မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း (၁၈) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 24, 2025
image_latest


ရန်ကုန် နိုဝင်ဘာ ၂၃

မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း (၁၈) ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နဝဒေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦးက Video Message ပေးပို့၍ နှုတ်ခွန်း ဆက် အမှာစကားပြောကြားရာတွင် ၂၀၀၄ ခုနှစ်က စတင်ဖွဲ့စည်း ခဲ့သည့် မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းကို မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေအရ ၂၀၁၅ ခုနှစ်တွင် စာရင်းပညာဆိုင်ရာ အမျိုးသားအဆင့်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပြီး သီးခြားလွတ်လပ်သော မြန်မာနိုင်ငံ၏ စာရင်းပညာရှင်အဖွဲ့အစည်းအနေဖြင့် ရပ်တည်လျက် ရှိပါကြောင်း၊ စာရင်းပညာဖွံ့ဖြိုးတိုးတက်စေရေး၊ အသက်မွေးဝမ်းကျောင်းပညာရပ်၊ ကိုယ်ကျင့်တရားနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ စံများ၊ လိုက်နာမှုပိုမိုအားကောင်း စေရေးနှင့် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများ လိုက်နာကျင့်သုံးစေရေးတို့အတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူမှု အစီအစဉ်များ အမြဲမပြတ် ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။

 ထို့အပြင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို သိရှိနားလည်ပြီး လိုက်နာမှုအားကောင်းစေရေးအတွက်လည်း အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အသင်းအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အသင်းသားများအနေဖြင့် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေပါပြဋ္ဌာန်းချက်များ၊ အသင်းနှင့် ကောင်စီတို့မှ ထုတ်ပြန်ထားသည့် လုပ်ငန်းနှင့် ကျင့်ဝတ်သိက္ခာဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာ၍ ပညာရပ်ဆိုင်ရာအရည် အချင်းများ ပိုမိုပြည့်ဝစေရေးနှင့် အသင်းကြီးခိုင်မာအားကောင်းစွာ‌ ရေရှည်တည်တံ့နိုင်ရေးနှင့် ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် အသင်းသားအားလုံးတို့က ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် အစည်းအဝေးသဘာပတိ ဦးသိန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး အသင်းဥက္ကဋ္ဌ ဦးဝမ်းတင်က အမှာစကားပြောကြားကာ ၂၀၂၄-၂၀၂၅ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများ၊ စာရင်းစစ်အစီရင်ခံစာတို့ကို ဖတ်ကြားတင်ပြအတည်ပြုခြင်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်ခန့်အပ်ခြင်းများကို အတည်ပြုချက်ရယူခြင်း၊ ဘုတ်အဖွဲ့ဝင်များ အလှည့်ကျနုတ်ထွက်ခြင်းနှင့် ရွေးချယ်တင်မြှောက်ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက် ကြ၍ အစည်းအဝေးသဘာပတိ ဦးသိန်းမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းနာယကများ၊  ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှု ဆောင်အဖွဲ့ဝင်များနှင့် အသင်းဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၃၅၉ ခု

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 23, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 21, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 20, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download