မြန်မာနိုင်ငံ ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
မြန်မာနိုင်ငံ ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 25, 2026
နေပြည်တော် မတ် ၂၄
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီနယ်မြေ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ် မြန်မာနိုင်ငံ ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အထက (၁၁) ၌ ကျင်းပသည်။
ဦးစွာ အထက (၁၁) မှ ကျောင်းသား ကျောင်းသူ လူငယ်လေးများက မြန်မာနိုင်ငံ ကင်းထောက်လူငယ် သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီအနေဖြင့် နိုင်ငံတော်၏ အနာဂတ်အတွက် လူငယ်များကို အရေးပါသည့် အရင်းအမြစ်များအဖြစ် သတ်မှတ်ပြီး လူငယ်များ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်မူဝါဒ အဓိကကဏ္ဍ (၁၆) ရပ်အား ထိရောက်စွာ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အားလပ်ချိန်များကို တန်ဖိုးရှိစွာ အသုံးချနိုင်ရန်အတွက် ကင်းထောက်သင်တန်းများအပါအဝင် လူငယ်များအကျိုးရှိစေမည့် နွေရာသီအားကစားလေ့ကျင့်ရေးသင်တန်းများအပြင် ကဏ္ဍစုံလှုပ်ရှားမှုများကို တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတို့တွင်လည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း။
ကင်းထောက်လူငယ်သင်တန်းသည် လူငယ်များအနေဖြင့် တာဝန်သိသည့် နိုင်ငံသားကောင်းများ ဖြစ်လာစေရန်အတွက် ပုံသွင်းဖန်တီးသည့်နေရာဖြစ်ကြောင်း၊ လူငယ်လူရွယ်များ၏ ကိုယ်ကျင့်တရားနှင့် အကျင့်စာရိတ္တများ ကောင်းမွန်လာအောင် ပြုပြင်ပေးပြီး စိန်ခေါ်မှုများကို ရဲရဲဝံ့ဝံ့ကျော်လွှားရဲသည့် လူငယ်များ၊ နိုင်ငံတော်က အားထားရသည့် လူငယ်များအဖြစ် လူမှုအဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ သွန်သင်ဆုံးမမှုများကို ရိုသေစွာလိုက်နာတတ်သည့် အလေ့အထများရရှိစေရန်နှင့် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းတတ်သည့် အလေ့အထကောင်းများ၊ သူတစ်ပါးကိုဖေးမကူညီလိုသည့် စိတ်ကောင်း စိတ်မြတ်များနှင့် လောကကောင်းကျိုး၊ နိုင်ငံ့အကျိုး၊ အများကောင်းကျိုးများကို စွမ်းစွမ်းတမံ ဆောင်ရွက် နိုင်မည့် လူကောင်းလူတော်များ၊ လူရည်ချွန်များ အများအပြားပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ယခုသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူသွားကြရန်နှင့် နိုင်ငံ့ အကျိုး၊ အများပြည်သူအကျိုးကို တတ်စွမ်းသမျှ သယ်ပိုးဆောင်ရွက်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပုံဖော်ရာတွင် အားကြိုးမာန်တက် ပါဝင်ဆောင်ရွက်နိုင်မည့် ဗလငါးတန်နှင့်ပြည့်စုံသည့် ကင်းထောက်လူငယ်မောင်မယ်များဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက အမှာစကားပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီနယ်မြေ ကင်းထောက်လူငယ်သင်တန်းအတွက် ရဲမာန်ဆောက်လုပ်ရေးကုမ္ပဏီ၊ Wisdom Hill Private School နှင့် Guardian Private School တို့မှ တာဝန်ရှိသူများက လှူဒါန်းငွေကျပ် ၁၀ သိန်းစီ ပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၈၀ ခု
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
