မေတ္တာဥယျာဉ်နေ့ကလေးထိန်းကျောင်း တတိယအကြိမ် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / February 25, 2026


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မေတ္တာဥယျာဉ်နေ့ကလေးထိန်းကျောင်း တတိယအကြိမ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏ (၃) နှစ်အောက် ရင်သွေးငယ်များအား မိဘများလည်း လုပ်ငန်းခွင်မပျက်၊ ရင်သွေးနှင့်မိဘအလှမ်းမဝေးစေရန်ရည်ရွယ်၍ နေ့ကလေးထိန်း ကျောင်းဖွင့်လှစ်ပေးခဲ့သည်မှာ ယနေ့တွင် (၃)နှစ် ပြည့်မြောက်ပြီဖြစ်ပါကြောင်း၊ နေ့ကလေးထိန်း ကျောင်းကို ပြည်ထောင်စုစာရင်းစစ်ချုပ်(ငြိမ်း) ဦးတင်ဦး၏လမ်းညွှန်မှု၊ အစဉ်အဆက်တာဝန်ယူ ခဲ့သော ရုံးအကြီးအကဲများ၊ ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ပံ့ပိုးကူညီမှု၊ မိဘဝန်ထမ်းများနှင့် ရင်သွေးများ၏ စည်းကမ်းလိုက်နာမှုတို့ဖြင့် ယနေ့တိုင်အောင်မြင်နေခြင်းဖြစ်ပါကြောင်း၊ လက်ရှိတွင် နေ့ကလေးထိန်းကျောင်း၌ ရင်သွေးငယ် ၁၅ ဦး၊ ရင်ခွင်ပိုက်အရွယ် ကလေးငယ် ၃ ဦး စုစုပေါင်း ၁၈ ဦး ကို ဆရာမ (၃) ဦးဖြင့် ပြုစုစောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ ဆရာမများကို လုပ်ငန်းခွင်ကျွမ်းကျင်မှု ရှိစေရန် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် ကလေးသူငယ်ပြုစုပျိုးထောင်ခြင်းဆိုင်ရာသင်တန်းများသို့လည်း အလှည့်ကျစေလွှတ် ပေးခြင်း၊ သင်တန်းမှ ရရှိသည့်အသိပညာများကို ဆရာမအချင်းချင်း ပြန်လည်မျှဝေဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်ကိုသိရှိရပါကြောင်း၊ ရင်သွေးငယ်များ လိမ္မာရေးခြားရှိစေရေး၊ အသိပညာဖွံ့ဖြိုး စေရေး၊ စည်းကမ်းတကျနေထိုင်စားသောက်တတ်စေရေးတို့အတွက် စနစ်တကျလေ့ကျင့်ပျိုးထောင် ပေးလျက်ရှိသည့်အပြင် နေ့စဉ်အာဟာရကျွေးမွေးမှုအစီအစဉ်ကိုလည်း ဆောင်ရွက်ပေးလျက်ရှိ

ပါကြောင်း၊ ယနေ့အခမ်းအနားတွင် လက်ရှိတက်ရောက်လျက်ရှိသည့် ကလေးငယ်များအပြင် ယခင် တက်ရောက်ခဲ့သည့် ကျောင်းသားဟောင်းကလေးငယ်များနှင့်ဆရာမများကိုလည်း မေတ္တာ လက်ဆောင်ပေးအပ်သွားမည်ဖြစ်ပါ‌ကြောင်း၊ ရင်သွေးငယ်များကို ပြုစုပျိုးထောင်ရာတွင် ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှင့် စိတ်ဒဏ်ရာမရရှိစေရန် အလွန်ရေးကြီးပါကြောင်း၊ ရင်သွေးငယ်များသည် ဖယောင်းသဖွယ်လိုရာပုံသွင်း၍ ရနိုင်သည့်အရွယ်များဖြစ်သည့်အတွက် နေထိုင်မှုစည်းကမ်းရှိစေရန်၊ ပေါင်းသင်းဆက်ဆံရေးတွင် တစ်ဦးနှင့်တစ်ဦးသီးခံမှုနှင့် မျှဝေတတ် စေရန်ဆိုသည့်အချက်များသည် အလွန်အရေးကြီးပါကြာင်း၊ နိုင်ငံတော်၏ အဖိုးတန်ရတနာများကို စတင်ပျိုးထောင်သည့် မေတ္တာဥယျာဉ်နေ့ကလေးထိန်းကျောင်းသည် အရေးကြီးသည့်နေရာဖြစ် သည့်အတွက် ပိုမိုတိုးတက်အောင် တက်တက်ကြွကြွ၊ ပျော်ပျော်ရွှင်ရွှင်နှင့် ဆက်လက်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ မေတ္တာဥယျာဉ်နေ့ကလေးထိန်းကျောင်း ဥက္ကဋ္ဌ စီမံရေးရာဉီးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အိအိခိုင်က နေ့ကလေးထိန်းကျောင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မေတ္တာဥယျာဉ်နေ့ကလေးထိန်းကျောင်းတွင် တက်ရောက်နေသော ရင်သွေးငယ် များကို ဆရာမများမှ စနစ်တကျလေ့ကျင့်ပျိုးထောင်ပေးမှုများ၊ ရင်သွေးငယ်များ၏ တက်ကြွစွာ သင်ယူမှုများကို မှတ်တမ်းတင်ထားသည့် Video Clip ကို ပြသခဲ့သည်။

ထို့နောက် မေတ္တာဥယျာဉ်နေ့ကလေးထိန်းကျောင်းရင်သွေးငယ်များမှ ကစားနည်းများဖြင့် ယှဉ်ပြိုင်ခြင်း၊ တေးသီချင်းများဖြင့် ကပြဖျော်ဖြေခြင်းများကို အစီအစဉ်အတိုင်း ပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က မေတ္တာဥယျာဉ်နေ့ကလေးထိန်းကျောင်း ရင်သွေးငယ် များအတွက် အလှူငွေနှင့်လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းကို ပြည်ထောင်စုစာရင်းစစ်ချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့်လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်‌ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်တို့က ရင်သွေးငယ်များအား မေတ္တာလက်ဆောင်ပေးအပ်ခြင်းနှင့် အမြဲတမ်းအတွင်းဝန်က နေ့ကလေးထိန်းကျောင်း ဆရာမ(၃)ဦး အား မေတ္တာလက်ဆောင်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ နေ့ကလေးထိန်းကျောင်းကြီးကြပ်ရေးကော်မတီနှင့် တာဝန်ရှိသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

သတင်းစာများ - ၃၄၅၂ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 18, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download