မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နှစ်(၈၀)ပြည့် အထိမ်းအမှတ် ထူးချွန်ဆုရရှိသော ဝန်ထမ်းများအား ဆု​များပေးအပ်ချီးမြှင့်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 16, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၅

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နှစ် (၈၀)ပြည့် အထိမ်းအမှတ် ထူးချွန်ဆုရရှိသောဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းနှင့် ဝန်ထမ်းများအတွက် ဗလာမပါ ကံစမ်းမဲများချီးမြှင့်ခြင်းကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်(တပ်ကုန်း မြို့)ရှိ မြန်မာ့အသံနှင့်ရုပ်မြင် သံကြား Auditorium ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝန်ထမ်းများက “အားလုံး ချစ်သည် MRTV” တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

ဆက်လက်ထိန်းသိမ်း

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နှစ် (၈၀) ပြည့် အခမ်းအနားမှသည် နောင်နှစ်ပေါင်းများစွာ MRTV ၏ ဂုဏ်သိက္ခာကို ဝန်ထမ်းအားလုံးက ဆက်လက်ထိန်းသိမ်းပြီး ပိုမိုကောင်းမွန်သည့် နိုင်ငံတော်မီဒီယာဖြစ်အောင် ဝိုင်းဝန်းကြိုးစားကြ စေလိုပါကြောင်းပြောကြားသည်။

ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နှစ်(၈၀) ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်တံဆိပ်အား ပြည်ထောင်စုဝန်ကြီးထံ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က ဂါရဝပြုပေးအပ်သည်။

ဂုဏ်ပြုဆုများပေးအပ်

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းလုပ်သက်(၃၅)နှစ် ပြည့်မြောက်သည့် ဝန်ထမ်းငါးဦးနှင့် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိကြသော ဝန်ထမ်း ၃၉ ဦးအနက်မှ ကိုယ်စားလှယ်တစ်ဦးတို့အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ပြည်တွင်းပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ဝန်ထမ်းနှစ်ဦးနှင့် ဌာနခွဲများအလိုက် အစီအစဉ်ထုတ်လုပ်မှု ထူးချွန်ဆုရရှိခဲ့သော ဝန်ထမ်းလေးဦးတို့အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သတင်းတည်းဖြတ်ထုတ်လွှင့်မှု ထူးချွန်ဆု၊ သတင်းတင်ဆက်မှု ထူးချွန်ဆု၊ ရိုက်ကူးထုတ်လုပ်မှုဆိုင်ရာ ထူးချွန်ဆု၊ လုပ်ငန်းစွမ်းဆောင်ရည်ထူးချွန်ဆုနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်မှုထူးချွန်ဆုရရှိကြသည့် ဝန်ထမ်းများအား ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။

ဗလာမပါကံစမ်းမဲဖွင့်ဖောက်

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဝန်ထမ်းများအတွက် ဗလာမပါကံစမ်းမဲများကိုဖွင့်ဖောက်၍ ပေးအပ်ကြသည်။

ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝန်ထမ်းများက “ရှင်သန်နေမည် MRTV” တေး သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့သည်။

သတင်းစဉ်

သတင်းစာများ - ၃၄၄၃ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download