ရှမ်းပြည်နယ်၊ သီပေါမြို့နယ်အတွင်း SSPP/SSA အဖွဲ့မှ ပါဝင်လုပ်ဆောင်လျက်ရှိသည့် မူးယစ် ဆေးဝါးထုတ်လုပ်ရောင်းချမှုနှင့် တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေမှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရှင်းလင်းနိုင်ခဲ့မှုအပေါ် ပြည်ဖျက်မီဒီယာများက လူမှု ကွန်ရက်စာမျက်နှာပေါ်တွင် သတင်းရေးသား၍ ဖုံးကွယ်ဝါဒဖြန့်မှုများ လုပ်ဆောင်
ရှမ်းပြည်နယ်၊ သီပေါမြို့နယ်အတွင်း SSPP/SSA အဖွဲ့မှ ပါဝင်လုပ်ဆောင်လျက်ရှိသည့် မူးယစ် ဆေးဝါးထုတ်လုပ်ရောင်းချမှုနှင့် တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေမှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရှင်းလင်းနိုင်ခဲ့မှုအပေါ် ပြည်ဖျက်မီဒီယာများက လူမှု ကွန်ရက်စာမျက်နှာပေါ်တွင် သတင်းရေးသား၍ ဖုံးကွယ်ဝါဒဖြန့်မှုများ လုပ်ဆောင်
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / January 30, 2026
ရှမ်းပြည်နယ်၊ သီပေါမြို့နယ်အတွင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်မှစတင်၍ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းများက တရားမဝင်မူးယစ်ဆေးဝါး ချက်လုပ်နေသည့် နေရာများ၊ တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေသည့် နေရာများကို နယ်မြေရှင်းလင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ဇန်နဝါရီ ၁၁ ရက်တွင် “Hlaing Info” Telegram အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် “နယ်မြေခံတပ်မှူးအချို့ ကျားဖြန့်လုပ်ငန်း တွေနဲ့ ပတ် သက်တယ်ဆိုတဲ့ကိစ္စ စိစစ်ဆဲပဲဟု SSPP ပြော” ခေါင်းစဉ်ဖြင့် သတင်းရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါ ဖော်ပြလာမှုနှင့်ပတ်သက်၍ စိစစ်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်မှစတင်၍ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ပူးပေါင်းစစ်ကြောင်းများက ရှမ်းပြည် နယ်၊ သီပေါမြို့နယ်အတွင်း တရားမဝင်မူးယစ်ဆေးဝါး ချက်လုပ်နေသည့် နေရာများ၊ တရားမဝင် Online ငွေကြေးလိမ်လည်မှု လုပ်ငန်းလုပ်ကိုင်နေသည့် နေရာများကို နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ SSPP/SSA အဖွဲ့ ထိန်းချုပ် ထားသည့် နယ်မြေအတွင်းရှိ သီပေါမြို့နယ်၊ နားဖွယ်ကျေးရွာအနီးနှင့် ကောင်းဟတ်ကျေးရွာ အနီးတို့ ၌ ၎င်းလက်နက်ကိုင်အဖွဲ့မှ အခကြေးငွေများ ရယူ၍ နေရာအသုံးပြုခွင့်ပေးခြင်း၊ အကာအကွယ်ပေးခြင်း၊ မူးယစ်ဆေးဝါးများ ဖြန့်ချိနိုင်ရေးအတွက် ဒေသအတွင်း ဖြတ်သန်း သွားလာနိုင်ရေး လုံခြုံရေးဆောင်ရွက်ပေးခြင်းတို့အား ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ၎င်းမူးယစ် ဆေးဝါးချက်လုပ်သည့်နေရာများ၊ တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေသည့် နေရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရှင်းလင်းဖမ်းဆီးခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရှင်းလင်းဆောင်ရွက်နိုင်ခဲ့မှုအပေါ် SSPP/SSA အဖွဲ့မှ ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း မူးယစ်ဆေးဝါး ထုတ် လုပ်ရောင်းချမှုများနှင့် တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေမှုများ၌ ပါဝင်ပတ်သက်နေမှုအား ဖုံးကွယ်လိုသည့်အနေဖြင့် ပြည်သူလူထုအား အထင်မြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာ မှတစ်ဆင့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် သတင်းလုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။
သတင်းစာများ - ၃၄၂၆ ခု
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 30, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဇန်နဝါရီ ၂၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 29, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
