ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးမြို့နယ် မိုင်းရှူး-မိုင်းစံဒေသ သံလွင်မြစ်အနီး၌ တရားမဝင် တရုတ်နိုင်ငံသား ၁၈ ဦးဖမ်းဆီးရမိမှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်သည့် လုပ်ငန်းသုံးပစ္စည်းများနှင့်အဆောက်အအုံများ သိမ်းဆည်းရမိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 17, 2026
image_latest


နေပြည်တော် မေ ၁၆

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းလုပ်ကိုင်မှုများကို ထိရောက်စွာဖော်ထုတ်အရေးယူဆောင်ရွက်နေသည့်အပြင် နိုင်ငံတကာနှင့်ပူးပေါင်း၍လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ပြတ်ပြတ်သားသား ကိုင်တွယ်အရေးယူ ဆောင်ရွက်လျက်ရှိရာ မေ ၁၅ ရက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးမြို့နယ် လွယ်ဆောင်ထောက်ကျေးရွာဝန်းကျင် သံလွင်မြစ်အနီး၌ တရားမဝင် တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မိုင်းရှူးမြို့နယ် ဟိုပုံကျေးရွာအနီး သံလွင်မြစ်အနောက်ဘက် ကမ်းဘေး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်သည့် လုပ်ငန်းသုံးပစ္စည်းများ၊ အဆောက်အအုံများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်အတွင်းရှိ မိုင်းရှူး-မိုင်းစံဒေသ၊ သံလွင်မြစ်အနောက်ဘက်ကမ်းတစ်လျှောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်မှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးမှုများဆောင်ရွက်ရာ မေ ၁၅ ရက် နံနက် ၉ နာရီခွဲခန့်တွင် မိုင်းရှူးမြို့၏ အရှေ့တောင်ဘက် ၂၆ ကီလို မီတာခန့်အကွာ၊ လွယ်ဆောင်ထောက်ကျေးရွာ၏ အရှေ့တောင် ဘက် ၁၁ ကီလိုမီတာခန့် သံလွင်မြစ်အနီး၌ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား အမျိုးသား ၁၈ ဦးအား ဖမ်းဆီးရမိခဲ့သည်။

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့တစ်ဖွဲ့သည် သံလွင်မြစ်ကမ်းတစ် လျှောက်၌ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီခန့်တွင် မိုင်းစံမြို့၏ အရှေ့ဘက် ၂၆ ကီလိုမီတာခန့်အကွာ၊ ဟိုပုံရွာ၏ အရှေ့ဘက် ၉ ကီလိုမီတာခန့်အကွာ သံလွင်မြစ်အနောက်ဘက်ကမ်းဘေး၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖျက်ဆီးထားသော အလျား ပေ ၁၀၀၊ အနံ ပေ ၃၀ ရှိ အိပ်စင်ပါ လူနေဆောင် နှစ်လုံး၊ အလျား ပေ ၁၀၀၊ အနံ ပေ ၃၀ ရှိ လုပ်ငန်းသုံးတဲတစ်လုံး၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ ဝါးတဲ ၃၀၊ အလျား ၁၀ ပေ၊ အနံ ၁၀ ပေရှိ စားချက်ဆောင်တစ်လုံးတို့အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူနိုင်ရေး လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကိုလည်း စိစစ်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်း လိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့ဒေသအတွင်း အွန်လိုင်း လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများအပါအဝင် အခြားဒုစရိုက်လုပ်ငန်း များမရှိစေရေး ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း၊ အရေးယူဆောင်ရွက်ခြင်းများကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များက တင်းတင်း ကျပ်ကျပ် စိစစ်ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ပြည်သူများအနေဖြင့်လည်း မိမိတို့ပတ်ဝန်းကျင်တွင် အဆိုပါ ဒုစရိုက်လုပ်ငန်းများ လုပ်ဆောင်နေသည့် သတင်းများရရှိပါက အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်းဖြင့် နိုင်ငံ့ကောင်းကျိုးသယ်ပိုးကြရန်လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

သတင်းစဉ်

သတင်းစာများ - ၃၅၂၈ ခု

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 14, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 13, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 12, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download