မြန်မာ - တရုတ်သံတမန်ဆက်ဆံရေး (၇၅)နှစ်ပြည့်အထိမ်းအမှတ် ကဗျာနှလုံးသားတူယှဉ်သွား တရုတ်-မြန်မာ ဂန္ထဝင်ကဗျာများ ရွတ်ဆိုပွဲကျင်းပ
မြန်မာ - တရုတ်သံတမန်ဆက်ဆံရေး (၇၅)နှစ်ပြည့်အထိမ်းအမှတ် ကဗျာနှလုံးသားတူယှဉ်သွား တရုတ်-မြန်မာ ဂန္ထဝင်ကဗျာများ ရွတ်ဆိုပွဲကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 26, 2025
ရန်ကုန် ဒီဇင်ဘာ ၂၅
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ကွမ်ရှီးအသံနှင့် ရုပ်မြင်သံကြားဌာနတို့ပူးပေါင်းပြီး မြန်မာ - တရုတ် သံတမန်ဆက်ဆံရေး (၇၅)နှစ် ပြည့်အထိမ်းအမှတ် ကဗျာနှလုံးသား တူယှဉ်သွား တရုတ်-မြန်မာ ဂန္ထဝင်ကဗျာများရွတ်ဆိုပွဲကို ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရန်ကုန် Studio –A ၌ ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားသို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင်၊ ကွမ်ရှီးအသံနှင့်ရုပ်မြင်သံကြားဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Ms.Zhengkui နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(ရန်ကုန်)မှ ဝန်ထမ်းမိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြသည်။
ဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က အမှာစကား ပြောကြားပြီး ကွမ်ရှီးအသံနှင့်ရုပ်မြင်သံကြားဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Ms.Zhengkui က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။ ယင်းနောက်ကွမ်ရှီးအသံနှင့် ရုပ်မြင်သံကြားဌာနမှ အစီအစဉ်တင်ဆက်သူ Mr .Su Yaong Jian ရွတ်ဆိုထားသည့် တရုတ်စာရေးဆရာကြီး Yu Guangzhong ရေးသားထားသည့် “The Sight Of Father’s Back” ကဗျာ Video Clip ကို ပြသသည်။
ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အစီအစဉ်တင်ဆက်သူ ဦးစောမင်းနောင်က ဂန္ထဝင်ကဗျာဆရာကြီး ဇော်ဂျီရေးသားထားသည့် “ပိတောက်ပန်း” ကဗျာကို ရွတ်ဆိုသည်။ ယင်းနောက် GXRTV မှ အစီအစဉ်တင်ဆက်သူများဖြစ်သည့် Ms. Zhou Baolin နှင့် Mr.Da Peng တို့ ရွတ်ဆိုထားသည့် တရုတ်ခေတ်သစ်ကဗျာ “ Pinglu Canal” ကဗျာ Video Clip ကို ပြသသည်။
ဆက်လက်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အစီအစဉ်တင်ဆက်သူများ ဖြစ်ကြသည့် ဦးသက်ဇင်ထိုက်နှင့် ဒေါ်ဝတ်ရည် မြင့်အောင်တို့က ဂန္ထဝင်ကဗျာ ဆရာမငွေတာရီ ရေးသားထားသည့် “သာသည့် မြေသို့” ကဗျာကို ရွတ်ဆိုသည်။ ယင်းနောက် GXRTV မှ အစီအစဉ်တင်ဆက်သူ Ms.Wang Lin က “သက်ဆိုင်သူ ထာဝရတည်ရှိပါစေ” တရုတ်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေသည်။
ထို့နောက် တရုတ်စာသင်ကြား နေသည့် မြန်မာကျောင်းသားတစ်ဦးနှင့် မြန်မာစာသင်ကြားနေသည့် တရုတ်ကျောင်းသားတစ်ဦးတို့က အကြိုက်ဆုံးကဗျာအကြောင်း အင်တာဗျူးထားသည့် Video Clip နှစ်ခုကို ပြသသည်။
ဆက်လက်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဦးစောမင်းနောင်နှင့် ကွမ်ရှီးအသံနှင့်ရုပ်မြင်သံကြားဌာနမှ ချမ်းချမ်းတို့က “မြန်မာမိတ်ဆွေများအတွက်” ကဗျာကို အတူတကွရွတ်ဆိုကြသည်။ ယင်းနောက် ဖျော်ဖြေရေးအစီအစဉ်ကို ကျင်းပရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နိုင်ငံတော်သံစုံတီးဝိုင်းနှင့် ခေတ်ပေါ် တေးဂီတအဖွဲ့တို့၏ ပူးပေါင်းတီးခတ်မှုနှင့်အတူ ဝန်ထမ်းတေးသံရှင်များ ဖြစ်ကြသည့် ဖူးဧကရီဆောင်းက “ Tian Mi Mi (အချစ်ပြန်လာတော့မယ်)” သီချင်း ဖြင့်လည်းကောင်း၊ ခတ္တာက “Ni Zen Me Shuo (မောင်ပေးတဲ့ အချစ်ပြန်ဆပ်ခဲ့ပါ)” သီချင်းဖြင့် လည်းကောင်း၊ စောဒယ်နီရယ်က “Xiao Ren Wu De Xin Sheng (ရိုးရှင်းသောဘဝ)” သီချင်းဖြင့်လည်းကောင်း၊ အေးနံ့သာအောင် က “San Yue Li De Xiao Yu (အမှတ်တရ)” သီချင်းဖြင့် လည်းကောင်း၊ မြင့်မြတ်ကျော်က “Gen Wang Shi Gan Bei (ဖြေသိမ့် လိုက်)” သီချင်းဖြင့်လည်းကောင်း အသီးသီးသီဆိုဖျော်ဖြေတင်ဆက်ကြပြီး မြန်မာ - တရုတ်သံတမန် ဆက်ဆံရေး (၇၅)နှစ်ပြည့် အထိမ်းအမှတ် ကဗျာနှလုံးသားတူယှဉ်သွား တရုတ်-မြန်မာ ဂန္ထဝင်ကဗျာများ ရွတ်ဆိုပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ကွမ်ရှီးအသံနှင့်ရုပ်မြင် သံကြားဌာန(GXRTV)တို့သည် ၂၀၁၇ ခုနှစ်မှစတင်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တရုတ် ရုပ်သံစီးရီးနှင့် တရုတ်ကာတွန်းကားများအား မြန်မာဘာသာ ပြန်ဆိုပြသလျက်ရှိသကဲ့သို့ နှစ်ဖက်ပူးပေါင်းထုတ်လုပ်မှုများ ဆောင်ရွက်လျက်ရှိရာ ကွမ်ရှီးအသံနှင့် ရုပ်မြင်သံကြားဌာန(GXRTV)မှ ရိုက်ကူးပြီးစီးခဲ့သည့် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နောက်ဆုံးအောင်မြင် မှုအခြေအနေများ မှတ်တမ်းရုပ်သံနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပူးတွဲရိုက်ကူးထုတ်လုပ်မည့် မုတ္တမပင်လယ်ကွေ့တွင် ကျက်စားသည့် ငှက်မျိုးရင်းလေ့လာရေး အစီအစဉ်စသည့် ရုပ်သံမှတ်တမ်း အစီအစဉ်နှစ်ခုအား နှစ်ဖက်ရုပ်သံများတွင် ထုတ်လွှင့်ပြသရေးသဘောတူညီချက်မူဘောင်ကို ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(ရန်ကုန်)၌ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၃၉၁ ခု
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 23, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 22, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 21, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 20, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လကွယ်နေ့ ၊ ဒီဇင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
