မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ မော်တော်ယာဉ်အား လမ်းပြောင်းပြန်မောင်းနှင်ပြီး ဘီးခွန်ဂိတ်အား ဝင်တိုက်ကာ မောင်းနှင်ထွက်ပြေးသည့် အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / June 10, 2026


     ၂၀၂၆ ခုနှစ်၊ ဇွန် ၈ ရက်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ မော်တော်ယာဉ်အား လမ်းပြောင်းပြန် မောင်းနှင်ပြီး ဘီးခွန်ဂိတ်အား ဝင်တိုက်ကာ မောင်းနှင်ထွက်ပြေးသည့် အမျိုးသား တစ်ဦးအား ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဇွန် ၈ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာ၊ ရန်ကုန် - မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၄၄ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၊ မြို့နယ်စည်ပင် သာယာရေး မော်တော်ယာဉ်ဘီးခွန် ကောက်ခံရေးဂိတ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ကျိုက်ထိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မော်လမြိုင်မှ ရန်ကုန်ဘက်သို့ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်နေ ဟိန်းဇော်ဌေး(၂၉)နှစ် မောင်းနှင်လာသည့် MDY-15/2M-XXXX TOYOTA HILUX VIGO ယာဉ်သည် အဆိုပါ ဘီးခွန်ကောက်ခံရေးဂိတ်တွင် ၄င်းယာဉ်၏ ရှေ့မှ မြို့ဝင်ကြေးဘီးခွန်ပေးဆောင်နေသော ယာဉ်များအား ကျော်တက်မောင်းနှင်ကာ တစ်ဖက် ယာဉ်ကြောရှိ မောင်းတံဂိတ်၌ မြို့ဝင်ကြေး ဘီးခွန်ကောက်ခံနေသူ ကျိုက်ထိုမြို့၊ လက်ပြကျေးရွာ၊ မောင်အောင်ပြည့်ပိုင် (၁၆)နှစ်နှင့် တားဆီးထားသည့် မောင်းတံအား ဝင်တိုက်ကာ မောင်းနှင် ထွက်ပြေးခဲ့သဖြင့် မောင်အောင်ပြည့်ပိုင်တွင် ဒဏ်ရာများရရှိခဲ့ကြောင်း။

    ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါမော်တော်ယာဉ်အား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၎င်းယာဉ်နှင့်အတူ ဟိန်းဇော်ဌေးအား စစ်တောင်းတံတားအနီး၌ ဖမ်းဆီးရမိခဲ့သဖြင့် မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ဟိန်းဇော်ဌေး အား ကျိုက်ထိုမြို့မရဲစခန်း ယာဉ်(ပ)၉/၂၀၂၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

သတင်းစာများ - ၃၅၅၂ ခု

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇွန် ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download