မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 15, 2025
နေပြည်တော် နိုဝင်ဘာ ၁၄
မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမားပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ-၂ ဦးဟန်မင်းဆွက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၁၄ ရက် ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ချစ်ကြည်လေးစားရပါသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ ရဟန်းရှင်လူတိုင်းရင်းသားမိဘပြည်သူအပေါင်းတို့ကို ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်း ကောင်းကျိုးလိုအင်ဆန္ဒများနှင့် ပြည့်စုံပါစေကြောင်း ကျွန်တော်နှင့်အတူ မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီဝင်များ အားလုံးကနေ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
ကျွန်တော်တို့ပါတီဟာ နိုင်ငံရဲ့အဓိကအင်အားစုကြီးများဖြစ်တဲ့ တောင်သူလယ်သမားများ၊ အလုပ်သမားများနှင့် လက်လုပ်လက်စားပြည်သူများကိုကိုယ်စားပြုပြီး အသိပညာရှင် အတတ်ပညာရှင်များရဲ့ ဟန်ချက်ညီညီ ပူးပေါင်းပါဝင်မှုနှင့်အတူ ဖွဲ့စည်းတည်ထောင်ထားတာ ဖြစ်ပါတယ်။ လက်လုပ်လက်စား အခြေခံလူတန်းစားပြည်သူများ ကြုံတွေ့နေတဲ့ ဆင်းရဲနွမ်းပါးမှုမှလွတ်မြောက်အောင် ဥပဒေဆိုင်ရာအကာကွယ်တွေ အမှန်တကယ်ရရှိနိုင်အောင်နဲ့ ကမ္ဘာ့နိုင်ငံများနဲ့တန်းတူရင်ပေါင်တန်းနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်သော၊ ချမ်းသာကြွယ်ဝသော ခေတ်သစ်နိုင်ငံတော်ကြီးကို တည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ “မြန်မာနိုင်ငံ တောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ”ရဲ့ အဓိကဦးစားပေး နိုင်ငံရေးမူဝါဒသဘောတရားများကို တင်ပြသွားမှာဖြစ်ပါတယ်။
ဒီမိုကရေစီစံနှုန်းများနှင့်ကိုက်ညီသော၊ ပြည်သူဗဟိုပြုတဲ့ သန့်ရှင်းသော အစိုးရအုပ်ချုပ်ရေးစနစ်ပေါ်ထွန်းလာစေရေး၊ မှန်ကန်မျှတသောလွတ်လပ်ပွင့်လင်းသော တရားဥပဒေစိုးမိုးရေးဖြစ်ပါတယ်။
ကောင်းမွန်သော သန့်ရှင်းသောပြည်သူဗဟိုပြုတဲ့ အစိုးရအုပ်ချုပ်ရေးစနစ်တည်ဆောက်မယ်ဆိုရင် ဒီမိုကရေစီစံနှုန်းများနှင့်အညီ ပြည်သူ့ဆန္ဒအရ ရွေးချယ်တင်မြှောက်သော လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ဖြစ်ရပါမယ်။
အုပ်ချုပ်ရေးမဏ္ဍိုင်မှာ ပွင့်လင်းမြင်သာမှုရှိရေး၊ ဗဟိုဦးစီးချုပ်ကိုင်မှုလျှော့ချပြီးတော့ အမြော်အမြင်ကြီးမားတဲ့ ပညာရှင်များရဲ့ အခန်းကဏ္ဍကိုလည်း ပါဝင်စေရပါမယ်။
တရားဥပဒေစိုးမိုးရေးမှာလည်း တည်ဆဲဥပဒေတွေကိုပဲ အတင်းစိုးမိုးနေရုံနဲ့မလုံလောက်ပါဘူး၊ တရားမျှတတဲ့ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ ဥပဒေအသစ်များ ပြဋ္ဌာန်းနိုင်ဖို့၊ ပြင်ဆင်နိုင်ဖို့၊ မမျှတမလိုအပ်တဲ့ ဥပဒေချုပ်ကိုင်မှုတွေကို ဖျက်သိမ်းနိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တရားစီရင်ရေးစနစ်မှာလည်း လာဘ်ပေးလာဘ်ယူ အဂတိကင်းရှင်းဖို့အရေးကြီးသလို ပွင့်လင်းမြင်သာတဲ့၊ အုပ်ချုပ်ရေးအာဏာမှကင်းလွတ်တဲ့ တရားစီရင်ရေးမျိုးဖြစ်ရမယ်။ ဥပဒေဆိုင်ရာအထောက်အကူပြု အဖွဲ့အစည်းများ လွတ်လပ်စွာပေါ်ထွန်းစေပြီး ပြည်သူပါဝင်မှုနှင့်အတူ တရားဥပဒေစိုးမိုးရေး နယ်ပယ်ဟာလည်း ပိုမိုအားကောင်းလာစေမှာ အမှန်ပဲဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးနဲ့အတူတွဲလျက်ပါလာခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများဟာလည်း ဒီကနေ့အထိ အမွေဆိုးတစ်ခုဖြစ်နေပါတယ်။ ပါလီမန်ဒီမိုကရေစီခေတ်ကနေစပြီး ယနေ့တိုင်အောင် နိုင်ငံရေးခေါင်းဆောင်များ၊ လက်နက်ကိုင်များရဲ့တင်းမာတဲ့ သဘောထားတွေဟာ ဒီကနေ့ ကျွန်တော်တို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးတဲ့အခြေအနေကို ရောက်စေခဲ့ပါတယ်။ မတူညီတဲ့အမြင်တွေကို သဘောထားကြီးမှုတွေ၊ အပြန်အလှန်နားလည်မှုတွေ မတည်ဆောက်နိုင်တဲ့အခါ အားမဖြစ်စေတော့ဘဲ ဘေးဖြစ်နေတာဟာ ဒီကနေ့ပြည်သူအားလုံး အသိပဲဖြစ်ပါတယ်။ တရားမျှတခြင်းဆိုတာရှိမှ ညီညွတ်ခြင်းနှင့်ယုံကြည်မှုဆိုတာ တည်ဆောက်လို့ရမှာဖြစ်ပါတယ်။ တိုင်းရင်းသားများအခြေပြုရာ ပြည်နယ်များနဲ့ တိုင်းဒေသကြီးများအားလုံးမှာ အခွင့်အရေးတန်းတူဖြစ်စေဖို့ တာဝန်သိတတ်မှု တာဝန်ယူတတ်မှုတွေတူညီနေကြဖို့ လိုအပ်ပါသည်။
PPMFW ပါတီရဲ့ နိုင်ငံခြားရေးမူဝါဒများအနေနဲ့ အမျိုးသားအကျိုးစီးပွားရေးကို ရှေးရှုသော လွတ်လပ်၍တက်ကြွသော ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရေးတိုးတက်အောင် ဆောင်ရွက်သွားမှာဖြစ်ပြီး အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားခြင်းနှင့်အတူ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြမှာ ဖြစ်ပါတယ်။
စီးပွားရေးဆိုင်ရာမူဝါဒအနေနဲ့
စက်မှုလယ်ယာစနစ်ကို အခြေခိုင်မာစေပြီး စက်မှုနိုင်ငံတော်အဖြစ်ကို တက်လှမ်းတည်ဆောက်သွားမှာဖြစ်တယ်။
အစိုးရရဲ့ စီးပွားရေးချုပ်ကိုင်မှုများကိုလျှော့ချပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များရဲ့ ပါဝင်ဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်သွားရပါမယ်။
လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို အခြေခံမှာဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သွားပါမယ်။ တစ်ချိန်တည်းမှာပဲ ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များရဲ့ ယှဉ်ပြိုင်ရပ်တည်နိုင်စွမ်းကိုလည်း အကာအကွယ်ပေးတဲ့ မူဝါဒများရေးဆွဲဆောင်ရွက်ရပါမယ်။
နိုင်ငံ့သယံဇာတအရင်းအမြစ်များကို ထုတ်ယူသုံးစွဲရာတွင်လည်း အနာဂတ်နိုင်ငံတော်နှင့် နိုင်ငံသားများအတွက်ပါ ရေရှည်မြော်မြင်ပြီး သယံဇာတဆိုင်ရာမူဝါဒများ ရေးဆွဲဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်မထိခိုက်စေရန်အတွက်လည်း အလွန်အရေးကြီးပါတယ်။ ပြည်သူ့သယံဇာတဆိုင်ရာ ဘဏ္ဍာရေးကော်မရှင်ဖွဲ့စည်းပြီး ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးဟာ သယံဇာတထုတ်ယူသုံးစွဲခြင်းအပေါ်မှာပဲ အလွန်အကျွံမှီခိုနေတာကိုလျှော့ချပြီး သဘာဝပထဝီအခြေအနေနှင့် လူ့စွမ်းအားအရင်းအမြစ်တို့ ပေါင်းစပ်ဖွံ့ဖြိုးစေသည့် မူဝါဒများရေးဆွဲ၍ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
