မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးကာ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး၊ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့ ထိခိုက်ဒဏ်ရာရရှိ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးကာ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး၊ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့ ထိခိုက်ဒဏ်ရာရရှိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / January 04, 2026
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ရှော့တိုက်ဒုံးများ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာအနီး ပခုက္ကူ-မြိုင်သွားကားလမ်းပေါ်သို့ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ချလိုက်သည့် Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါနေရာအနီး ဖြတ်သန်းသွားလာလျက်ရှိသည့် ခရီးသည်တင်သုံးဘီးဆိုင်ကယ် တစ်စီးအား ဗုံးသီးပေါက်ကွဲစများ ထိမှန်ခဲ့သဖြင့် ယာဉ်မောင်းဖြစ်သူ ပခုက္ကူမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်နေ ဦးမျိုးထွန်းဦး(၄၀)နှစ်နှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများ ဖြစ်ကြသည့် အမှတ်(၁၅)ရပ်ကွက်နေ ဒေါ်ဝင်းဌေး(၅၀)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ပြီး ကျန်ခရီးသည်များဖြစ်ကြသော လယ်ယာကျေးရွာနေ ကိုခန့်ဇော်(၂၂)နှစ်၊ အမှတ်(၆)ရပ်ကွက်နေ ဒေါ်ခင်မာဌေး(၅၄)နှစ်၊ အမှတ်(၅)ရပ်ကွက်နေ ဒေါ်လှိုင်လှိုင်ဝေ(၂၉)နှစ်နှင့် ဒေါ်ထွေးတင်(၆၂)နှစ်၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာနေ ပြည်သူ့စစ်အဖွဲ့ဝင် ဦးကျော်မြင့်(၆၃)နှစ် တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ သေဆုံး/ဒဏ်ရာရရှိသူများအား ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာ များအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ ရှော့တိုက်ဒုံးများ၊ Drop Bomb များဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများအား ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက် ရှိကြောင်း သတင်းရရှိပါသည်။
သတင်းစာများ - ၃၄၀၁ ခု
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 03, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 01, 2026
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 31, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 29, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 28, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
