မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 02, 2026
နေပြည်တော် ဖေဖော်ဝါရီ ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် စွန်ရဲအင်းဒေသ STS Forward Co.,ltd. နို့စားနွားမွေးမြူရေးခြံ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နို့စားနွားမွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာလုပ်ကိုင်နိုင်ရေးအတွက် သတ်မှတ်ထားသည့် နို့စားနွားကောင်ရေပြည့်မီအောင် မွေးမြူရေး၊ တိရစ္ဆာန်အစာပင်များကို စိုက်ကွက်အလိုက် အလှည့်ကျရိတ်သိမ်းကျွေးမွေးနိုင်ရေးနှင့် သန့်ရှင်းရေး၊ လုံခြုံရေး၊ ခြံလုပ်သားများနေထိုင်ရေးစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ စနစ်တကျစီမံဆောက်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားကာ နို့စားနွားမများ၊ နွားသားပေါက်များ မွေးမြူထားရှိမှုကို ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စဉ့်ကိုင်မြို့နယ် ဒုဋ္ဌဝတီမြစ်အနီးတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျွန်းဦးဆိုလာစနစ်ရေတင်စီမံကိန်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တစ်နှစ်လျှင် သီးနှံသုံးသီးစိုက်ပျိုးကြရန်နှင့် အခြေအနေပေးသည့် လယ်မြေ၌ စပါးနှစ်သီးနှင့် တောင်သူ စိတ်ကြိုက်သီးနှံတစ်မျိုး စိုက်ပျိုးရန် တိုက်တွန်းပြောကြားသည်။
စဉ့်ကိုင်မြို့နယ် ဧည့်ပြကျေးရွာအုပ်စုရှိ ကျွန်းဦးကျေးရွာနှင့် ညောင်ပင်သာကျေးရွာများမှ တောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်နေကြသော်လည်း ရာသီဥတုဖောက်ပြန် ခြင်း၊ မိုးရွာသွန်းမှုမမှန်ခြင်းနှင့် မိုးခေါင်ခြင်းတို့ကြောင့် နှစ်စဉ် မိုးတစ်သီးသာစိုက်ပျိုးနိုင်ခဲ့ပြီး ဖြစ်ထွန်းအောင်မြင်မှုမရှိခြင်း၊ မကြာခဏပျက်စီးဆုံးရှုံးခြင်း၊ သီးနှံအထွက်နှုန်းကျဆင်းခြင်းစသည့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရမှုအပေါ် ဖြေရှင်းပေးနိုင်ရေး၊ တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်နှင့် ၁၆၀ ကီလိုဝပ် ရေတင်ပန့်သုံးလုံးတပ်ဆင်ပြီး ဒုဋ္ဌဝတီမြစ်မှ ရေတင်ယူ၍ ရေပေးမြောင်း ၆ ဒသမ ၇ မိုင်၊ တူးမြောင်းအဆောက်အအုံ ၈၅ ခုမှတစ်ဆင့် စိုက်ပျိုးမြေဧက ၅၀၀ ခန့်ကို စိုက်ပျိုးရေပေးဝေကာ တစ်နှစ်ပတ်လုံး သီးနှံစိုက်ပျိုးနိုင်စေရန် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပျော်ဘွယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲ ချောင်းမကြီးမျိုးသန့်ခြံရှိ ရေဆင်း (၁) စပ်မျိုးနေကြာ မျိုးစေ့ထုတ်စိုက်ခင်းကို ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးမှုတိုးတက်လာစေရန် သီးနှံအရည်အသွေးနှင့် အထွက်နှုန်းမြင့်မားသော နေကြာမျိုးစေ့များ တောင်သူများ အသုံးပြုစိုက်ပျိုးနိုင်ရေး ဆက်လက်ကြိုးပမ်းသွားကြရန် ဆွေးနွေးမှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၂၉ ခု
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 01, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 30, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 29, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