နိုင်ငံကိုမှန်ကန်တဲ့ စီးပွားရေးလမ်းကြောင်းပေါ်မှာရပ်တည်ဖို့ဆိုရင် SME, SMI အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်များကို လိုအပ်တဲ့အထောက်အပံ့များ ပေးနိုင်ဖို့၊ ဘဏ်တိုးနှုန်းများ လျှော့ချဖို့နဲ့ ဥပဒေဆိုင်ရာ အကာအကွယ်ပေးနိုင်ဖို့ ပုဂ္ဂလိကစီးပွားရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းများ မြှင့်တင်နိုင်ဖို့လိုအပ်ပါတယ်။ ဘဏ်လုပ်ငန်းများနဲ့ ငွေကြေးဆိုင်ရာ တည်ငြိမ်မှုရရှိအောင်၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိအောင် ထိန်းကျောင်းပေးရမှာက အစိုးရများရဲ့တာဝန်ပဲဖြစ်ပါတယ်။ ကုန်သွယ်ဖက်နိုင်ငံများ၏ ဈေးကွက်ချုပ်ကိုင်မှုမခံရစေရန်၊ ပြည်တွင်းထုတ်ကုန်များ နည်းပညာနှင့် အရည်သွေးမြင့်မားရေး၊ ပြည်ပဈေးကွက်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
PPMFW ပါတီရဲ့ပညာရေးဆိုင်ရာမူဝါဒများအနေနဲ့ အမှန်တကယ်နားလည်တတ်မြောက်စေရေး၊ ကိုယ်ပိုင်တွေးခေါ်ကြံဆနိုင်သည့် လွတ်လပ်မြင့်မားတဲ့ ပညာရေးမျိုးဖော်ဆောင်သွားမှာဖြစ်ပါတယ်။ အခြေခံမူလတန်းကို မသင်မနေရပညာရေး၊ အထက်တန်းအဆင့်အထိကို အခမဲ့ပညာရေးမူဝါဒများ ချမှတ်သွားရမှာဖြစ်တယ်။
အဆင့်မြင့်ပညာရေး နယ်ပယ်မှာလည်း အကန့်အသတ်မူဘောင်များဖြေလျှော့ပြီး လွတ်လပ်စွာသင်ကြားနိုင်ရေး ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ပညာရေးစီမံကိန်းများရေးဆွဲပြီး ပညာရေးအသုံးစရိတ်တိုးမြှင့်ရေး၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံရေး၊ ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်တင်ရေး၊ ပညာသင်ထောက်ပံ့ကြေးနဲ့ နိုင်ငံတကာသို့ ပညာတော်သင်များ ပိုမိုစေလွှတ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
ပညာရှင်များကို ပြည်တွင်းမှာပဲ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရမှာဖြစ်ပါတယ်။ ဒါမှသာ ပြည်ပရောက် နိုင်ငံသားခေတ်ပညာတတ်များအား ပြန်လည်ဖိတ်ခေါ်၍ နိုင်ငံတော်တည်ဆောက်ရေးမှာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးစေမှာဖြစ်ပါတယ်။
အမျိုးသားကျန်းမာရေးစီမံချက်များရေးဆွဲ၍ ကျန်းမာရေးအသုံးစရိတ်လုံလောက်စွာ မြှင့်တင်ပေးရမှာဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးသူများ၊ ကလေးသူငယ်များနဲ့ သက်ကြီးရွယ်အိုများ အခမဲ့ဆေးကုသပေးနိုင်ခွင့် ရှိစေရပါမယ်။ သွားရေးလာရေးခက်ခဲတဲ့ ဒေသများပါမကျန် နယ်လှည့်ဆေးကုသ ရေးအစီအစဉ်များ ဆောင်ရွက်သွားပါမယ်။ ဆေးဘက်ဆိုင်ရာပညာရှင်များ ပိုမိုမွေးထုတ်၍ အရည်အသွေးနှင့် စိတ်စေတနာမြင့်မားရေးကို လေ့ကျင့်ပျိုးထောင်သွားရန်လိုအပ်ပါတယ်။ ပြည်သူ့ကျန်းမာရေးနယ်ပယ်မှာ ကုသရေးအပြင် ရောဂါကြိုတင်ကာကွယ်တားဆီးရေးအစီအမံများလည်း အလွန်အရေးကြီးပါတယ်။
တိုင်းရင်းသားလူမျိုးစုများအားလုံးရဲ့ ကိုယ်ပိုင်အခွင့်အရေးမှန်သမျှကို အာမခံပေးနိုင်ရမှာဖြစ်ပါတယ်။ တိုင်းရင်းသားအခြေပြုရာ ပြည်နယ်များအားလုံးမှာ လမ်း၊ တံတား၊ ဆေးရုံ၊ စာသင်ကျောင်း၊ စီးပွားရေးဇုန်စသည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးရမှာဖြစ်သလို ကျန်းမာရေး၊ ပညာရေးဆိုင်ရာအထောက်အပံ့များ ဖွံ့ဖြိုးတိုးတက်စေရပါမယ်။ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု စာပေအနုပညာများကို အစဉ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။
