ရှမ်းပြည်နယ်၊ လွိုင်လင်မြို့၌ ငွေကျပ် သိန်း ၁,၂၁၁ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
ရှမ်းပြည်နယ်၊ လွိုင်လင်မြို့၌ ငွေကျပ် သိန်း ၁,၂၁၁ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 23, 2025
၂၀၂၅ ခုနှစ်၊ မေ ၂၀ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့၊ ရပ်ကွက်(၂)၊ လွိုင်လင်- တောင်ကြီးသွား ကားလမ်း၌ လွိုင်လင်မှ တောင်ကြီးသို့ စိုင်းကျော်လွင်ဦး မောင်းနှင်ပြီး နန်းယုမ့်ခမ်း လိုက်ပါလာသော SHN-18/7N-XXXX TOYOTA CROWN အမျိုးအစား အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ပြောင်းဆေးဝါးများ ဖြစ်သည့် Happy Water ၁ ဒသမ ၁ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁,၁၀၀ နှုန်းဖြင့် ၎င်းဒေသ ကာလတန်ဖိုး ငွေကျပ် သိန်း ၁,၂၁၀)နှင့် ကက်တမင်း ၀ ဒသမ ၀၁ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၁ သိန်း)တို့ကို ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် စိတ်ပြောင်းဆေးဝါးများ လက်ခံမည့်သူ စွမ်းထက်အား တောင်ကြီးမြို့၊ အရှေ့မြို့ပတ်လမ်းတွင် ဖမ်းဆီးရမိသဖြင့် စိုင်းကျော်လွင်ဦး(၂၇)နှစ်၊ နန်းယုမ့်ခမ်း(၁၉)နှစ်နှင့် စွမ်းထက်(၂၆)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
သတင်းစာများ - ၃၁၈၀ ခု

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 29, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။
