မြန်မာနိုင်ငံစာရင်းကောင်စီနှင့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းတို့ ပူးပေါင်း၍ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးဟောပြောပွဲ ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 17, 2026
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၁၆

မြန်မာနိုင်ငံစာရင်းကောင်စီနှင့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းတို့ပူးပေါင်း၍ “AML/CFT Compliance Awareness Training for Accountants နှင့် CDD ၊ EDD & STR Red Flag Indicator Typologies ” ခေါင်းစဉ်များဖြင့် အသိပညာမြှင့်တင်ရေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီတွင် ရန်ကုန် မြို့ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နဝဒေးခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းနာယက ဒေါက်တာ ခင်နိုင်ဦးက Video Message ပေးပို့၍ အဖွင့်အမှာစကားပြောကြားသည်။

ဟောပြောပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က မြန်မာနိုင်ငံစာရင်းကောင်စီသည် စာရင်းကိုင်များအတွက် ကြီးကြပ်ရေးအာဏာပိုင်အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည့် ၂၀၂၂ ခုနှစ်မှစတင်၍ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာများကို ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ သင်တန်းများ၊ ဟောပြောပွဲများ ကျင်းပပြုလုပ်ခြင်း၊ အမျိုးသားအဆင့်မဟာဗျူဟာရည်မှန်းချက်များနှင့် အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ Off-Site/On-Site စစ်ဆေးခြင်းစသည်တို့ကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာရင်းလုပ်ငန်းများအနေဖြင့် CDD၊ EDD နှင့် STR ပေးပို့မှုများနှင့်စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်များကို ပိုမိုနားလည်နိုင်စေရန်ရည်ရွယ်၍ ဟောပြောပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးမည့် “CDD (Customer Due Diligence), EDD (Enhanced Due Diligence) နှင့် STR Red Flag Indicator Typologies” အကြောင်းအရာများသည် စာရင်းလုပ်ငန်းများအတွက် လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် တိုက်ရိုက်သက်ဆိုင်ပါကြောင်း၊ စီးပွားရေးလောက၏ လျင်မြန်သောတိုးတက်ပြောင်းလဲမှုများ၊ နယ်စပ်ဖြတ်ကျော်ငွေလွှဲမှုများနှင့် ဒစ်ဂျစ်တယ်ဘဏ္ဍာရေးစနစ်များအား တိုးချဲ့အသုံးပြုမှုများကြောင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာအန္တရာယ်များသည် ပိုမိုရှုပ်ထွေးလာပြီး ခန့်မှန်းရန်ခက်ခဲလာသည်ကို တွေ့ရှိရသည့်အတွက် စာရင်းလုပ်ငန်းလုပ်ကိုင်သူများသည် စာရင်းဆိုင်ရာ ဝန်ဆောင်မှုများပေးခြင်းသာမက AML/CFT အတွက် Gatekeeper များအဖြစ် အရေးပါသော အခန်းကဏ္ဍတစ်ခုကို ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ စာရင်းလုပ်ငန်းများအနေဖြင့် မိမိတို့၏လုပ်ငန်းဆောင်ရွက်မှုများကို ပိုမိုလုံခြုံစိတ်ချရစေရန်၊ ဥပဒေစည်းမျဉ်းနှင့်ကိုက်ညီစွာ ဆောင်ရွက်နိုင်မှုကို မြှင့်တင်နိုင်ရန်နှင့် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသည့် လုပ်ငန်းပတ်ဝန်းကျင်တစ်ခု တည်ဆောက်နိုင်ရန် ဆွေးနွေးပို့ချသည့် ပညာရပ်များကို လေ့လာသင်ယူပြီး AML/CFT ဆိုင်ရာလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းနာယက ဦးကျော်ညွန့်နှင့် အသင်းဥက္ကဋ္ဌ ဦးဝမ်းတင်တို့က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံစာရင်းကောင်စီမှ ဒုတိယညွှန်ကြားရေး မှူး ဒေါ်ခိုင်ဇင်ဝင်းက CDD ၊ EDD & STR Red Flag Indicator Typologies အကြောင်းအရာကိုလည်း ကောင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်က “ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် လူအများအပြား သေကျေစေသော လက်နက်များပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးတွင် စာရင်းစစ်/စာရင်းကိုင်များ၏ တာဝန်ဝတ္တရားများ” အကြောင်းအရာကိုလည်းကောင်း ဟောပြောဆွေးနွေးကြရာ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြကာ အသင်းဥက္ကဋ္ဌက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဖေဖော်ဝါရီ ၁၇ ရက်တွင် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့မှ ရဲမှူးကြီး ဦးမြင့်စိုးက “AML/CFT International Standards and Current Situations” အကြောင်းအရာနှင့် မြန်မာနိုင်ငံစာရင်းကောင်စီမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ဇင်ဝင်းတို့က ဆက်လက်ဟောပြောဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၄၄ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download