ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်းဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများနှင့် စပ်လျဉ်းသည့် ဒုတိယအကြိမ် ဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်းဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများနှင့် စပ်လျဉ်းသည့် ဒုတိယအကြိမ် ဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 10, 2025

နေပြည်တော် မေ ၉
မြန်မာနိုင်ငံ၏ အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသကောင်စီဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်းဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် ဝန်ကြီးအဆင့်အစည်းအဝေးသို့ ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်သည်။
အစည်းအဝေးတွင် စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး H.E. Gan Kim Yong က အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသကောင်စီဝန်ကြီးများ၊ အာဆီယံ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဝန်ကြီးများက ၂၀၂၅ ခုနှစ် မေလ၌ အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် အဆင့်မြှင့်တင် ခြင်းညှိနှိုင်းမှုများ အပြီးသတ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရန် ကျန်ရှိသည့် အစားအစာနှင့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များအပေါ် ပို့ကုန်ကန့်သတ်ချက်များနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များ၊ ပြန်လည်ထုတ်လုပ်ထားသော ကုန်စည်များနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များ၊ အကောက်ခွန်များ ထပ်မံဖြေလျှော့ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စာချုပ်အာဏာသက်ဝင်ခြင်းဆိုင်ရာ နည်းလမ်းများအပေါ် လမ်းညွှန်မှုပေးခဲ့သည်။ ထို့ပြင် ဝန်ကြီးများက ပင်ရင်းဒေသစည်းမျဉ်းဆိုင်ရာ ကိစ္စရပ်များနှင့် အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူစာချုပ် ဒုတိယအခြေပြစာချုပ် ချုပ်ဆိုရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များအပေါ် ဆွေးနွေးညှိနှိုင်း ကြသည်။
အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်းဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို ၂၀၂၅ ခုနှစ် မေလတွင် အပြီးသတ်ရန်နှင့် အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်းဆိုင်ရာ အခြေပြစာချုပ်ကို ၂၀၂၅ ခုနှစ်အတွင်း လက်မှတ်ရေးထိုးရန် အာဆီယံနိုင်ငံများက ရည်မှန်းဆောင်ရွက်လျက်ရှိသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။
သတင်းစဉ်
သတင်းစာများ - ၃၁၅၈ ခု

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download