မြန်မာ့အကောင်းဆုံးလက်ရွေးစင်များကို ရွေးချယ်စေလွှတ်မည့် National Esports Championship ပြိုင်ပွဲ ကျင်းပမည်
မြန်မာ့အကောင်းဆုံးလက်ရွေးစင်များကို ရွေးချယ်စေလွှတ်မည့် National Esports Championship ပြိုင်ပွဲ ကျင်းပမည်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 20, 2025
ရန်ကုန် မေ ၁၉
ထိုင်းနိုင်ငံတွင်ကျင်းပမည့် ၂၀၂၅ ခုနှစ် ဆီးဂိမ်းအတွက် နိုင်ငံ့လက်ရွေးစင်ရွေးချယ်ပွဲကြီး National Esports Championship: Road to SEA Game 2025 ကို မေလတတိယပတ်မှစ၍ စတင်ကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲကာလမှာ မေလတတိယပတ်မှ ဇူလိုင်လ တတိယပတ်အထိ နှစ်လခန့်ကြာမြင့်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် လက်ရည်စစ်ပွဲအတွက် မေလတတိယပတ်မှ စတင်စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။
National Esports Championship ပြိုင်ပွဲသည် မြန်မာနိုင်ငံ၏ အမြင့်ဆုံးသော Esports အားကစားပြိုင်ပွဲဖြစ်ပြီး လက်ရည်စစ်ပွဲအဆင့်၊ အုပ်စုပြိုင်ပွဲအဆင့်၊ နောက်ဆုံးအဆင့်ဖိုင်နယ်ပြိုင်ပွဲကြီးဟူ၍ အဆင့်သုံးဆင့်ခွဲကာ ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။
ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ယခင်ကျင်းပခဲ့သော MESL Pro series Season 2 မှ လေးသင်း၊ လူငယ်လက်သစ်များအတွက် ရည်ရွယ်သော Foundation Qualifier ပြိုင်ပွဲမှ နှစ်သင်းနှင့် လာမည့် NEC Open Qualifier မှ လေးသင်း စုစုပေါင်း ၁၀ သင်း ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။ ပြိုင်ပွဲအကြောင်း အသေးစိတ်ကို MESL- Myanmar Esports League Facebook Page မှတစ်ဆင့် မေလဒုတိယပတ်မှစတင်၍ ကြေညာသွားမည်ဖြစ်သည်။
မေ ၁၆ ရက် Pan Pacific Hotel ၌ မြန်မာနိုင်ငံ အီလက်ထရွန်နစ်အားကစားအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော M Summit 2025 တွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာကောင်းမြတ်စံက အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ချုပ်မှ ကျင်းပခဲ့သည့် ပြိုင်ပွဲများတွင် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြသည့် မိတ်ဖက်ကုမ္ပဏီများ ကို အသိအမှတ်ပြုလက်မှတ်များ ပေးအပ်သည်။
ထို့ပြင် လူငယ်အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ အဖွဲ့ချုပ်သည် တက္ကသိုလ်အဆင့် Esports အားကစားပြိုင်ပွဲများကို ၂၀၂၄ ခုနှစ်မှစတင် ၍ ကျင်းပနေပြီး ယခုနှစ်တွင် တက္ကသိုလ်များကို Yangon Region ၊ Other Region နှင့် Private Universities ဟူ၍ ဒေသကြီးသုံးခုခွဲကာ Varsity League Division 1၊ Division 2 နှင့် University Esports Championship ဟူ၍ တစ်နှစ်လျှင် နှစ်ကြိမ် ကျင်းပသွားမည်ဖြစ်ပြီး တက္ကသိုလ်အဆင့် အီလက်ထရွန်နစ်အားကစားပြိုင်ပွဲများကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်သွားမည်ဖြစ်သည်။ ပြိုင်ပွဲအကြောင်းအသေးစိတ်ကို University Esports Network နှင့် Uni League by MESL Facebook Page တို့မှတစ်ဆင့် ကြေညာသွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် Esports အားကစားအသင်းများက မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဦးဆောင်မှုဖြင့် ၂၀၂၃ ခုနှစ် နိုင်ငံတကာ Esports အားကစားအဖွဲ့ချုပ် (IESF) မှ ကျင်းပသော World Esports Champion-ship တွင် Dota 2 ပြိုင်ပွဲမှ ကမ္ဘာ့အဆင့် ငွေတံဆိပ်ဆုကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ ၌ကျင်းပသော SEA Games ပြိုင်ပွဲတွင် Mobile Legends: Bang Bang ပြိုင်ပွဲမှ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ၌ ကျင်းပ သော Hangzhou 19th Asian Games တွင် Honor of Kings ပြိုင်ပွဲတွင် အဆင့် (၅) ကိုလည်းကောင်း အောင်မြင်မှုအသီးသီးရယူထားပြီးဖြစ်ရာ လာမည့် (၃၃) ကြိမ်မြောက် SEA Games ပြိုင်ပွဲကြီးတွင်လည်း ရလဒ်ကောင်းများရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၅၃၇ ခု
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
