မင်းဘူးမြို့၌ အပူရှောင်စခန်းများဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 02, 2026
image_latest


နေပြည်တော် ဧပြီ ၁

၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်တွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်၏ အမြင့်ဆုံးအပူချိန်သည် ၄၃ ဒသမ ၀ ဒီဂရီဆဲလ်စီးယပ်ရှိခဲ့သည့်အတွက် ကမ္ဘာ့အပူဆုံးမြို့ များစာရင်းတွင် အဆင့်(၁) ဝင်ရောက်ခဲ့ခြင်းကြောင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ မိမိတို့၏ နေအိမ်များတွင် နေထိုင်ရန်ခက်ခဲသဖြင့် အပူဒဏ်တိမ်းရှောင်ရန်လိုအပ်သူများ အပူရှောင်စခန်း၌ လာရောက်နားခိုနိုင်ရေး အပူရှောင်စခန်းဖွင့်လှစ်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက် ပညာအလင်းရောင်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည်။

အစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်မိရပ်ဖများတက်ရောက်ကြသည်။

အစည်းအဝေးတွင် မင်းဘူးခရိုင် မင်းဘူးမြို့ အပူရှောင်စခန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက ပညာအလင်းရောင်ကိုယ်ပိုင် အထက်တန်းကျောင်းနှင့် သာသနာ့ဗိမာန်(အောက်ထပ်)တို့၌ အပူရှောင်စခန်း ဖွင့်လှစ်ရေးနှင့်စပ်လျဉ်း၍တင်ပြရာ ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ထိခိုက်လွယ်အုပ်စုဝင်များအပါအဝင် ပြည်သူများအနေဖြင့် အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များမဖြစ်ပေါ်စေရေး အပူဒဏ်ကာကွယ်ရေးနည်းလမ်းများကို ကိုယ်တိုင်လိုက်နာဆောင်ရွက်နိုင်စေရန်အတွက် ဆောင်ရန်/ရှောင်ရန်များကို ရှင်းလင်းပြောကြားကာ ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးမှုများ ဆက်လက်ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတက ပေးအပ်သော အလှူငွေကျပ်သိန်း ၃၀၀ နှင့် ငွေကျပ် ၉၀၈၀၀၀ဝ တန်ဖိုးရှိ ဓာတ်ဆားနှင့် အချိုရည်များ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ကထောက်ပံ့သည့် ထောက်ပံ့ငွေနှင့် အချိုရည်၊ သောက်ရေသန့်၊ တစ်ကိုယ်ရေသုံးပစ္စည်းများကို ပြည်ထောင်စုဝန်ကြီးများက တာဝန်ရှိသူများထံ လွှဲပြောင်းထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ အပူရှောင်စခန်းဖွင့်လှစ်မည့် ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းရှိ နားနေဆောင်၊ ထမင်းစားခန်း၊ သန့်စင်ခန်း၊ ယာယီဆေးခန်းတို့ကိုလည်းကောင်း၊ စကုမြို့ အောင်သုခကျောင်းတိုက်၊ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာနှင့် မင်းဘူးမြို့ သာသနာ့ဗိမာန်တို့တွင် အပူရှောင်စခန်းဖွင့်လှစ်ရန် စီမံဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ စကုမြို့ ပြည်သူ့ဆေးရုံ၌ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနွယ်ခြင်း (Heat Exhaustion) ၊ အပူဒဏ်ကြောင့် သတိလစ်ခြင်း(Heat Stroke) လက္ခဏာများဖြစ်ပေါ်လာပါက အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ် မကြီးကန်ကျေးရွာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားရှိသည့် အပူရှောင်စခန်းသို့သွားရောက်၍ အပူရှောင်လာရောက်ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အပူဒဏ်ကာကွယ်နိုင်ရေး လိုက်နာဆောင်ရွက်ရ မည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များအား ရှင်းလင်းပြောကြားကာ ထောက်ပံ့ငွေ၊ သောက်ရေသန့်နှင့် အချိုရည်များပေးအပ်သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် မကွေးမြို့၊ ချောက်မြို့၊ ရေနံချောင်းမြို့နှင့် နတ်မောက်မြို့တို့တွင် အပူရှောင်စခန်းလေးခုကို မတ် ၁၆ ရက်မှ စတင်ကာဖွင့်လှစ်ထားရှိပြီး အပူရှောင်လာရောက်ကြသူများအား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းနှင့် အပူဒဏ်နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းနှင့် လိုအပ်သည်များ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၈၈ ခု

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 31, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 30, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download