မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် လေးစီး ဖမ်းဆီးအရေးယူ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / January 30, 2026


     ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရှမ်းပြည်နယ်၊ တောင်ကြီး မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တို့၌ လိုင်စင်မဲ့ မော် တော်ယာဉ် လေးစီး ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၈ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျောက်ရေတွင်းကျေးရွာ၊ နောင်ရိုးစည်ပင်လုံခြုံရေးရဲကင်း၌ ဘီးလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဘီးလင်းမြို့မှ ကျိုက်ထိုမြို့ဘက်သို့ မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ အင် တိုင်းကျေးရွာနေ ချစ်ကိုကို(၃၁)နှစ် မောင်းနှင်လာသော YGN-31/RLG-XXXX NISSAN X-TRAIL မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါ မော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ချစ်ကိုကို အား ဘီးလင်းမြို့မရဲစ ခန်း (ပ)၂၇/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။

     အလားတူ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ဘီးလင်းမြို့နယ်၊ ရွှေသံလွင်တိုးဂိတ်ဟောင်း လုံခြုံရေးရဲကင်း၌ ဘီးလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သထုံမြို့မှ ဘီးလင်းမြို့ဘက်သို့ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ သက်ပိုင်ဦး (၂၇)နှစ် မောင်းနှင်လာသော MDY-18/5N-XXXX NISSAN X-TRAIL မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သက်ပိုင်ဦး အား ဘီးလင်း မြို့မရဲစခန်း (ပ)၂၈/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်း ကောင်း။

     ထို့အတူ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ တောင်ကြီးနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ရေအေးကွင်းရပ်ကွက်၊ ဥဿဖြား လမ်းပေါ်အရောက်၌ ဘုရားဖြူရပ်ကွက်နေ သူရိန်ကျော်(၂၄)နှစ် မောင်းနှင်လာသည့် SHN-18/ 1L-XXXX MITSUBISHI CANTER မော် တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့် ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ် ဖြစ် ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သူရိန်ကျော် အား တောင်ကြီးနယ်မြေရဲစခန်း (ပ)၁၅/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ် ၈ ဖြင့် လည်းကောင်း။

     ထို့အတူ ညနေ ၄ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ မင်းရပ် ရပ်ကွက်၊ အမှတ်(၅)လမ်းနှင့် လမ်းမတော်လမ်းဆုံတွင် လက်ပံတန်းမြို့မရဲစ ခန်းမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ချမ်းသာကုန်းကျေးရွာနေ ကျော်လင်းထွန်း(၄၃)နှစ် မောင်းနှင်လာသော MDY-18/4J-XXXX HONDA INSIGHT မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော် တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကျော်လင်းထွန်း အား လက်ပံတန်း မြို့မရဲစခန်း (ပ)၁၄/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အ သီးသီးအမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။

သတင်းစာများ - ၃၄၂၆ ခု

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 30, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download