ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မှော်ဘီမြို့နယ်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တို့၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 09, 2025


     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မှော်ဘီမြို့နယ်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တို့၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းတောင်ရပ်ကွက်၊ ပန်းပင်ကြီးလမ်းနှင့် အထက်ကြည့်မြင်တိုင်လမ်းထောင့်၌ ကြည့်မြင်တိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သတင်းအရ စောင့်ဆိုင်းနေစဉ် လမ်းလျှောက်လာသူ မကျည်းတန်းမြောက်အရှေ့ရပ်ကွက်နေ အောင်သူ(၄၈)နှစ်အား စစ်ဆေးခဲ့ရာ ၎င်းလက်ကိုင်ဖုန်းအတွင်း နှစ်လုံးထီ လောင်းကစားပြုလုပ်ထားသည့် အချက်အလက်များ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အောင်သူ အား ကြည့်မြင်တိုင်မြို့မရဲစခန်း (ပ)၃၅၂/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)ဖြင့် လည်းကောင်း။

     အလားတူ နိုဝင်ဘာ ၇ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ စမ်းချောင်းပေါက်ကျေးရွာနေ အာကာကျော်(၄၁)နှစ်၏နေအိမ်၌ နှစ်လုံး/သုံးလုံးထီ ရောင်းချနေကြောင်း သတင်းအရ မှော်ဘီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်အတွင်းမှ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အာကာကျော် အား မှော်ဘီမြို့မရဲစခန်း (ပ)၃၆၆/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)ဖြင့် လည်းကောင်း။

     ထို့အတူ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်နေ ရဲဇော်(၃၃)နှစ်၏နေအိမ်၌ နှစ်လုံး/သုံးလုံးထီ ရောင်းချနေကြောင်း သတင်းအရ ဘီးလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်ဧည့်ခန်းအတွင်းမှ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ရဲဇော် အား ဘီးလင်းမြို့မရဲစခန်း (ပ)၃၁၄/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က)ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

သတင်းစာများ - ၃၃၄၄ ခု

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 04, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 02, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 01, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download