မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့မှုကြောင့် ခရီးသည်အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့မှုကြောင့် ခရီးသည်အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / June 26, 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၂၃ ရက်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ခရီးသည်တင်မော်တော်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့မှုကြောင့် ခရီးသည်အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၃ ရက် ည ၈ နာရီ ၄၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ ကျိုက်ထီးရိုးဘုရားသွား လမ်းဆုံမီးပွိုင့်အနီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ ကျိုက်ထိုဘက်သို့ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ တလိုင်းကုန်းကျေးရွာနေ ဝင်းမင်းလတ်(၄၀)နှစ် မောင်းနှင်လာသည့် YGN-12/8J-XXXX ခရီးသည်တင် မော်တော်ယာဉ်သည် ကျိုက်ထီးရိုးဘုရားသွား လမ်းဆုံမီးပွိုင့်အနီးအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်သို့ လဲကျတိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါခရီး သည် ၁၁ ဦးအနက် ဝါးခယ်မမြို့နယ်နေသူများဖြစ်ကြသည့် ဒေါ်တင်တင်ဦး(၆၂)နှစ်နှင့် ဒေါ်ဥမ္မာ(၃၆)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ဝင်းမင်းလတ် အား ကျိုက်ထိုမြို့မရဲစခန်း ယာဉ်(ပ) ၈/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
သတင်းစာများ - ၃၂၀၅ ခု

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။
