာရှင်များကိုလည်း ဖိတ်ခေါ်လေ့ကျင့်စေခြင်းတို့ကို ပြုလုပ်မည် ဖြစ်ပါတယ်။
နိုင်ငံတကာ ပညာရေးစနစ်နှင့် ရင်ပေါင်တန်းနိုင်အောင် တက္ကသိုလ်၊ ကောလိပ်နှင့် စိုက်ပျိုးရေး၊ စက်မှုလက်မှုကျောင်းများကို ပြုပြင်မွမ်းမံတိုးချဲ့ ဆောင်ရွက်ပါမယ်။ တိုးတက်ပြောင်းလဲနေသော ကမ္ဘာ့အခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြည်ထောင်စုမြန်မာနိုင်ငံသားများကို နိုင်ငံတကာလုပ်ငန်းခွင်တွင် ဝင်ရောက်ယှဉ်ပြိုင် သင်ကြားလေ့ကျင့်စေပါမယ်။ ကျွမ်းကျင်လုပ်သား များကို မွေးထုတ်ပေးပြီး နိုင်ငံတကာ လူသားအရင်းအမြစ်ဈေးကွက်မှာ မြန်မာလုပ်သားများ ဝင်ရောက်ထိုးဖောက်နိုင်စေရန်အတွက် နည်းပညာနှင့် အတတ် ပညာများ သင်ကြားပေးခြင်းအားဖြင့် အစဉ်သဖြင့် မွမ်းမံပေးမည် ဖြစ်ပါတယ်။
ကျန်းမာရေးမူဝါဒ
ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်ကို ခေတ်နှင့်လျော်ညီစွာ နိုင်ငံတကာအဆင့်သို့ ရောက်အောင် တည်ဆောက်မည်။ လူတိုင်းအခမဲ့ဆေးဝါး ကုသခွင့်ကို ရှေးရှုဦးတည်ပြီး စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်မည်။ ပြည်သူ့ကျန်းမာရေးကို အနောက်တိုင်းဆေးပညာနည်း၊ တိုင်းရင်းဆေးပညာနည်းတို့ဖြင့် ပေါင်းစပ်အကောင်အထည်ဖော်မည် ဖြစ်ပါတယ်။
ဆေးကုသရေး၊ ကာကွယ်ရေးနှင့် ပညာပေးလုပ်ငန်းများကို ဟန်ချက်ညီစေရန် အမျိုးသားကျန်းမာရေးမူများချမှတ်ပြီး ပြည်သူ့ကျန်းမာရေးစနစ်ဖြင့် ကျေးလက်ဒေသ၊ နယ်စပ်ဒေသနှင့် တောင်တန်းဒေသများပါမကျန် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန် ဆောင်ရွက်ပါမည်။
လူမှုစောင့်ရှောက်ရေးမူဝါဒ
ပြည်ထောင်စုမြန်မာနိုင်ငံသားအားလုံးသည် နိုင်ငံတော်အစိုးရနှင့် မြန်မာ့လူမှုအသိုက်အဝန်း၏ ကာကွယ်စောင့်ရှောက်ခွင့်ကို တစ်ပြေးညီ ရရှိခံစားသင့်တယ်လို့ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီက လက်ခံယုံကြည်ထားပါတယ်။ အထူးသဖြင့် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများဟာ နိုင်ငံတော်နှင့် ပြည်သူလူထု၏ အထူးကာကွယ်စောင့်ရှောက်ခွင့်ကို ရရှိခံစားထိုက်သူများ ဖြစ်ပါတယ်။ မသန်စွမ်းသူများ၊ ဒုက္ခိတများ၊ မမာမကျန်း ဖြစ်နေသူများ၊ ရောဂါသည်လူနာများကို အနည်းဆုံးအခမဲ့ ကုသကာကွယ်စောင့်ရှောက်မှု ခံစားခွင့်များ ရရှိစေရန် စီမံဆောင်ရွက်မှာ ဖြစ်ပါတယ်။ ခိုကိုးရာမဲ့၊ အိုးအိမ်မဲ့ဒုက္ခသည်များကိုလည်း ယာယီအစားအသောက်နှင့် နေထိုင်တည်းခိုစရာအိမ်ရာများကို ဈေးနှုန်းသက်သာစွာ နေထိုင်နိုင်ရေးအတွက် အမျိုးသားလူမှုစောင့်ရှောက်ရေးစီမံချက်အောက်မှာ အိမ်ရာများကို ဖန်တီးပေးမည်ဖြစ်ပါတယ်။ စစ်မှုထမ်းဟောင်းများနှင့် ပင်စင်စားသက်ကြီးရွယ်အိုများအတွက် လူမှုအာမခံချက်များ ရရှိစေရန်နှင့် သက်သောင့် သက်သာ ဖြင့် အနားယူနေထိုင်နိုင်ရန် စီမံဆောင်ရွက်ပေးမှာပါ။
တောင်သူလယ်သမားအရေး
