မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာတစ်မျိုးသားလုံး ဂုဏ်ပြုအားပေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 20, 2026
image_latest


နယ်သာလန်နိုင်ငံသည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် နိုင်ငံကိုကိုယ်စားပြု၍ တရားရင်ဆိုင်လျက်ရှိသော မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာပြည်သူလူထုကြီးက ထောက်ခံအားပေးလျက်ရှိသည်။ မြန်မာနိုင်ငံနှင့် မိုင်ပေါင်းထောင်ချီဝေးကွာသော အာဖရိကနိုင်ငံတစ်နိုင်ငံက မြန်မာနိုင်ငံအပေါ်ကြီးလေးသော အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်မှုဖြင့် စွပ်စွဲထားခြင်းဖြစ်ရာ ယခုတရားရင်ဆိုင်မှုမှာ မြန်မာနိုင်ငံအတွက် လွန်စွာအရေးကြီးသည်။

မြန်မာနိုင်ငံအစိုးရသည် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် တရားရုံး၏အခန်းကဏ္ဍကို အလေးထားယုံကြည်ကြောင်းပြသသည့် အနေဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့၏ ဂုဏ်သိက္ခာကို ကာကွယ်နိုင်ရေးအတွက် အခြေအမြစ်မရှိသော အချက်အလက်များကိုအခြေခံသည့် တစ်ဖက်သတ် အစီရင်ခံစာများသည် အမှန်တရားကို ဖော်ဆောင်နိုင်ခြင်းမရှိကြောင်းကို တရားရုံးအားပြသရန် တာဝန်ရှိမှုအရလည်းကောင်း ယခုကဲ့သို့ တရားရင်ဆိုင်နေခြင်းဖြစ်သည်။ ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက် အထိပြုလုပ်သည့် တရားရုံးကြားနာပွဲအတွင်း ဂမ်ဘီယာနိုင်ငံ၏ လျှောက်လဲချက်များအပြီးတွင် ၎င်း၏စွပ်စွဲချက်များသည် အချက်အလက်အရနှင့် ဥပဒေကြောင်းအရ မှန်ကန်မှုရှိသော အချက်အလက်များမဟုတ်ကြောင်း ခိုင်မာသည့်သက်သေအထောက် အထားအစုံအလင်ဖြင့် တရားရုံးသို့ မြန်မာနိုင်ငံက ဇန်နဝါရီလ ၁၆ ရက်တွင် ပထမအကျော့ကိုလည်းကောင်း၊ ဇန်နဝါရီလ ၁၉ ရက် တွင် ဒုတိယအကျော့ကိုလည်းကောင်း လျှောက်လဲခဲ့ပြီးဖြစ်သည်။

အမှန်တကယ် ဖြစ်ပေါ်ခဲ့ခြင်းမရှိသော အမှုကိစ္စတစ်ခုအပေါ် ခိုင်လုံမှန်ကန်ခြင်းမရှိသည့် အချက်အလက်များနှင့် အပြည်ပြည် ဆိုင်ရာတရားခွင်သို့ စွဲတင်ခံရခြင်းမှာ မိမိတို့နိုင်ငံအတွက် ထိခိုက်မှု တစ်စုံတစ်ရာရှိစေကာမူ တစ်ဖက်တွင်လည်း တကယ့်အမှန်တရားကို နိုင်ငံတကာအလယ်တွင် တရားဝင်ပြသနိုင်ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ လတ်တလော စွဲဆိုခံထားရသည့်အမှု၏ သမိုင်းနောက်ခံအကြောင်းအရာများအပါအဝင် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ဖြစ်ပေါ်ခဲ့သည့် ARSA အကြမ်းဖက်အဖွဲ့အစည်း၏ ရက်စက်မှုနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ၊ ဟိန္ဒူဘာသာဝင်များနှင့် ဒေသခံအခြားတိုင်းရင်းသားများကို ARSA အကြမ်းဖက်အဖွဲ့က ရက်စက်စွာညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း ကျေးရွာများရှိ အစ္စလာမ်ဘာသာဝင်ဘင်္ဂါလီ အသိုင်းအဝိုင်းနှင့် တစ်ဖက်နိုင်ငံ ဒုက္ခသည်စခန်းများအတွင်း ARSA အကြမ်းဖက်အဖွဲ့က အကြောက်တရားဖြင့် လွှမ်းမိုးထိန်းချုပ်ထားမှုများစသည့် များစွာသောဖြစ်ရပ်မှန်တို့မှာ ကာလရှည်ကြာစွာ ဖုံးကွယ်ခံထားရပြီး နိုင်ငံတကာမီဒီယာများနှင့် ဘက်လိုက်သော အချက်အလက်ရှာဖွေရေးမစ်ရှင်တို့က လျစ်လျူရှုခဲ့ကြသည့် အချက်အလက်များဖြစ်သည်။ သို့ဖြစ်ရာ ဖြစ်ရပ်မှန် ယင်းအချက်အလက်များကို နိုင်ငံတကာမှ ပြည်သူများလည်း သိခွင့်ရကြမည်မဟုတ်။ ယခု အပြည်ပြည်ဆိုင်ရာတရားရုံးတော်တွင် အထောက်အထားခိုင်ခိုင်မာမာဖြင့် တရားဝင်တင်ပြခွင့်ရခြင်းမှာ မီဒီယာအင်အားနည်းသည့် မိမိတို့နိုင်ငံအတွက် အခွင့်အလမ်းတစ်ခု ရရှိခဲ့ခြင်းလည်းဖြစ်သည်။

နှစ်ပေါင်းထောင်ချီသည့် မြန်မာနိုင်ငံ၏သမိုင်းတွင် ရှေးခေတ်က အုပ်ချုပ်သူဘုရင်များအပါအဝင် နိုင်ငံသားအများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့်တိုင် ဘာသာရေးကိုအကြောင်းပြု၍ အနည်းစုသောသူတို့ကို နှိပ်စက်ကလူမပြုခဲ့။ ခေတ်အဆက်ဆက်တွင်လည်း လွတ်လပ်စွာဘာသာကိုးကွယ်ခွင့်ကို ခွင့်ပြုပေးခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂါလီအရေးကိစ္စသည်လည်း ကိုလိုနီခေတ်ကတည်းကပင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြဿနာတစ်ခုသာဖြစ်၍ မူဂျာဟစ်အကြမ်းဖက်သောင်းကျန်းသူ ခေတ်မှစကာ နိုင်ငံရေးအသွင်ဖြင့် နယ်မြေလုရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြံစည်ကြိုးပမ်းလာခဲ့ကြခြင်းဖြစ်သည်။

ယခုလည်း အခြေအမြစ်မရှိ၊ မမှန်ကန်သည့် အချက်အလက်များဖြင့် မြန်မာနိုင်ငံကို စွပ်စွဲမှုပြုလာသည့်အပေါ်၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနယ်ပယ်တွင် တရားဥပဒေစိုးမိုးမှုရှိရေးအတွက် အပြည်ပြည်ဆိုင်ရာတရားရုံးအပေါ်၊ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အလေးအနက်ထားဆောင်ရွက်နေသည့်အပေါ် မြန်မာနိုင်ငံ၊ မြန်မာပြည်သူများက တစ်ခဲနက် ဂုဏ်ပြုအားပေးလျက်ရှိပါကြောင်း။ ။

သတင်းစာများ - ၃၄၁၆ ခု

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 18, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download