မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတ္တမမြောက် ဒီရေတောဧရိယာအများဆုံးပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတ္တမမြောက် ဒီရေတောဧရိယာအများဆုံးပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 26, 2025

နေပြည်တော် ဇူလိုင် ၂၅
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆက်စပ်ဌာနနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စာတမ်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ကမ္ဘာ့ဒီရေတောများ ရေရှည်တည်တံ့ဖွံ့ဖြိုးစေရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ UNESCO က ၂၀၁၅ ခုနှစ်မှစ၍ ဇူလိုင် ၂၆ ရက်ကို အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်များ ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒီရေတောများသည် ကုန်းမြေနှင့် ပင်လယ်အကြား ဆက်စပ်ပေးလျက်ရှိသည့် သစ်တောဂေဟ စနစ်များဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၃ နိုင်ငံတွင် ဒီရေတောများ ပေါက်ရောက်လျက်ရှိရာ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတ္တမမြောက် ဒီရေတောဧရိယာအများဆုံး ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်ပြီး ဒီရေတောဧရိယာ ဧက ၁ ဒသမ ၂၆ သန်းရှိကြောင်း။
မြန်မာနိုင်ငံ၏ ဒီရေတောဂေဟစနစ်တွင် မြစ်ဝကျွန်းပေါ်ရှိ ဒီရေတောများနှင့် ကမ်းရိုးတန်းဒေသရှိ ဒီရေတောများဟူ၍ အမျိုးအစားနှစ်မျိုးရှိပြီး နိုင်ငံ့စားရေ ရိက္ခာဖူလုံရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက်များစွာ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ နိုင်ငံအတွင်းတည်ရှိသော ဒီရေတောများ ရေရှည်တည်တံ့စေရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဏ္ဏဝါအမျိုးသားဥယျာဉ်များနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ တိုးချဲ့တည်ထောင်ခြင်း၊ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများသတ်မှတ်ဖွဲ့စည်းခြင်း၊ ဒီရေတောစိုက်ခင်းများ တည်ထောင်ခြင်း၊ ဒီရေတောဂေဟစနစ် ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ဆက်စပ်ဌာနနှင့် အဖွဲ့အစည်းများ၊ ပြည်သူများအနေဖြင့်လည်း ဒီရေတောများ၏ အရေးပါပုံကို သိရှိနားလည်ပြီး သဘာဝဒီရေတောများနှင့် ဒီရေတောဂေဟစနစ်များ ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင် အတူပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Keynote Presen-tation ကို ရှင်းလင်းတင်ပြပြီး အထိမ်းအမှတ် ဗီဒီယိုကို ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခင်းကျင်းပြသထားသော အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပိုစတာများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၂၃၅ ခု

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ဇူလိုင် ၂၂ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်၊ ဇူလိုင် ၂၁ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၁ ရက်၊ ဇူလိုင် ၂၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ဇူလိုင် ၁၉ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်၊ ဇူလိုင် ၁၈ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်၊ ဇူလိုင် ၁၇ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download