ဘားအံမြို့၌ သီတင်းကျွတ်လပြည့်နေ့ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်
ဘားအံမြို့၌ သီတင်းကျွတ်လပြည့်နေ့ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / October 07, 2024
ဘားအံ - အောက်တိုဘာ (၇)
ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့တွင် မြန်မာသက္ကရာဇ်(၁၃၈၆)ခုနှစ် သီတင်းကျွတ်လပြည့်နေ့ပွဲတော်ကို မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ၊ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများပူဇော်ကန်တော့ပွဲ၊ သံဃာပဝါရဏာသိမ်ဆင်းလောင်း လှူပူဇော်ပွဲ၊ ဆီမီး (၉၀၀၀)ပူဇော်ပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ပွဲတော်ကျင်းပရေးဦးစီး ကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းကော်မတီများလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
သီတင်းကျွတ်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သီတင်းကျွတ် လပြည့်နေ့ပွဲတော်ကို ယခင်နှစ်များထက် ပိုမိုထူးခြား စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ အထောက်အကူပြုလုပ်ငန်းကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ထားကာ လိုအပ်သည်များတင်ပြဆွေးနွေးပေးကြ ရန်နှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်းတွင် အနည်းဆုံးအောက်ခြေအချင်း ၆ ပေ၊ အမြင့်ပေ ၄၀ နှင့်အထက် ရှိသော မီးပုံးပျံကြီး ၃၀ လုံးကို ဘားအံမြို့၊ သီရိကွင်း၌ လွှတ်တင်ပူဇော်မည်ဖြစ်ပြီး နံနက် ၁၀ နာရီခန့်တွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်မြို့နယ်များမှ ထေရ်ကြီး၊ဝါကြီး ဆရာတော်ကြီးများကို ပင့်ဖိတ်ပူဇော် ကန်တော့၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကာ မွန်းလွဲပိုင်းတွင် ဘားအံမြို့၊ မဲဘောင်ကျောင်းကြီး၌ သံဃာပဝါရဏာဆောင် ရဟန်း၊သံဃာတော် ၃၆၀ ပါးခန့်အား သိမ်ဆင်းလောင်းလှူ၍ ညဦးပိုင်းတွင် ဘားအံမြို့၊ သေဋ္ဌမာရ်အောင်ဘုရားကြီး၌ ဆီမီး(၉၀၀၀)ထွန်းညှိပူဇော်မည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အထောက်အကူပြုလုပ်ငန်းကော်မတီအတွင်းရေးမှူးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြကာ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အလားတူ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားနှင့် ကရင်ပြည်နယ်ပွဲတော်ကိုလည်း စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၂)၌ ကျင်းပရေးကော်မတီ၏(၂/၂၀၂၄)ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်နေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင် ရေး လုပ်ငန်းကော်မတီများအနေဖြင့် အချိတ်အဆက်မိမိဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ယခင်(၁/၂၀၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြကာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လုပ်ငန်း ကော်မတီအတွင်းရေးမှူးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနား နှင့်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြ သည်။
(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ကရင်ရိုးရာဒုံးအကပြိုင်ပွဲ၊ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ ရိုးရာလှေလှော်နှင့်နဂါးလှေလှော်ပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်၊ ဒေသအစားအစာနှင့်မုန့်ဈေးရောင်းပွဲ၊ သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲ၊ ဇာတ်သဘင်အကအလှများ၊ ဌာနဆိုင်ရာများနှင့် MSMEs ပြခန်းများ၊ အထိမ်းအမှတ်အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် နိုဝင်ဘာလ ၅ ရက်နေ့မှစတင်၍ ၁၀ ရက်နေ့ထိ စည်ကား သိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပါသည်။

သတင်းစာများ - ၃၅၁၃ ခု
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
