မြန်မာနိုင်ငံစာရင်းကောင်စီအစည်းအဝေး (၁/၂၀၂၅) ကျင်းပခြင်း
မြန်မာနိုင်ငံစာရင်းကောင်စီအစည်းအဝေး (၁/၂၀၂၅) ကျင်းပခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / July 01, 2025
မြန်မာနိုင်ငံစာရင်းကောင်စီအစည်းအဝေး (၁/၂၀၂၅)ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပတ္တမြားခန်းမ၌ကျင်းပရာ ပြည်ထောင်စုစာရင်း စစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်နိုင်ဦး တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးတွင် စာရင်းကဏ္ဍသည် အရေးပါသောကဏ္ဍမှ အထောက်အကူပြုပါဝင်လျက် ရှိပါ ကြောင်း၊ သို့ပါ၍ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍတို့တွင် စာရင်းပညာနှင့် စာရင်းလုပ်ငန်းနယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စာရင်းပညာရပ်များ ခေတ်မီတိုးတက်စေရေး၊ စာရင်းပညာရှင်များ တိုးပွားလာစေရေး၊ ကျင့်ဝတ် သိက္ခာစောင့်ထိန်း လိုက်နာမှုမြင့်မားစေရေး၊ စာရင်းစံများနှင့်အညီ လိုက်နာကျင့်သုံးနိုင်စေရေး စသည့်ကိစ္စရပ်များကို ကဏ္ဍအလိုက် ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စာရင်းပညာဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာရင်းလုပ်ငန်းအရည်အသွေးမြင့်မားစေရေး အတွက် ထိရောက်သည့်စာရင်းပညာသင်ကြားမှုနှင့် အလုပ်သင်လက်တွေ့ဆောင်ရွက်ခြင်းများဖြစ် စေရန်၊ စာရင်းပညာရှင်များနှင့် စာရင်းလုပ်ငန်းလုပ်ကိုင်သူများက အတတ်ပညာပိုင်းဆိုင်ရာ သတိ သမ္မဇဥ်များထားရှိဆောင်ရွက်စေရန်၊ ကျင့်ဝတ်သိက္ခာစောင့်ထိန်းလိုက်နာစေရန် ထိန်းကျောင်း ကြပ်မတ်ပေးခြင်းဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် ကောင်စီအဖွဲ့ဝင်များက ယခင်ကောင်စီအစည်းအဝေး ဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှု၊ အလုပ်အမှုဆောင်အဖွဲ့နှင့် ကော်မတီများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် မြန်မာ နိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေတို့ကို အစီ အစဉ်အတိုင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အစည်းအဝေးသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဌ(၁) ဒေါ်နိုင်သက်ဦး၊ ဒုတိယဥက္ကဌ(၂) ဦးဝမ်းတင်၊ ကောင်စီအဖွဲ့ဝင် ၁၇ ဦးနှင့် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး ကောင်စီအဖွဲ့ဝင် ၁၃ ဦးက Virtual စနစ်ဖြင့် Online မှ တက်ရောက်ခဲ့ကြသည်။
သတင်းစာများ - ၃၂၁၀ ခု

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။
