လာမည့်မိုးရာသီကာလအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးမှုနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 06, 2026
image_latest


နေပြည်တော် မေ ၅

မိုးရာသီကာလအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးမှုနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၂၇)၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းခေတ္တဥက္ကဋ္ဌတို့က Video Conferencing ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လာမည့် မိုးရာသီကာလအတွင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ စက်စွမ်းအားပြည့်လည်ပတ်နိုင်ရေး လိုအပ်သည်များကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ဓာတ်အားထုတ်လုပ်မှု (Power Generation Mix)တွင် အခြေခံဝန်အားအတွက် ရေအားလျှပ်စစ်စက်ရုံများနှင့် သဘာဝဓာတ်ငွေ့စက်ရုံများကို အသုံးပြုလျက်ရှိကြောင်း၊ လက်ရှိအခြေ အနေတွင် ရေအားလျှပ်စစ်စက်ရုံအချို့နှင့် မဟာဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရမှုကြောင့် ယခုကဲ့သို့ အပူချိန်မြင့်မားသည့်အချိန်နှင့် ရေလှောင်တမံများတွင် ရေနည်းလာသည့် အချိန်တို့တွင် သဘာဝဓာတ်ငွေ့ကို ပိုမိုအသုံးပြု ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေရခြင်း ဖြစ်ကြောင်း၊ မကြာမီ မိုးကျလာတော့မည်ဖြစ်ရာ ကောင်းမွန်လျက်ရှိနေသည့် ရေအားလျှပ်စစ် စက်ရုံများအား စွမ်းအားပြည့်လည်ပတ်၍ ဓာတ်အားထုတ်ယူရမည် ဖြစ်ကြောင်း၊ ယင်းအတွက်တမံကြီးများအား ကြိုတင်စစ်ဆေး၍ ကြံ့ခိုင်မှုကောင်းမွန်နေစေရန် စီမံဆောင်ရွက်ခြင်း၊ ရေအားလျှပ်စစ် စက်ရုံများကို ပြန်လည်စစ်ဆေး၍ လိုအပ်သည်များ ပြင်ဆင်ခြင်း၊ ချွတ်ယွင်းပျက်စီးမှုများ ဖြစ်ပေါ်လာပါက အမြန်ပြုပြင်နိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေများအလိုက် အရန်ပစ္စည်းများ စုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ရေးယာဉ်ယန္တရားများ အသင့်ပြင်ဆင်ထားခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပိုမိုထွက်ရှိလာသည့်ဓာတ်အားများ ပို့ဆောင်နိုင်ရေးအတွက် မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ကြံ့ခိုင်ရေးကိုလည်း စစ်ဆေးထားရန်လိုကြောင်း၊ ရေအားလျှပ်စစ်ကို ပိုမိုအသုံးပြုနိုင်ခြင်းဖြင့် သဘာဝဓာတ်ငွေ့အသုံးပြုမှုကို လျှော့ချနိုင်ပါက သဘာဝဓာတ်ငွေ့ကို ဓာတ်မြေဩဇာစက်ရုံများ အပါအဝင် အခြားစက်ရုံများအတွက် အသုံးပြုနိုင်သည်ဖြစ်၍ နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုတိုးတက်လာစေရေးကို အထောက်အကူပြု စေမည်ဖြစ်ကြောင်း၊ မိုးရာသီအတွင်း ရေအားလျှပ်စစ်ထုတ်လုပ် ရေးစက်ရုံများကို အကျိုးရှိရှိဖြင့် စွမ်းအားပြည့် လည်ပတ်နိုင်ရေးကြိုးစား ဆောင်ရွက်ကြရန်နှင့် အစီအမံများ ပြုလုပ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမှာစကား ပြောကြားပြီး တာဝန်ရှိသူများနှင့် ဒုတိယဝန်ကြီးတို့၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ - ၃၅၁၇ ခု

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 06, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 30, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 29, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download