ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများဖျက်ဆီး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 05, 2026
နေပြည်တော် မတ် ၄
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ မတ် ၃ ရက်က သီးပွင့်ဆဲဘိန်းစိုက်ခင်း ၆၈ ဧကခန့်အား ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၃ ရက် နံနက် ၇ နာရီ မိနစ် ၄၀ မှ ညနေ ၄ နာရီအထိ လွိုင်လင်ခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က လွိုင်လင်မြို့နယ် တန့်အယ်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ၃၈ ဧက ခန့်အားလည်းကောင်း။
ယင်းနေ့ နံနက် ၈ နာရီ ၄၅ မိနစ်မှ ၁၁ နာရီခွဲအထိ ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ် လိုက်ကတူးကျေးရွာအနီး တစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ငါးဧကခန့်အားလည်းကောင်း။
ထို့နေ့ နံနက် ၈ နာရီ မိနစ် ၅၀ မှ မွန်းလွဲ ၃ နာရီခွဲအထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာအနီး တစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ကိုးဧကခန့်အားလည်းကောင်း။
အလားတူ နံနက် ၈ နာရီ မိနစ် ၅၀ မှ ညနေ ၄ နာရီခွဲအထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ် ပန်လိုင်းကျေးရွာ အနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ကိုးဧကခန့်အားလည်းကောင်း။
ထို့အတူ နံနက် ၉ နာရီ မိနစ် ၄၀ မှ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ အထိ နမ့်စန်မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့က နမ့်စန်မြို့နယ် နားမိုး ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲဘိန်းစိုက်ခင်း ခုနစ်ဧကခန့်အားလည်းကောင်း အသီးသီးဖျက်ဆီး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၆၀ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
