ရှမ်းပြည်နယ်(တောင်ပိုင်း)၌ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ စီမံဆောင်ရွက်ပေးရန် ကွင်းဆင်းဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 02, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် ရွှေညောင်မြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန၏ နမ့်လတ်ဥယျာဉ်ခြံသို့ သွားရောက်ပြီး ဒေသ၏စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး၊ စိုက်ပျိုးနည်းပညာ ပြန့်ပွား ရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဌာနခြံမှ ထုတ်လုပ်ပေးလိုက်သည့် သီးနှံပျိုးပင် များ၊ မျိုးများ၏ သက်တမ်းအလိုက်ရာသီအလိုက် အသီးထွက်ရှိမှုနှင့် စားသုံးမှုအရည်အသွေးအပေါ် နည်းပညာအရ အာမခံချက်ပေးနိုင်ရေး အလေးထားဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စတင်စိုက်ပျိုးသည်မှ သီးနှံစတင်ဆွတ်ခူးနိုင်သည်အထိ ပြုစုရမည့်နည်းပညာများ၊ စီးပွားဖြစ်ဆွတ်ခူးထုတ်လုပ်သည်မှ ကာလအလိုက်အကျိုးအမြတ်ဖြစ်ထွန်းနိုင်မှု၊ အရင်းကျေကာလနှင့် စီးပွားဖြစ်ထုတ်လုပ်မှုသက်တမ်းအား တောင်သူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ မေးမြန်းဆွေးနွေးမှုအပေါ် စနစ်တကျ ရှင်းလင်းတင်ပြနိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နမ့်လတ်ဥယျာဉ်ခြံအတွင်း စိုက်ပျိုးထားသော သီးနှံပင်များကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

ထိုမှတစ်ဆင့် ရပ်စောက်မြို့နယ် မကျီးကုန်းကျေးရွာအုပ်စုကြာအင်းကျေးရွာရှိ Unique Lawksawk Mango Public Co., Ltd. ၏ သရက်သီးသန့်စင်ထုပ်ပိုး ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးရာ ကုမ္ပဏီ၏ ဒါရိုက်တာနှင့် မြို့နယ်သရက်သီးအသင်းဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်နေမှုနှင့်ဒေသတွင်း တောင်သူများအားလုံးညီညွတ်စွာ ပါဝင်ဆောင်ရွက်မှု၊ လုပ်ငန်းဆိုင်ရာဖြည့်ဆည်းပေးရန်အချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၊ သရက်သီးစိုက် တောင်သူများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ သရက်သီးအပြင် အခြားဈေးကွက်ဝင် သီးနှံများကိုပါ အဆင့်မီထုပ်ပိုးဈေးကွက်တိုးချဲ့ရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးကာ စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၃၉၈ ခု

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 01, 2026

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 31, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 27, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 25, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download