ရာသီဥတုပြောင်းလဲဖြစ်ပေါ်မှု အစွန်းရောက်အခြေအနေသတိပြု


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 23, 2026
image_latest


ရာသီဥတုပြောင်းလဲဖြစ်ပေါ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ ၂၁ ရက်နေ့တွင် အသိပေးထုတ်ပြန်ခဲ့သည်။ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များအနေဖြင့် အယ်လ်နီညိုဖြစ်စဉ်ဖြစ်ပေါ်နိုင်သော အခြေအနေရှိနေသည်ဟု ခန့်မှန်းတွက်ချက်ပေးထားသည်။ လက်ရှိအခြေအနေတွင်လည်း မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများ၌ အယ်လ်နီညိုသက်ရောက်မှုရှိသည့် ရာသီဥတုမူမမှန်မှုကို ကြုံတွေ့နေရသည်။

နိုင်ငံတကာမိုးလေဝသဌာနများ၏ တိုင်းတာတွက်ချက်လေ့လာမှုများအရ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်တွင် ၂၀၂၆ ခုနှစ် ဇွန်လမှစတင်၍ အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ပုံမှန်ဖြစ်ပေါ်လေ့ရှိသည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုများမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်များ မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။

အယ်လ်နီညိုဆိုသည်မှာ အစွန်းရောက်သဘာဝဘေးတစ်ခုဖြစ်ပြီး အလွန်ပူနွေးခြောက်သွေ့သည့် သဘာဝဖြစ်စဉ်တစ်ခုဟု အကြမ်းဖျင်းမှတ်သားနိုင်သည်။ တိတိကျကျဆိုလျှင် တောင်အမေရိကတိုက်၏အနောက်ဘက် ကမ်းရိုးတန်းနိုင်ငံများဖြစ်သည့် အီကွေဒေါနှင့် ပီရူးနိုင်ငံများဆီသို့ ခရစ္စမတ်ကာလတွင် တိုးဝင်လာကြသော ပင်လယ်ရေပူစီးကြောင်းများကို ဒေသခံတံငါသည်များက ခေါ်ဝေါ်ခဲ့ကြသည့် အမည်ဖြစ်သည်။ ယေဘုယျအားဖြင့် အယ်လ်နီညိုသည် ငါးနှစ်မှ ခုနစ်နှစ်တွင် တစ်ကြိမ်ဖြစ်ပေါ်လေ့ရှိသော်လည်း နောက်ပိုင်းတွင် နှစ်နှစ်၊ သုံးနှစ်လျှင် တစ်ကြိမ်ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။ အယ်လ်နီညိုဖြစ်စဉ်သည် အားကောင်းပါက တောင်အမေရိကနိုင်ငံများမှတစ်ဆင့် တစ်ကမ္ဘာလုံးသို့ပျံ့နှံ့ဖြစ်ပေါ်တတ်ပြီး ရာသီဥတုဖောက်ပြန်မှု ပြင်းထန်လာတတ်သည်။

၁၉၈၂-၁၉၈၃ ခုနှစ်တွင် လွန်ကဲပြင်းထန်သော ရာသီဥတုဖောက်ပြန်မှုဖြစ်ပေါ်ခဲ့သည်။ ကမ္ဘာအနှံ့စိုးရိမ်ပူပန်မှုများ၊ ဘေးဒုက္ခကျရောက်မှုများ ကြုံတွေ့ခဲ့ရသည်။ ၁၉၇၈ ခုနှစ်မှ ၁၉၉၈ ခုနှစ်ကာလအတွင်းကို ပူပြင်းခြောက်သွေ့သောကာလအဖြစ် မှတ်တမ်းတင်ခဲ့သည်။ ၁၉၉၇-၁၉၉၈ ခုနှစ်တွင် ထပ်မံဖြစ်ပေါ်ခဲ့သည့် အယ်လ်နီညိုသည် အဆိုးရွားဆုံး၊ အပြင်းထန်ဆုံးဖြစ်သဖြင့် တစ်ကမ္ဘာလုံးအလူးအလဲ ခံစားကြရသည်။ အဆိုပါအယ်လ်နီညိုကြောင့် အထွေထွေပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံရှိခဲ့သည်။ သေဆုံးသူ ၂၄၀၀၀၊ ဒဏ်ရာရသူ ၅၃၃၀၀၀၊ ရွှေ့ပြောင်းထွက်ခွာသူ ခြောက်သန်း၊ ထိခိုက်သူစုစုပေါင်း ၁၁၁ သန်းနှင့် ထိခိုက်ခဲ့သည့် မြေဧက ပေါင်း ၅၆ သန်းရှိခဲ့သည်။

၁၉၉၇-၁၉၉၈ ခုနှစ်တွင် ကြုံတွေ့ခဲ့သော အယ်လ်နီညိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံရှိ မြို့ကြီး ၁၈ မြို့တွင် အပူချိန်အမြင့်ဆုံးစံချိန်သစ်များတင်ခဲ့သည်။ မြို့ကြီး ၁၅ မြို့တွင် မိုးရေချိန်အနည်းဆုံးစံချိန်သစ်များတင်ခဲ့သည်။ ၂၀၁၅-၂၀၁၆ ခုနှစ် ကာလအတွင်းဖြစ်ပေါ်ခဲ့သော အားကောင်းသည့်အယ်လ်နီညိုကြောင့် စံချိန်တင်ပူပြင်းခြောက်သွေ့မှုများ ကြုံတွေ့ခဲ့ရပြီး ၂၀၁၆ ခုနှစ်အတွင်း စံချိန်တင်မီးလောင်ကျွမ်းမှုများ၊ ပူပြင်းခြောက်သွေ့မှုနှင့် တိုက်ရိုက်သက်ဆိုင်သော ရောဂါဖြစ်ပွားမှုများ၊ သောက်သုံးရေရှားပါးမှုနှင့် အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။

၂၀၂၆ ခုနှစ် နွေအကုန် မိုးဦးကျကာလ၌ ပုံမှန်အတိုင်း မိုးရွာသွန်းမှုများ ဖြစ်ပေါ် ရမည်ဖြစ်သော်လည်း မိုးရွာသွန်းမှုပုံမှန်မဟုတ်ဘဲ မိုးရိပ်မိုးလေအခြေအနေနှင့် ပူလောင်ပြင်းပြမှုများကို ခံစားနေကြရသဖြင့် ခန့်မှန်းထားသည့်အတိုင်း အယ်လ်နီညိုဖြစ်စဉ်နှင့်စတင်ကြုံတွေ့နေရပြီဟု ဆိုနိုင်သည်။ ဆက်လက်၍ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည့်အတွက် လာမည့်ကာလများတွင် ဆိုးဆိုးရွားရွားကြုံတွေ့နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ များသောအားဖြင့် အပူချိန်လွန်ကဲခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မိုးခေါင်လွန်ခြင်း၊ သောက်သုံးရေပြတ်လပ်ခြင်းများနှင့် ကြုံတွေ့နိုင်သဖြင့် ယခုကတည်းက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်သည်။

သို့ဖြစ်ရာ ၂၀၂၆ ခုနှစ်တွင် အယ်လ်နီညိုဖြစ်စဉ် စတင်ပေါ်ပေါက်နေပြီဖြစ်ရာ ထိုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ နေ့အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့်အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ပါသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူအားလုံးအနေဖြင့် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကို သတိပြုပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ဖွယ်ရာရှိသည်များကို အထူးဆောင်ရွက်ကြရန်လိုမည်ဖြစ်ပါကြောင်း။ ။

သတင်းစာများ - ၃၅၃၄ ခု

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download