လယ်သမားများရဲ့ လယ်ယာမြေပိုင်ဆိုင်ခွင့်ကို အာမခံပေးရမှာဖြစ်ပြီး လယ်လုပ်သူတိုင်း လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိစေမှာ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ လယ်ယာမြေအငြင်းပွားမှုများကိုလည်း အမြန်ဆုံးမှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက်ပေးပါ့မယ်။
အလုပ်သမားများအတွက် နိုင်ငံရဲ့အနိမ့်ဆုံးလုပ်ခနှုန်းထားသတ်မှတ်ချက်ဟာ အာဆီယံနိုင်ငံများနဲ့ တန်းတူဖြစ်စေဖို့ အစိုးရပိုင်းကနေ ပံ့ပိုးမှုများ ဥပဒေနှင့်အညီ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကိုလည်း နိုင်ငံတကာအလုပ်သမား ဥပဒေများနဲ့အညီ အခွင့်အရေးနှင့် အကာကွယ်များအပြည့်အဝရရှိစေရေး ဆောင်ရွက်ပေးသွားရမှာဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့ အရေးကြီးလှတဲ့ တာဝန်ဝတ္တရားများကို ထမ်းဆောင်နေကြသော ပြည်သူ့ဝန်ထမ်းများနှင့် မိသားစုဝင်များရဲ့ လူမှုဘဝပြည့်စုံရေး၊ ပညာရေး၊ ကျန်းမာရေး အထောက်အပံ့ကောင်းများ၊ အနာဂတ်အတွက် အစီအမံများချမှတ်ပေးရမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားများသည် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိပါတယ်။ သို့သော် ဘာသာရေးအစွန်းရောက် ဝါဒများစွဲကိုင်ပြီး တစ်ဖက်နဲ့တစ်ဖက် စော်ကားတိုက်ခိုက်ခြင်းမျိုးမဖြစ်ဖို့ အင်မတန်အရေးကြီးပါတယ်။ အမျိုးဘာသာသာသနာဝံသာနုရက္ခိတတရားများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ဆိုတာ နိုင်ငံသားအားလုံးရဲ့ သမိုင်းပေးတာဝန်ကြီးပဲဖြစ်ပါတယ်။
အချုပ်အားဖြင့်တင်ပြရလျှင် ကျွန်တော်တို့နိုင်ငံဟာ ဒီကနေ့ထိတိုင်အောင် ချမ်းသာကြွယ်ဝနေဆဲပါ။ မြန်မာနိုင်ငံသား တစ်ဦးချင်းစီရဲ့ မွေးရာပါမြေပိုင်ဆိုင်မှုပမာဏဟာ(၃ ဒသမ ၂၅)ဧကဖြစ်ပါတယ်။ ဒါဟာ အာဆီယံနိုင်ငံအားလုံးထက် ပိုမိုသာလွန်ပါတယ်။
ကောင်းမွန်တဲ့ ရာသီဥတု၊ မြေဆီဩဇာကြွယ်ဝတဲ့ မြေမျက်နှာသွင်ပြင်အခြေအနေတွေ၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ရေချိုရရှိမှုကို ကောင်းစွာထောက်ပံ့ပေးနိုင်တဲ့ အဓိကမြစ်ကြီးများရဲ့ တည်ရှိပုံ၊ လုံလောက်တဲ့ ပင်လယ်ရေပိုင်နက်အကျယ်အဝန်း၊ ရှည်လျားတဲ့ ပင်လယ်ကမ်းရိုးတန်းပိုင်ဆိုင်မှု၊ သဘာဝစွမ်းအင်အရင်းအမြစ်များပေါကြွယ်ဝမှု၊ ဒါ့အပြင် စစ်ရေး၊ စီးပွားရေး၊ မဟာဗျူဟာကျတဲ့ ပထဝီအနေအထားတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ လူဦးရေသိပ်သည်းဆများလွန်းတဲ့ နိုင်ငံကြီးတွေရဲ့ အလယ်မှာ ကျွန်တော်တို့နိုင်ငံဟာ တည်ရှိနေတာဖြစ်တဲ့အတွက် စီးပွားရေးအရ အလွန်ကြီးမားတဲ့ ဈေးကွက်ကြီးကို ပိုင်ဆိုင်ထားတယ်လို့ ဆိုချင်ပါတယ်။
ဒါကြောင့် တွင်းထွက်သယံဇာတတွေအပေါ်မှာ မှီခိုစရာတောင်မလိုအပ်ဘဲ ကျွန်တော်တို့ နိုင်ငံသားတွေအားလုံး ချမ်းသာကြွယ်ဝအောင်လုပ်လို့ရတယ်လို့ အခိုင်အမာဆိုချင်ပါတယ်။
