မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ဇီးကုန်းမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်တို့၌ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းနှင့် လိုအပ်သည့်အကူအညီပေးရေးလုပ်ငန်းများဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 18, 2026
image_latest


နေပြည်တော် ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်နှင့် သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တို့၌ ဧပြီ ၁၇ ရက် ညနေပိုင်းတွင် မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျခြင်း၊ နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးပေးခန်းများပြိုကျခြင်းနှင့် အမိုးလန်ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ယနေ့တွင် အပျက်အစီးများဖယ်ရှားရှင်းလင်းခြင်းနှင့် လိုအပ်သည့်အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ နေအိမ် ၃၇၅ လုံးနှင့် ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း ထိခိုက်ပျက်စီး၍ နေအိမ် ၁၀ လုံး ပြိုကျပျက်စီးခဲ့ပြီး သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ နေအိမ် ၆၃၉ လုံး ဘုန်းတော်ကြီးကျောင်း ၈ ကျောင်း၊ စာသင်ကျောင်း ၂ ကျောင်းနှင့် ကျေးလက်ဆေးပေးခန်း ၁ လုံးတို့ အမိုးလန်၊ ထိခိုက်ပျက်စီး၍ နေအိမ် ၅၇ လုံး ပြိုကျပျက်စီးခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မိုးသက်လေပြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်များနှင့်ကျေးရွာများသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များကသွားရောက်ကာ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အသုံးအဆောင်ပစ္စည်းများ ကူညီရွှေ့ပြောင်းပေးခြင်း၊ လဲကျနေသောသစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ပြိုကျပျက်စီးနေသော အဆောက်အအုံများနှင့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းပေးခြင်းနှင့် အခြားလိုအပ်သည့် အကူအညီပေးရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစာများ - ၃၅၀၀ ခု

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download