ကိုယ်တိုင်လယ်လုပ်သူများအပါအဝင် အခြားမြေဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူများအတွက် လယ်ယာမြေလွှဲပြောင်းခွင့်၊ အမွေပေး ခွင့်၊ ရောင်းချပေါင်နှံခွင့် စသည့် အခွင့် အရေးတို့ကိုလည်း ရရှိစေရပါမည်။
လယ်ယာမြေလုပ်ငန်းအတွက် လိုအပ်သော မျိုးကောင်းမျိုးသန့်နှင့် အထွက်တိုးမျိုးစပါးရရှိရေး၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ကြိတ်ခွဲရေးအပါအဝင် လယ်ယာမြေပြုပြင်ထိန်းသိမ်းရေးအတွက် လိုအပ်သော ပံ့ပိုးမှုများကို စိုက်ပျိုးရေးဘဏ်များ တိုးတက်ဖွင့်လှစ်၍ စိုက်ပျိုးစရိတ်ငွေ ထုတ်ချေးခြင်းနည်းအရသော်လည်းကောင်း၊ နိုင်ငံတော်မှလည်းကောင်း၊ နိုင်ငံတော်၏ ငွေကြေးအခြေအနေအရသော်လည်းကောင်း ပံ့ပိုးကူညီမှာ ဖြစ်ပါတယ်။
လယ်ယာမြေနှင့် စိုက်ပျိုးရေးတွင် ဆန်စပါးနှင့် စက်မှုကုန်ကြမ်းထုတ်လုပ်မှုအတွက် စီမံကိန်းချနည်းဖြင့် အဓမ္မကျင့်သုံးခြင်းမပြုဘဲ ပြည်တွင်းပြည်ပဈေးနှုန်းအတက်အကျနှင့် နိုင်ငံခြားဝင်ငွေလည်း ပိုမိုရရှိနိုင်မည့် သီးနှံများကို စိတ်ကြိုက်စိုက်ပျိုးနိုင်ရန် အားပေးကူညီပါမယ်။
ပုဂ္ဂလိက စက်မှုလယ်ယာနှင့် နှစ်ရှည်သီးပင်စားပင်များ စိုက်ပျိုးထုတ်လုပ် နိုင်ရေးအတွက် မြေလွတ်မြေရိုင်းများ တိုးချဲ့ဖော်ထုတ်ခြင်းများကို ခွင့်ပြုပါမယ်။
လယ်ယာမြေမှ စိုက်ပျိုးထုတ်လုပ်သော ဆန်စပါးနှင့် အခြားသီးနှံမျိုးစုံတို့ကို လွတ်လပ်စွာ စိုက်ပျိုးခွင့်၊ သိုလှောင်ကြိတ်ခွဲခွင့်၊ သယ်ယူပို့ဆောင်ခွင့်၊ ရောင်းချခွင့်များ ရရှိစေရမှာ ဖြစ်ပါတယ်။
ခေတ်မီစိုက်ပျိုးရေး၊ လယ်ယာမြေထုတ်ကုန်တိုးတက်ရေးတို့အတွက် ခေတ်မီနည်းပညာ တိုးတက်စေရန်နှင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းလိုက်နိုင်စေရန် ခေတ်မီစိုက်ပျိုးရေး နည်းပညာများကို ရယူမည်။ ကမ္ဘာ့ကုလသမဂ္ဂအထူးအေဂျင်စီများ အကူအညီဖြင့်သော်လည်းကောင်း၊ အခြားနည်းအားဖြင့်သော်လည်းကောင်း တောင်သူလယ်သမားများအား ပံ့ပိုးကူညီမည် ဖြစ်ပါတယ်။
တောင်သူလယ်သမားများအနေနှင့် ဒီမိုကရေစီကျင့်စဉ်အရ မိမိတို့ အခွင့်အရေးကို ကာကွယ်ပိုင်ခွင့်၊ မိမိတို့ လူနေမှုဘဝတိုးတက်မြင့်မားရေး၊ အကျိုးတူလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် “တောင်သူ လယ်သမားအစည်းအရုံး” ကို လွတ်လပ်စွာ ဖွဲ့စည်းနိုင်ခွင့် ရှိစေရပါမယ်။
နိုင်ငံတော်ကာကွယ်ရေးနှင့်တပ်မတော်ကဏ္ဍ
နိုင်ငံတော်ဟု တည်ထောင်ဖွဲ့စည်းသည်နှင့်တစ်ပြိုင်နက် နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်ထူထောင်ဖွဲ့စည်းတည်ရှိရေးဟာ မရှိမဖြစ် လိုအပ်ချက်တစ်ရပ် ဖြစ်ပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု သမိုင်းအစဉ်အလာအရ တပ်မတော်ကဏ္ဍဟာ ထူးခြားစွာ ပါဝင်ခဲ့ပါတယ်။ ထိုထူးခြားသော သမိုင်းအစဉ်အလာကို ဆက်လက်ထိန်းသိမ်းရန် အထူးလိုအပ်ပါတယ်။
ပြည်သူတို့၏ သားသမီးများဖြင့် ပါဝင်ဖွဲ့စည်းထားသော တပ်မတော်သည် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အန္တရာယ်အသွယ်သွယ်တို့ကို ကာကွယ်သော ပြည်သူ့တပ်မတော်၊ မျိုးချစ်တပ်မတော်အဖြစ် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသော တပ်မတော် ဖြစ်စေရပါမယ်။
