လက်တွေ့လေ့ကျင့်လေ့လာ မီးငြှိမ်းသတ်ခြင်းအတတ်ပညာ
လက်တွေ့လေ့ကျင့်လေ့လာ မီးငြှိမ်းသတ်ခြင်းအတတ်ပညာ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 29, 2026
မီးလောင်ကျွမ်းခြင်းဆိုသည်မှာ အပူနှင့်အလင်းတို့ ထွက်ပေါ်လာသည့် ဓာတုဓာတ်ပြုမှုဖြစ်စဉ်ဟု ဆိုသည်။ ထိုအပူနှင့် အလင်းတို့ကိုပင် လူတို့၏နေ့စဉ်ဘဝများ၌ မရှိမဖြစ် အသုံးပြုနေကြရသည်။ လူ့သမိုင်းတွင် လူတို့မီးကိုအသုံးပြုတတ်လာသည့်အချိန်မှစ၍ ယဉ်ကျေးမှုအဆင့်အတန်းတစ်ရပ်ဆီသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ မီးသည် လူတို့အတွက် မရှိမဖြစ်သည့် မိတ်ဆွေဟု ဆိုရမည်ဖြစ်သော်လည်း မီးကိုရန်သူမျိုး တစ်မျိုးအဖြစ် ထည့်သွင်းသတ်မှတ်ထားကြပြန်သည်။
မီးလောင်ခြင်းကြောင့်ဖြစ်ပေါ်လာရသည့် မီးဘေးအန္တရာယ်သည် လူတစ်ဦးတစ်ယောက်၊ မိသားစုတစ်စုမှသည် လူပေါင်းများစွာ၊ မိသားစုပေါင်းများစွာအထိ မီးလောင်ကျွမ်းမှုပမာဏ ပေါ်လိုက်၍ ကြီးမားကျယ်ပြန့်နိုင်သည်။ မီးဘေးအန္တရာယ်သည် အများအားဖြင့် လူတို့၏ ပြုမူမှု၊ ပေါ့ဆမှု စသည်တို့ကြောင့်ဖြစ်ပြီး သဘာဝအလျောက်လည်း ဖြစ်နိုင်သည်။ မည်သည့် အကြောင်းရင်းခံကြောင့် ဖြစ်စေကာမူ မီးလောင်မှုဖြစ်ပေါ်ပါက ပုဂ္ဂလိကပိုင်၊ နိုင်ငံပိုင် ငွေကြေးအရင်းအမြစ်၊ ပစ္စည်းအရင်းအမြစ်၊ လူသားအရင်းအမြစ် စသည်တို့ ပျက်စီးဆုံးရှုံးရသည်။ မီးလောင်ကျွမ်းပြီးသည့်နောက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကိုပါ ဆောင်ရွက်ရ ခြင်းဖြစ်ရာ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေသည်။ သို့ဖြစ်ရာ မီးဘေးအန္တရာယ်သည် ကြိုတင်ကာကွယ်နိုင်သည့် ဘေးအန္တရာယ်မျိုးဖြစ်သည့်အလျောက် မီးလောင်မှုမဖြစ်မီက ကြိုတင်ကာကွယ် တားဆီးကြခြင်းအားဖြင့် ပျက်စီးဆုံးရှုံးမှုများမဖြစ်အောင် ရှောင်ရှား နိုင်ကြမည်ဖြစ်သည်။
မီးလောင်ကျွမ်းမှုသည် လေ သို့မဟုတ် အောက်ဆီဂျင်၊ အပူနှင့် လောင်စာဟူသော အကြောင်းသုံးပါးတို့ပြည့်စုံပါက အချိန်မရွေး၊ နေရာမရွေးလောင်နိုင်သည်။ ၎င်းသုံးခုထဲမှ တစ်ခုခုကို ဖယ်ရှားလိုက်ပါက မီးလောင်ကျွမ်းမှုလည်း ရပ်ဆိုင်းသွားမည် ဖြစ်သည်။ သို့ဖြစ်ရာ မတော်တဆ မီးလောင်မှုများကို မီးတောက် ကြီးထွားမလာမီ ကြိုတင်ငြှိမ်းသတ်နိုင်ရန်အတွက် အိမ်ရှိ မီးဖိုခန်း၊ စက်ရုံ၊ အလုပ်ရုံ၊ ရုံးဌာနများ၊ မော်တော်ကားများ စသည်တို့တွင် မီးသတ်ဆေးဘူးများ ဆောင်ထားသင့်ပြီး မီးသတ်ဆေးဘူး အမျိုးမျိုးတို့ကို အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်းများကိုလည်း သင်ယူလေ့လာထားကြရမည်ဖြစ်သည်။
