ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / February 27, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
ထိုသို့ အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၄ ရက် ည ၇ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကျိုင်းတုံမြို့မဈေးအတွင်းရှိ “ရှိုးမင်း” အပ်ချုပ်ဆိုင်ရှေ့၌ ဖဲရိုက် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ၎င်းဆိုင်အရှေ့၌ အဆိုပါ ရပ်ကွက်နေသူများဖြစ်ကြသည့် ဦးဝင်းညွန့်(ခ)ကိုလွင်(၅၈)နှစ်၊ ကိုဇော်နိုင်လင်း(၂၃)နှစ်၊ ဦးတင်အောင်ထွန်း (၅၁)နှစ်၊ ဦးသန်းကျော်ဦး(၅၂)နှစ်နှင့် ဦးအောင်ခိုင်(၅၆)နှစ်တို့အား ဖဲရိုက် လောင်းကစားပြုလုပ် နေသည်ကို တွေ့ရှိရပြီး ၎င်းတို့ထံမှ ဖဲရိုက်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ သိမ်းဆည်းရမိခဲ့သဖြင့် ဝင်းညွန့်(ခ)ကိုလွင်ပါ ငါးဦးအား ကျိုင်းတုံမြို့မရဲစခန်း (ပ)၂၈/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က) ဖြင့် လည်းကောင်း။
အလားတူ ဖေဖော်ဝါရီ ၂၅ ရက်က မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ သိမ်ကုန်း ရပ်ကွက်နေ ဒေါ်စန္ဒာ(၄၀)နှစ်၏နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ကမာဝက်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်အတွင်းမှ နှစ်လုံး/ သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်စန္ဒာ အား ကမာဝက်နယ်မြေရဲစခန်း (ပ)၆/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့် လည်းကောင်း။
အလားတူ ညနေ ၅ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်၊ ထောင်မှူးကျေးရွာနေ ဦးသိန်းဇော်ထွန်း(ခ)မင်းမင်း(၄၀)နှစ်၏နေအိမ်၌ လောင်းကစားပြုလုပ် နေကြောင်း သတင်းအရ သုဓမ္မဝတီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်အတွင်းမှ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် သိန်းဇော်ထွန်း(ခ) မင်းမင်း အား သုဓမ္မဝတီနယ်မြေရဲစခန်း (ပ)၇/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) ဖြင့် လည်းကောင်း။
အလားတူ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ဈေးချိုတောင်ရပ်ကွက်နေ ဒေါ်ဝင်းဝင်းသူ(၃၆)နှစ်၏နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် ရှာဖွေခဲ့ရာ ၎င်းအား နေအိမ်အတွင်းမှ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်ဝင်းဝင်းသူ အား ကြို့ပင်ကောက်မြို့မရဲစခန်း (ပ)၃၁/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့် လည်းကောင်း။
အလားတူ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ဧကရာဇ်ကျေးရွာနေ ဦးအောင်အောင် (၄၀)နှစ်၏ နေအိမ်ခြံဝင်းအတွင်း၌ ကြက်တိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ ဝေါမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ၎င်းနေအိမ်ခြံဝင်း အနောက်ဘက်၌ အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးပြည့်ဖြိုးအောင်(၃၀)နှစ်၊ ဦးအောင်ကိုလတ် (၃၅)နှစ်၊ ဦးအာကာမင်း(၃၆)နှစ်၊ ဦးစိုးသူအောင်(၃၇)နှစ်၊ ဦးဝင်းဇော်(၅၅)နှစ်၊ ဦးအေးဝင်း(၇၃)နှစ်၊ ဦးတင်ညွန့်(၆၄)နှစ်၊ ဦးသန်းဦး(၄၈)နှစ်၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ရွှေမင်းဂံရပ်ကွက်နေ ဦးကျော်နိုင် (၄၈)နှစ်နှင့် ပဲခူးမြို့နယ်၊ ပေါက်တောကျေးရွာနေ ဦးအောင်မော်(၅၁)နှစ်တို့အား ကြက်တိုက် လောင်းကစား ပြုလုပ်နေသည်ကို စစ်ဆေးတွေ့ရှိရပြီး ၎င်းတို့ထံမှ တိုက်ကြက်ဖ လေးကောင်နှင့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများ၊ အဆိုပါခြံဝင်းအတွင်း ရပ်တန့်ထားသည့် ဆိုင်ကယ် ၂၇ စီး တို့နှင့်အတူ သိမ်းဆည်းဖမ်းဆီးရမိခဲ့သဖြင့် ပြည့်ဖြိုးအောင်ပါ ၁၀ ဦးအား ဝေါမြို့မရဲစခန်း (ပ)၃၃/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က) ဖြင့် လည်းကောင်း။
ထို့အတူ ညနေ ၄ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် မုန့်လုပ်ဆောင်းကုန်း(မြောက်) ရပ်ကွက်၊ ရန်ကြီးအောင်လမ်းပေါ်အရောက်၌ အဆိုပါရပ်ကွက်နေ ဦးအောင်အောင်(ခ)အောင်ဖြိုးဝေ (၄၃)နှစ်အား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းထံမှ နှစ်လုံးထီ လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီရမိခဲ့သဖြင့် အောင်အောင်(ခ)အောင်ဖြိုးဝေ အား စမ်းချောင်းမြို့မရဲစခန်း (ပ)၁၀၆/၂၀၂၆၊ လောင်းကစားဥပဒေ ပုဒ်မ ၁၈(က) ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
သတင်းစာများ - ၃၄၅၄ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
