မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တရားမဝင် သုံးလုံးထီဂဏန်းအား ပေါက်မဲအဖြစ်သတ်မှတ်၍ မော်တော်ယာဉ်များအား ပြသကာ ကံစမ်းမဲ လက်မှတ်များ ရောင်းချနေသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / December 09, 2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တရားမဝင် သုံးလုံးထီဂဏန်းအား ပေါက်မဲအဖြစ်သတ်မှတ်၍ မော်တော်ယာဉ်များအား ပြသကာ ကံစမ်းမဲ လက်မှတ်များ ရောင်းချနေသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် တရားမဝင် သုံးလုံးထီဂဏန်းအား ပေါက်မဲအဖြစ်သတ်မှတ်၍ မော်တော်ယာဉ်အား ပြသကာ ကံစမ်းမဲလက်မှတ်များ တရားမဝင် ရောင်းချနေသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဒီဇင်ဘာ ၈ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် လူမှုကွန်ရက်စာမျက်နှာ ရွှေဘုန်း Automobile Channel 2 အမည်ဖြင့် ဖွင့်လှစ်ထားသော Facebook Page ၌ ဒီဇင်ဘာ ၁၆ ရက်တွင် ဖွင့်လှစ်မည့် သုံးလုံးထီဂဏန်းကို ပေါက်မဲအဖြစ် သတ်မှတ်၍ ယာဉ်နံပါတ် 1S-XXXX ပါ FORD DOUBLE CAB အနက်ရောင်မော်တော်ယာဉ်အား ကံစမ်းမဲလက်မှတ် တစ်စောင်လျှင် ၃၇၅,၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ယာဉ်နံပါတ် 5I-XXXX ပါ TOYOTA WISH အဖြူရောင် မော်တော်ယာဉ်အား ကံစမ်းမဲ လက်မှတ် တစ်စောင်လျှင် ၂၁၅,၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း ကံစမ်းနိုင်ကြောင်း အမျိုးသား တစ်ဦးမှ Live လွှင့်ပြီး ကြော်ငြာ၍ ကံစမ်းမဲလက်မှတ်များကို KBZ Pay ဖြင့် ငွေလွှဲပေးပို့ဝယ်ယူ ကံစမ်းနိုင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသဖြင့် အမှတ်(၁၁)မှုခင်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က စုံစမ်းရှာဖွေခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၂၇ လမ်းနှင့် ၆၆ လမ်းထောင့်တွင် ရွှေဘုန်း Automobile Channel 2 Facebook Page ပိုင်ရှင်ဖြစ်သူ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ သီရိမင်္ဂလာအိမ်ရာ၊ တိုက်(E)၊ အခန်း(၈)နေ နေမျိုးထက် (၃၆)နှစ်အား MDY-2/1S-XXXX FORD RANGER အနက်ရောင် မော်တော်ယာဉ် တစ်စီးနှင့်အတူ တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်မှာ ရွှေဘုန်း Automobile Channel 2 Facebook Page ၌ ကြော်ငြာထားသည့် တရားမဝင် ကံစမ်းမဲဖွင့်လှစ်ရာတွင် လောင်းကစားပစ္စည်းအဖြစ် အသုံးပြုမည့် မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရ၍ ၎င်းနေထိုင်သည့် တိုက်ခန်းသို့ သွားရောက် စစ်ဆေးခဲ့ရာ အောက်ထပ်ကားပါကင်မှ တရားမဝင် ကံစမ်းမဲဖွင့်လှစ်ရာတွင် အသုံးပြုရန် ကြော်ငြာ ထားသည့် SHN-38/5I-XXXX TOYOTA WISH အဖြူရောင် မော်တော်ယာဉ် တစ်စီး၊ တိုက်ခန်းအတွင်းမှ Laptop  တစ်လုံးနှင့် သုံးလုံးဂဏန်းများ ရေးမှတ်ထားသည့် စာအုပ် ငါးအုပ်တို့အား ထပ်မံသိမ်းဆည်း ရမိခဲ့သဖြင့် နေမျိုးထက် အား ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်း (ပ)၂၀၃/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

သတင်းစာများ - ၃၄၆၉ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download