မစမ်းပါးကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 23, 2025
image_latest


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် သစ်တောဥပဒေပုဒ်မ (၆)၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (ဧက ၂၅၆၀) ရှိသောနယ်မြေကို “မစမ်းပါးကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၉၇/၂၀၂၅) အရ ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၂) ရက် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်)မှစ၍ သတ်မှတ် ကြောင်း ကြေညာလိုက်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဒီရေတောပင်များသည် ကပ္ပလီပင်လယ်ပြင်မှ ဖြစ်ပေါ်လာနိုင်သော သဘာဝ ဘေးအန္တရာယ်များကို တံတိုင်းသဖွယ် တားဆီးကာကွယ်ပေးနိုင်ရန်နှင့် ဂေဟစနစ်တည်ငြိမ်မှုရှိစေရန်၊ ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ပုစွန် စသည့် ရေသယံဇာတများ အစဉ်မပြတ်ထုတ်ယူ သုံးစွဲနိုင်ရန်နှင့် အခြေခံလိုအပ်ချက်ဖြစ်သော သစ်၊ ထင်း၊ တိုင်၊ မျောစသည့် သစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ထိန်းသိမ်းနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် လေထုမှကာဗွန်များစွာ သိုလှောင်ထိန်းညှိပေးနိုင်ရန်၊ လူသားတို့၏ စနစ်မကျသော မြေအသုံးချမှုများအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန်၊ နိုင်ငံတော်၏ ရည်မှန်းချက်တစ်ရပ်ဖြစ်သည့် သစ်တောဖုံးလွှမ်းမှုဧရိယာ တိုးပွားလာစေရန်ရည်ရွယ်၍ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများကို ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။

မစမ်းပါးကျွန်း ဒီရေတောကြိုးပြင်ကာကွယ် တောသတ်မှတ်ခြင်းအားဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ ငှက်(ခ)နှံဗြူး၊ ကနစို၊ လန်းဘဲ၊ ကျန၊ ပင်လယ်အုန်း၊ ကဗျိုင်၊ ဘူးဇရပ်၊ လမု၊ သမဲ့၊ မဓမပင်၊ ခရာ၊ ဇလိပ်နွယ်နှင့် တမော်စသည့် ဒီရေတောပင်များ ပေါက်ရောက်မှုကို ရေရှည်တည်တံ့စေရန် ကာကွယ် နိုင်ခြင်း၊ ရေငန်ငါးအမျိုးမျိုး၊ ခရုမျိုးစုံ၊ ကဏန်းမျိုးစုံ၊ ပုစွန်မျိုးစုံ၊ ဗျိုင်း၊ ဗျိုင်းအောက်၊ ကြက်တူရွေး၊ သိမ်းငှက်၊ ပန်းဇင်ငှက်၊ ငှက်စလုံ (တင်ကျီးငှက်)နှင့် ငှက်တုံးငှက်မျိုးများ ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်ခြင်း၊ ဒေသခံများအတွက် ဆူနာမီမုန်တိုင်းအစရှိသော သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း၊ ကမ်းရိုးတန်းဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုစေခြင်း၊ သား၊ ငါး၊ ပုစွန်များ ခိုအောင်းပေါက်ပွား ရှင်သန်နိုင်သဖြင့် ဂေဟစနစ်ပိုမို ကောင်းမွန်လာနိုင်ပြီး ဒေသခံများအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးပွားလာစေခြင်း၊ ဒေသခံများအတွက် အခြေခံလိုအပ်သည့် သစ်၊ တိုင်၊ မျော၊ ထင်း၊ လောင်စာများအတွက်လည်း အထောက်အကူပြု စေနိုင်ခြင်စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

သယံဇာတနှင့်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သတင်းစာများ - ၃၃၅၈ ခု

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 23, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 21, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 20, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download