မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၌ ပညာရေးကဏ္ဍအား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ PDF အမည်ခံ အကြမ်းဖက်သမားများက ကျောင်းသုံးပုံနှိပ်စာအုပ်များအား လုယက်ယူဆောင်
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၌ ပညာရေးကဏ္ဍအား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ PDF အမည်ခံ အကြမ်းဖက်သမားများက ကျောင်းသုံးပုံနှိပ်စာအုပ်များအား လုယက်ယူဆောင်
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 18, 2025
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ် ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများ၊ ဒီဂရီကောလိပ်၊ တက္ကသိုလ်များအား ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ အကြမ်းဖက်သမားအဖွဲ့အစည်းများက ပညာရေးကဏ္ဍအား နှောင့်ယှက် ဖျက်ဆီးရန် ရည်ရွယ်၍ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်းမပြုနိုင်စေရန် ကျောင်းသုံးပုံနှိပ် စာအုပ်များအား လုယက်ယူဆောင်ခြင်းများအား လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ မေ ၁၆ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကျောမကြားကျေးရွာနေ ဦးသန်းစိုး(၄၁)နှစ်မောင်းနှင်ပြီး လေးယာပြည့်ကျေးရွာနေ ဦးဖိုးရဲ(၃၀)နှစ်လိုက်ပါလာသည့် 7M/XXXX “ချင်းတွင်းဧရာ” ခရီးသည်တင်မော်တော်ယာဉ်သည် ပခုက္ကူခရိုင်ပညာရေးမှူးရုံးမှ ကျောင်းသုံးပုံနှိပ်စာအုပ်များထည့်ထားသည့် ပီနံအိတ် ၃၆ အိတ်၊ အမှတ် (၁၇)အခြေခံပညာမူလတန်းလွန်ကျောင်း(ဗဟိုစည်)မှ ကျောင်းသုံးပုံနှိပ်စာအုပ်များ ထည့်ထားသည့် ပီနံအိတ် ၃၉ အိတ်တို့အား တင်ဆောင်၍ ရေစကြိုမြို့နယ်ပညာရေးမှူးရုံးသို့ ပို့ဆောင်ရန် ထွက်ခွာလာစဉ် ကံသစ်ကျေးရွာအနီးအရောက် PDF အမည်ခံ အကြမ်းဖက်သမား ရှစ်ဦးခန့်က မော်တော်ယာဉ်အား တားဆီးကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မြစ်လှချောင်းကျေးရွာအနီး၌ မော်တော်ယာဉ်အား ရပ်တန့် ခိုင်းကာ ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် Grade 7 အင်္ဂလိပ်စာအုပ် ၁၅၆၀ အုပ်ထည့်ထားသည့် ပီနံအိတ် ၁၃ အိတ်၊ Grade 7 ပထဝီဝင်စာအုပ် ၁၅၀၀ အုပ်ထည့်ထားသည့် ပီနံအိတ် ၁၅ အိတ်၊ Grade 7 သိပ္ပံစာအုပ် ၁၆၅၄ အုပ်ထည့်ထားသည့် ပီနံအိတ် ၁၆ အိတ်၊ Grade 1 မြန်မာစာအုပ် ၈၅၄ အုပ်ထည့်ထားသည့် ပီနံအိတ် ၉ အိတ်၊ Grade 1 အင်္ဂလိပ်စာအုပ် ၈၅၄ အုပ်ထည့်ထားသည့် ပီနံအိတ် ၆ အိတ်၊ Grade 1 သင်္ချာစာအုပ် ၈၇၆ အုပ်ထည့်ထားသည့် ပီနံအိတ် ၉ အိတ်၊ Grade 1 သိပ္ပံစာအုပ် ၇၉၀ အုပ်ထည့်ထားသည့် ပီနံအိတ် ၃ အိတ်၊ Grade 1 စာရိတ္တနှင့်ပြည်သူ့နီတိစာအုပ် ၆၈၄ အုပ် ထည့်ထားသည့် ပီနံအိတ် ၄ အိတ်တို့အား လုယက်ယူဆောင်ကာ ၎င်းတို့နှစ်ဦးအား မော်တော်ယာဉ်နှင့် အတူ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍအား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်းမပြုနိုင်စေရန် ကျောင်းသုံးပုံနှိပ်စာအုပ်များအား လုယက်ယူဆောင်ခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစာများ - ၃၁၈၀ ခု

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 29, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။
