ရှေ့နေရှေ့ရပ်များအတွက် AML/CFT ဆိုင်ရာ အသိပညာပေးသင်တန်း (၁/၂၀၂၅) ကျင်းပ
ရှေ့နေရှေ့ရပ်များအတွက် AML/CFT ဆိုင်ရာ အသိပညာပေးသင်တန်း (၁/၂၀၂၅) ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 08, 2025

နေပြည်တော် ဇူလိုင် ၇
ရှေ့နေရှေ့ရပ်များအတွက် AML/ CFT ဆိုင်ရာ အသိပညာပေးသင်တန်းကို ယမန်နေ့နံနက်ပိုင်းတွင် ဇေယျာသီရိခရိုင်တရားရုံး၌ In Person / Virtual စနစ်ဖြင့် ကျင်းပသည်။
သင်တန်းတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/ CFT) ဆိုင်ရာ ရှေ့နေရှေ့ရပ်များ၏ အခန်းကဏ္ဍကို ပို့ချဆွေးနွေးပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်လျက်ရှိသော AML/ CFT ဆိုင်ရာဆောင်ရွက်ချက်များ၊ သတင်းပို့အဖွဲ့အစည်းများ၏ သတင်းပေးပို့ရန်တာဝန်ရှိမှုများကို တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်၊၊
အသိပညာပေးသင်တန်းသို့ (၁၄)ကြိမ်မြောက် In Person/ Virtual ဖြင့် ပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြု လက်မှတ်လက်ခံရယူမည့် အထက်တန်းရှေ့နေ ၅၀ တို့က In Person ဖြင့် လည်းကောင်း၊ ၁၆၄ ဦးတို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်လည်းကောင်း တက်ရောက်ကြသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် AML/ CFT ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄-၂၀၂၈)ကို နှစ်စဉ်လုပ်ငန်းအစီအစဉ်ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှေ့နေရှေ့ရပ်များအတွက် AML/ CFT အသိပညာမြှင့်တင်ရန်ရည်ရွယ်၍ ယခုသင်တန်းကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၂၄၀ ခု

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 31, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 25, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 24, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။