နိုင်ငံရဲ့ချမ်းသာကြွယ်ဝမှုကို နိုင်ငံသားအားလုံးတန်းတူရည်တူခံစားနိုင်ဖို့ ပထမဦးဆုံး အဓိကလိုအပ်ချက်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးအမြန်ဆုံးရရှိဖို့ ကြိုးပမ်းဆောင်ရွက်သွားပါမယ်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်ပြီး အဲဒီကမှတစ်ဆင့် နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြော်မြင်ကြီးကြီးနှင့် ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းနိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။
စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ဘာသာရေးအစရှိသည့် မူဝါဒများချမှတ်ပြီးတော့ ရေတိုရေရှည်စီမံကိန်းများရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့အားလုံးရဲ့ နောင်လာနောက်သားမျိုးဆက်တွေကို ငြိမ်းချမ်းသာယာဝပြောတဲ့ ခေတ်သစ်နိုင်ငံတော်ကြီးကို အကောင်ဆုံးအမွေအဖြစ် လက်ဆင့်ကမ်းပေးနိုင်ကြဖို့ ဒီကနေ့ကစပြီး ကျွန်တော်တို့ “မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ”နှင့်အတူ တိုင်းရင်းသားမိဘပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ပေးကြဖို့ လေးလေးစားစားဆန္ဒပြုအပ်ပါတယ်။
ဒါကြောင့် ပြည်သူကိုအလုပ်အကျွေးပြုမယ်ဆိုတဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့အတူ ပေါက်ဖွားလာတဲ့ ကျွန်တော်တို့ရဲ့ “မြန်မာနိုင်ငံ တောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ” PPMFW ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ထောက်ခံအားပေးကြပါလို့ လေးလေးစားစား မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ပါတီအနေဖြင့် ရွေးကောက်ပွဲအလွန်ကာလများ၌ ပြည်ထောင်စုတစ်ဝန်းလုံး ထာဝရငြိမ်းချမ်းရေး အမြန်ဆုံးရရှိစေဖို့နှင့် နိုင်ငံ့စီးပွားရေးချက်ချင်းဦးမော့လာပြီး ပြည်သူတစ်ရပ်လုံး စားဝတ်နေရေးပြည့်စုံဖူလုံအောင် စွမ်းစွမ်းတမံအားကြိုးမာန်တက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားမိဘပြည်သူတစ်ရပ်လုံးအား ကတိကဝတ်ပြု တင်ပြအပ်ပါတယ်ခင်ဗျား -
ကျွန်တော်တို့ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဆောင်ပုဒ်ကတော့
“လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ မတရားမှုတွေ ကာကွယ်ဖို့ နစ်နာမှုတွေ ကူညီဖို့ ပြည်သူ့အနာဂတ်တွေ သာယာပြည့်စုံဖို့ မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီကို ထောက်ခံစို့” ပဲ ဖြစ်ပါတယ်။ မိဘပြည်သူများ ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ပြီး အနာဂတ်ဘဝများ ငြိမ်းချမ်းပြည့်စုံပါစေကြောင်း မြန်မာနိုင်ငံတောင်သူ လယ်သမားအလုပ်သမားပြည်သူ့ပါတီမှ ဆန္ဒပြုအပ်ပါသည်ခင်ဗျား။
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ
သတင်းစာများ - ၃၃၅၀ ခု
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 10, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 08, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
