မွန်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ ဓားဦးချွန် ကိုင်ဆောင်သူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူ
မွန်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ ဓားဦးချွန် ကိုင်ဆောင်သူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 26, 2026
၂၀၂၆ ခုနှစ်၊ မေ ၂၄ ရက်က မွန်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ ဓားဦးချွန် ကိုင်ဆောင်သူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၄ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ကလော့သော့ကျေးရွာအဝင်လမ်းအရောက်၌ အဆိုပါကျေးရွာနေ ဇော်မင်းဦး(၂၀)နှစ်အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ ၎င်းထံမှ အရိုး၊ အသွား ၁၀ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဇော်မင်းဦး အား ကမာဝက်နယ်မြေရဲစခန်း (ပ)၁၈/၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း။
အလားတူ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မုပွန်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် မော်လမြိုင်မြို့နယ်၊ သီရိမင်္ဂလာရပ်ကွက်၊ သမာဓိ(၃)လမ်း၊ ၁၇ လမ်းနှင့် ၁၈ လမ်းကြားအရောက်၌ အဆိုပါရပ်ကွက်နေ စိုးသီဟ(ခ)အရှည်ကြီး(၃၇)နှစ်အား အရိုး၊ အသွား ၂၄ လက်မခန့်ရှိ ဓားရှည် တစ်ချောင်းအား ကိုင်ဆောင်ရမ်းကားနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့ဖြင့် စိုးသီဟ(ခ)အရှည်ကြီး အား မုပွန်နယ်မြေရဲစခန်း (ပ)၁၀၁/ ၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း။
အလားတူ ညနေ ၅ နာရီ ၂၀ မိနစ်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဟံသာဝတီရပ်ကွက်၊ ဟံသာဝတီ(၁၃)လမ်း၌ အမျိုးသား တစ်ဦး ဓားရှည် ကိုင်ဆောင်ရမ်းကားနေကြောင်း သတင်းအရ သံဖြူဇရပ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ မျိုးထွန်း(ခ)ကိုထွန်း(၄၅)နှစ်သည် အရိုး၊ အသွား ၂၈ လက်မခန့်ရှိ ငှက်ကြီးတောင် ဓားရှည် တစ်ချောင်းအား ကိုင်ဆောင်ရမ်းကားနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် မျိုးထွန်း(ခ) ကိုထွန်း အား သံဖြူဇရပ်မြို့မရဲစခန်း (ပ)၆၂/၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း။
ထို့အတူ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပုသိမ်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ပုသိမ်ကြီးမြို့နယ်၊ ကံကောက်ရွာဟောင်းကျေးရွာလမ်းမပေါ်၌ အဆိုပါကျေးရွာနေ ဇေယျာချို(ခ)ဖိုးချစ်(၂၇)နှစ်အား အရိုး၊ အသွား ၁၁ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအား ကိုင်ဆောင်ရမ်းကားနေသည်ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် ဇေယျာချို(ခ)ဖိုးချစ် အား ပုသိမ်ကြီးမြို့မရဲစခန်း (ပ)၉၀/၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
သတင်းစာများ - ၃၅၃၇ ခု
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
