မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေးအသင်း တရုတ်-တောင်အာရှနှင့် အရှေ့တောင်အာရှ ပြည်သူ့လူမှုရေးအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်အဖွဲ့ အစည်းအဝေးကျင်းပ
မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေးအသင်း တရုတ်-တောင်အာရှနှင့် အရှေ့တောင်အာရှ ပြည်သူ့လူမှုရေးအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်အဖွဲ့ အစည်းအဝေးကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 26, 2025
ရန်ကုန် ဒီဇင်ဘာ ၂၅
ဒေသတွင်း NGO အဖွဲ့အစည်းများ လူမှုဘဝတိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် မြန်မာ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ လာအို၊ နီပေါ(၆)နိုင်ငံမှ လူမှုရေးအသင်းအဖွဲ့များက ၂၀၂၅ ခုနှစ်အောက်တိုဘာ ၁ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ စတင်ဖွဲ့စည်းခဲ့သည့် “တရုတ်-တောင်အာရှနှင့် အရှေ့တောင်အာရှ ပြည်သူ့လူမှုရေးအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးမဟာမိတ်အဖွဲ့ ”(China South & Southeast Asian Civil Society Organizations Development and Exchange Cooperation Alliance) ၏ တတိယအကြိမ်မြောက်ကျင်းပသည့် အွန်လိုင်းအစည်းအဝေးကို မြန်မာနိုင်ငံရှိ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းက စီစဉ်လျက် ဒီဇင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ တရုတ်နိုင်ငံရှိ ကူမင်းယွမ်ဒီလူမှုကူညီရေးစင်တာ (Cunming Yundi Behavior and Health Research Center)၊ Chinese Academy of Medical Sciences , Fuwai Yunnan Hospital၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ MalishaFoundation နှင့် ကမ္ဘောဒီးယား၊ လာအို၊ နီပေါနိုင်ငံတို့မှ NGO အသင်းများတက်ရောက်ကြပြီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ရန်ကင်းကလေးဆေးရုံကြီးနှင့် ဝိသာခါဖောင်ဒေးရှင်းတို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဖွဲ့စည်းထားသည့် လူမှုရေးအဖွဲ့အစည်းများက ဒေသတွင်းနိုင်ငံများအတွင်း ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ယဉ်ကျေးမှုကဏ္ဍများကို ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုမှ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ဆောင်ရွက်သွားရန် ရည်ရွယ်ဆွေးနွေးကြသည်။
နိုင်ငံအလိုက် အသင်းအဖွဲ့များက မိမိတို့အသင်းအဖွဲ့များ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး ရန်ကင်းကလေးဆေးရုံကြီးမှ ကလေးနှလုံးရောဂါကုသရေးလုပ်ငန်းများကို တရုတ်နိုင်ငံမှ Fuwai Yunnan Hospital နှင့် ပူးပေါင်းဆောင်ရွက် ခဲ့မှုများကိုလည်းကောင်း၊ မြန်မာ - တရုတ်ပူးပေါင်းဆက်ဆံရေးအသင်းက မြန်မာ-တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ဆောင်ရွက်ချက်များကိုလည်းကောင်း၊ ဝိသာခါဖောင်ဒေးရှင်းမှ လူမှုရေးလုပ်ငန်းများဆောင်ရွက်ချက်များကိုလည်းကောင်း၊ တရုတ်နိုင်ငံ Chinese Academy of Medical Sciences , FuwaiYunnan Hospital ၏ Social Service Depertment မှ Dr. Gao(ဒေါက်တာကောင်း )က Case on Child Nutrition in Congenital Heart Disease Screening in Laos ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Malisha Foundation မှ ဒေါက်တာ မာရစ်ဖ်(Dr. Maruf) က Nutritional Practice Sharing for CHD in Bangladesh ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်ပြီး တက်ရောက်လာသူများက အနာဂတ်တွင် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၃၉၁ ခု
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 22, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 21, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 20, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
