မြန်မာ့ပုံရိပ်ကို ထိခိုက်စေသည့် အွန်လိုင်းဒုစရိုက်များ အပြီးတိုင်ဖယ်ရှား
မြန်မာ့ပုံရိပ်ကို ထိခိုက်စေသည့် အွန်လိုင်းဒုစရိုက်များ အပြီးတိုင်ဖယ်ရှား
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 10, 2025
အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်ကျူးလွန်မှုများကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားသည့် မြဝတီ- မဲ့ထော်သလေး KK Park နယ်မြေရှိ အဆောက်အအုံပေါင်း ၁၅၀ ခန့်ကို ဖြိုချဖျက်ဆီးရှင်းလင်းနေပြီဖြစ်သည်။ မြို့ငယ်လေးတစ်မြို့ကဲ့သို့ရှိနေသည့် KK Park အတွင်း လူနေအဆောက်အအုံများ၊ ဈေးဆိုင်၊ စားသောက်ဆိုင်၊ ဂိုဒေါင်၊ ဟိုတယ်၊ GYM အားကစားခန်းမ၊ KTV၊ SPA၊ ဆေးရုံ၊ ပန်းခြံ၊ အားကစားရုံ၊ ဖူဆယ်ကွင်း၊ ပိုက်ကျော် ခြင်းကွင်း၊ ဘတ်စကက်ဘောကွင်းများပါ တည်ဆောက်ထားခြင်းဖြစ်သည်။
အထက်ဖော်ပြပါ အဆောက်အအုံများ ဆောက်လုပ်ထားရှိမှု၊ မြေပိုင်ဆိုင်မှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ၏ တရားဝင်ခွင့်ပြုမိန့်၊ မြေပိုင်ဆိုင်ခွင့်အထောက်အထား၊ ဟိုတယ်နှင့်ခရီးသွားလာရေး၏ ဆောက်လုပ်ခွင့်၊ ခွင့်ပြုမိန့် စသည့် တရားဝင်စာရွက်စာတမ်းများ မရှိ။ ထိုင်းနိုင်ငံနှင့် သောင်ရင်းမြစ်ကျဉ်းကျဉ်းကလေးသာခြားနေပြီး မြစ်ကမ်းနဖူးတွင်တည်ရှိနေသည့် KK Park နယ်မြေအတွင်းသို့ နိုင်ငံခြားသားများ တရားမဝင်လာရောက်ကြပြီး အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုနှင့် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြရာ ၉၀ ရာခိုင်နှုန်းကျော်မှာ ထိုင်းနိုင်ငံကိုတစ်ဆင့်ခံ၍ နယ်စပ်ဖြတ်ကျော် ရောက်ရှိလာကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံ နယ်စွန်နယ်ဖျားဒေသများတွင် တည်ရှိနေကြသော အွန်လိုင်းငွေကြေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုများကြောင့် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ပုံရိပ်ကို ထိခိုက်ကျဆင်းစေသည်။ ကုမ္ပဏီများအဖြစ် အသွင်ယူဟန်ဆောင်ထားသည့် အဆိုပါဒုစရိုက်လုပ်ငန်းများကို နောက်ကွယ်မှ ကြိုးကိုင်ဆောင်ရွက်နေသူများမှာ နိုင်ငံခြားသားများဖြစ်ကြပြီး နယ်မြေကိုထိန်းချုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပေးအယူများလုပ်၍ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။
နယ်စပ်မျဉ်းများနှင့် နီးကပ်စွာရှိနေသော အွန်လိုင်းလိမ်လည်၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများအနေဖြင့် ၎င်းတို့အတွက် လိုအပ်သော အရင်းအမြစ်များအားလုံးကို တစ်ဖက်နိုင်ငံမှ အလွယ်တကူရယူနိုင်ခဲ့ကြပြီး ၎င်းတို့လုပ်ငန်းအတွက် လိုအပ်သော လူသားအရင်းအမြစ်များကို နိုင်ငံအသီးသီးတို့မှ သွေးဆောင်ဖြားယောင်း လိမ်လည်လှည့်ဖြားခေါ်ယူရာတွင်လည်း တစ်ဖက်နိုင်ငံကို တစ်ဆင့်ခံ အသုံးချခဲ့ကြခြင်းဖြစ်သည်။ အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များသည် ၎င်းတို့၏ ငွေကြေးလိုအပ်ချက်အတွက် မူးယစ်ဆေးဝါး၊ လက်နက်၊ သဘာဝသယံဇာတများ စသည်တို့ကို မှောင်ခိုထုတ်လုပ်ရောင်းဝယ်မှုများ၊ တရားမဝင် ကုန်သွယ်အကောက်ဂိတ်များ စသည်ဖြင့် ဖြည့်ဆည်းနေကြခြင်းဖြစ်ရာ အွန်လိုင်းရာဇဝတ်ဂိုဏ်းများ ရောက်လာခြင်းကလည်း ၎င်းတို့အတွက် ဝင်ငွေလမ်းကြောင်းတစ်ခုဖြစ်လာပြီး အပြန်အလှန် အမှီသဟဲပြုနေကြခြင်းဖြစ်သည်။
ကရင်ပြည်နယ်အတွင်း အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းများသည် ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်တွင် လေးကေ့ကော်မြို့သစ်အား ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ မြန်မာ-ထိုင်း နယ်စပ်အနီးရှိ နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် KK Park ကိုလည်း တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော် အစိုးရသည် online scam center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေးအတွက် အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာတွင် ကရင်ပြည်နယ်တွင်သာမက ရှမ်းပြည်နယ်အရှေ့မြောက်ဘက်နှင့် အရှေ့ဘက်တို့တွင်လည်း နယ်မြေစစ်ဆေးရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။
KK Park နယ်မြေအတွင်း မြို့ကလေးတစ်မြို့ပမာ အခိုင်အမာ တည်ဆောက်ထားသော အဆောက်အအုံများကို ဖြိုချဖျက်ဆီးရှင်းလင်းနေခြင်းက မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ပုံရိပ်ကို ထိခိုက်စေသည့် အွန်လိုင်းဒုစရိုက်လုပ်ငန်းများ မြန်မာ့မြေပေါ်မှ အပြီးတိုင်ဖယ်ရှားသွားမည့် သန္နိဋ္ဌာန်ကို ထင်ရှားစွာပြသလိုက် ခြင်းပင်ဖြစ်ပါကြောင်း။ ။
သတင်းစာများ - ၃၃၄၄ ခု
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 10, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 08, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 06, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 05, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 04, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 01, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