မြန်မာနိုင်ငံတော်၏ လိုအပ်ချက်၊ နိုင်ငံတော်၏ဘဏ္ဍာရေးအခြေအနေနှင့်အညီ ကျစ်လျစ်ခိုင်မာ၍ ခေတ်မီတိုးတက်သော စစ်စွမ်းရည်၊ တိုက်ခိုက်ရေး စွမ်းရည်မြင့်မားသော ခေတ်မီတိုးတက်သည့် တပ်မတော် ဖြစ်စေရပါမယ်။
နိုင်ငံခြားရေး
နိုင်ငံတိုင်းဟာ မိမိနိုင်ငံ အကျိုးရှိရေး ရည်မှန်းချက်များနှင့်အညီ နိုင်ငံတကာနှင့် မိတ်ဝတ်မပျက် ဆက်ဆံပေါင်းသင်းရမြဲဖြစ်ပါတယ်။ ထိုအခြေခံဖြင့် နိုင်ငံခြားရေးမူဝါဒများ ချမှတ်လိုက်နာ ဆောင်ရွက်ကြရမြဲ ဖြစ်ပါတယ်။
ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၏ မျှော်မှန်းချက်
ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်ကြီး တည်ဆောက်ရေးအတွက် ကြိုးပမ်းရာမှာ
မိမိတို့၏ “ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ” သည် -
ပြည်ထောင်စုသားတိုင်း ဒီမိုကရေစီ လူ့အခြေခံလွတ်လပ်မှု အခွင့်အရေး များကို စည်းကမ်းတကျ ခံစားခွင့်အညီအမျှ ရရှိစေလိုသည်၊
ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာသော အခြေအနေကို ဖန်တီးလိုသည်၊
အမျိုးသားညီညွတ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးကို လိုလားသည်၊
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရန် လိုလားသည်။
ထိုအခြေအနေ (၄) ရပ်အပေါ် မူတည်၍ တည်တံ့ခိုင်မြဲသော နိုင်ငံတော်ကို တွေ့ မြင်လိုသည်။ ထိုမှတစ်ဆင့် နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်မျိုးသားလုံးနှင့်အတူ ညီညာဖြဖြ လက်တွဲဆောင်ရွက်လိုသည်။ ယင်းသို့သော မွန်မြတ်သည့် ရည်ရွယ်ချက်များဖြင့် “ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ” ကို တည်ထောင်ဖွဲ့စည်းခဲ့ပါတယ်။
မိဘပြည်သူများရှင့်
နိဂုံးချုပ်အနေနှင့် ကျွန်မတို့ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီသည် ပဲခူးတိုင်းဒေသကြီး အခြေစိုက်ပါတီဖြစ်သည့်အတွက်ကြောင့် ပဲခူးတိုင်းဒေသကြီးရှိ မိဘပြည်သူများ ကျွန်မတို့ပါတီနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ကြပါလို့ ဖိတ်ခေါ်ပါတယ်။ ရဲရဲသာလက်တွဲလိုက်ပါ။ ကျွန်မတို့ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီမှ ပြည်သူများ၏ လိုအပ်ချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်သွားပါမည်ဟု ဝန်ခံကတိပြုရင်း နိဂုံးချုပ်အပ်ပါတယ်ရှင်။
သတင်းစာများ - ၃၃၄၂ ခု
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 08, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 06, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 05, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 04, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 01, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 31, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