မီးသတ်ဆေးဘူးများသည် လောင်စာအမျိုးအစားပေါ်မူတည်၍ ရေ၊ အမြှုပ်၊ အမှုန့် (Dry Powder)၊ ကာဗွန်ဒိုင် အောက်ဆိုဒ် (Co2) နှင့် စိုစွတ်သော ဓာတုပစ္စည်း (Wet Chemical) ဟူ၍ ခွဲခြားထုတ်လုပ်ထားခြင်းဖြစ်သည်။ Class A, B, C, D, E, F ဟူ၍ မီးအမျိုးအစားအလိုက် မှန်ကန်သည့် မီးသတ်ဆေးဘူး အမျိုးအစားကို ရွေးချယ်အသုံးပြုငြှိမ်းသတ်ခြင်းဖြင့် မီးအန္တရာယ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်သည်။ ရေ (water) - အနီရောင် အမှတ်တံဆိပ် မီးသတ်ဆေးဘူးသည် သစ်သား၊ စက္ကူ၊ အဝတ် (Class A) ကဲ့သို့ အစိုင်အခဲပစ္စည်းများ မီးလောင်ရာတွင် အသုံးပြုခြင်းဖြစ်ပြီး ဆီနှင့် ဝိုင်ယာရှော့မီးလောင်မှုတို့တွင် သုံးစွဲ၍မရ။ အမြှုပ်(foam) - အဝါရောင် အမှတ်တံဆိပ်နှင့် မီးသတ်ဆေးဘူးသည် ဆီ၊ ဓာတ်ဆီ၊ အရည် (Class B) နှင့် သစ်သားမီးများအတွက် သင့်လျော်သည်။ မီးတောက်ပေါ်တွင် အမြှုပ်များဖုံး၍ မီးကိုငြိမ်းစေခြင်းဖြစ်သည်။ အမှုန့် (Dry Chemical Powder/ ABC)-အပြာရောင် အမှတ်တံဆိပ်နှင့် မီးသတ်ဆေးဘူးသည် အသုံးပြုမှုအများဆုံးဖြစ်ပြီး အစိုင်အခဲ၊ အရည်နှင့် လျှပ်စစ်မီး (Class A,B,C) များအတွက် အသုံးပြုနိုင်သည်။ ကာဗွန်ဒိုင်အောက်ဆိုဒ် (Co2)- အနက်ရောင် အမှတ်တံဆိပ်နှင့်မီးသတ်ဆေးဘူးသည် လျှပ်စစ်ပစ္စည်းများနှင့် အရည်မီးများအတွက် အကောင်းဆုံးဖြစ်ပြီး စိုစွတ်သော ဓာတုပစ္စည်း (Wet Chemical) -အဝါရောင်အမှတ်တံဆိပ်နှင့် မီးသတ်ဆေးဘူးများမှာ ဟင်းချက်ဆီ၊ အဆီ (Class F) များ လောင်ကျွမ်းသည့် မီးဖိုချောင်မီးများအတွက် အထူးထုတ်လုပ်ထားခြင်းဖြစ်သည်။ မီးသတ်ဆေးဘူးများကို မှန်ကန်စွာအသုံးပြုခြင်းဖြင့် မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားချိန်တွင် ထိထိရောက်ရောက် ငြှိမ်းသတ်နိုင်သော်လည်း မှားယွင်းအသုံးပြုမိပါက မီးတောက်ပိုကြီးလာခြင်း၊ ဓာတ်လိုက်ခြင်း စသည်တို့ဖြစ်တတ်သည်ကို သတိပြုကြရမည်ဖြစ်သည်။
မီးလောင်မှုဖြစ်ပါက နီးစပ်ရာမီးသတ်စခန်း သို့မဟုတ် အရေးပေါ်ဖုန်းနံပါတ် " ၁၉၁" သို့ အမြန်ဆုံးသတင်းပို့ရန်၊ မီးလောင်သည့် နေရာအတိအကျကို သတင်းပို့ရန်၊ မီးသတ်ယာဉ်များ ရောက်လာပါက မီးလောင်မှုနှင့် အနီးဆုံးနေရာသို့ ညွှန်ပြပေးရန်၊ မီးသတ်ယာဉ် များသွားလာနိုင်ရေးအတွက် လမ်းရှင်းကူညီပေးရန်၊ မီးမလောင်သေးသည့် မိမိနေအိမ်ရှိရာသို့ မီးသတ်ယာဉ်များကို ညွှန်ပြခြင်း၊ အတင်းအဓမ္မခြိမ်းခြောက်ခေါ်ယူခြင်း စသည်ဖြင့် အတ္တဆန်စွာ အနှောင့်အယှက်ပြုခြင်းတို့ကို ရှောင်ကြဉ်ကြရန် မီးသတ်ဦးစီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။ သို့ဖြစ်ရာ မီးငြှိမ်းသတ်ရေးအတတ်ပညာများကို လက်တွေ့လေ့လာလေ့ကျင့်ခြင်း၊ မီးလောင်မှုဖြစ်ပွားပါက ဝိုင်းဝန်းကူညီခြင်းဖြင့် မီးဘေးအန္တရာယ် ဝိုင်းဝန်းကာကွယ်ကြရပါမည့်အကြောင်း။ ။
သတင်းစာများ - ၃၄၈၄ ခု
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 29, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
