ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုများထည့်သွင်းမှုနှုန်းထားများ စနစ်တကျလိုက်နာရန်လိုအပ်
ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုများထည့်သွင်းမှုနှုန်းထားများ စနစ်တကျလိုက်နာရန်လိုအပ်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 04, 2024

နေပြည်တော် အောက်တိုဘာ ၃
ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သော မိုးစပါးစိုက်ဧရိယာများတွင် ရေပြန်လည်ကျဆင်းပြီးနောက် ထိခိုက်ခဲ့သောစပါးခင်းများအား ပြန်လည်ကုစားရန်အတွက် မြေဩဇာနှင့် ရွက်ဖျန်းမြေဩဇာများ ထည့်သွင်းခြင်းလုပ်ငန်းကို နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ကြို့ပင်ကျေးရွာအုပ်စု မိုးစပါးဧက ၁၀၀ ၌ ဆောင်ရွက်ခဲ့ပြီး ပြန်လည်ကုစားခြင်းအတွက် တစ်ဧကလျှင် ယူရီးယား ၂၈ ပေါင်၊ သဘာဝမြေဩဇာတစ်အိတ်၊ ပိုတက်မြေဩဇာ ၂၈ ပေါင်၊ ကျောက်မှုန့် ၅၆ ပေါင်နှင့် ရွက်ဖျန်းမြေဩဇာ ၅၀၀ ဂရမ်နှုန်းတို့ဖြင့် ထည့်သွင်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန်တွင် ပြန်လည်ကုစားခဲ့သော မိုးစပါးစိုက်ခင်းများ ကောင်းမွန်စွာဖြစ်ထွန်းလျက်ရှိပြီး သက်မှတ်အထွက်နှုန်းများအတိုင်း ရရှိနိုင်မည်ဖြစ်ကြောင်း တွေ့ရှိရသည်။
သို့ပါ၍ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ခဲ့သောမိုးစပါး စိုက်ခင်းများတွင် စိုက်ပျိုးရေးဦးစီးဌာနက သတ်မှတ်ထားသော သွင်းအားစုနှုန်းထားများအတိုင်း ထည့်သွင်းကုစားခြင်းဖြင့် မျှော်မှန်းထားသော အထွက်နှုန်းများအတိုင်း ရရှိနိုင်မည်ဖြစ်၍ ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးထိခိုက်ခဲ့သော တောင်သူများအနေဖြင့် စနစ်တကျလိုက်နာ ဆောင်ရွက်ကြပါရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တိုက်တွန်းထားရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
သတင်းစာများ - ၃၂၁၀ ခု

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 27, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ June 26, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။
